လီဗာပူးနဲ့ ဘရာဇီးလူငယ်တိုက်စစ်မှူး တဲလက်စ် မက်နိုတို့ရဲ့ သတင်းတွေက လွန်ခဲ့တဲ့ လတွေတုန်းကလိုပဲ ကောလဟာလတာဖြစ်ပြီး တရားဝင်ဖြစ်လာဖို့ လမ်းစတောင် မရှိသေးတဲ့ စောင့်ကြည့် အဆင့်မှာတင် ရှိနေပါသေးတယ်။

လီဗာပူးခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ဟာ ရာသီကြို လေ့ကျင့်ရေးအဖြစ် ပြင်သစ်က Evian ကိုသွားမယ့် ခရီးစဉ်အတွက် လီဗာပူးနဲ့ ပူးပေါင်းမှု မလုပ်ခင်မှာပဲ ဆွစ်ဇလန်မှာ တစ်ဦးတည်း လေ့ကျင့်ရေး လုပ်နေပါတယ်။

ချန်ပီယံရှစ်ကလပ် နော်ဝစ်စီးတီးအသင်းက ဂျမယ်လူးဝစ် ကိစ္စမှာ တစ်ကြိမ်တည်း ကမ်းလှမ်းခဲ့တဲ့ လီဗာပူးရဲ့ လုပ်ဆောင်ချက်ကို ဒေါသထွက်နေပြီး သူတို့ကို မလေစားခြင်းလို့ ခံစားနေရကြောင်း နော်ဝစ်သတင်းထောက် Paddy Davitt က နော်ဝစ်၊ လီဗာပူးနဲ့ ဂျမယ် လူးဝစ်တို့ကိစ္စ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတဲ့ The inside story မှာ ဖော်ပြသွားပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီစ ပထမဆုံးပွဲအဖြစ် သြဂုတ်လ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ ပရိသတ် ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အင်္ဂလန်အက်ဖ်အေက ပြန်လည် ပြောင်းလဲသွားဖွယ်ရှိတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ဝတ်ဖိုဒ့်က ၎င်းတို့ရဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ဆာကို ဒီနွေမှာ ခေါ်ယူမယ့် ကလပ်တွေကနေ ပေါင် သန်း ၄၀ ထိ တောင်းဆိုသွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကို ကိုစတက် ပြောင်းရွှေ့နိုင်ခြင်းအတွက် ဂရိဘောလုံးအသိုင်းအဝိုင်းအတွက် တုန်လှုပ်စရာ သတင်းကြီး ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဂရိကစားသမားတွေ လာရောက်ကစားဖူးပေမယ့် ဆုဖလားတွေ စိန်ခေါ်နိုင်မယ့် အသင်းကြီးထက် အသင်းငယ်တွေအတွက်ပဲ အဓိက ကစားခဲ့ကြတာပါ။

ပရီးမီးယားလိဂ် ကလပ်တွေက ရုပ်သံကုမ္ပဏီတွေကို ငွေကြေး ပြန်သွင်းရခြင်း ကိစ္စအား ရွှေ့ဆိုင်းလိုက်ဖို့ သဘောတူညီခဲ့ကြပြီဖြစ်လို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် လီဗာပူးအသင်းဟာ စံချိန်တင် ဆုကြေးအဖြစ် ပေါင် ၁၇၅ သန်း ကို ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။

ဘိုင်ယန်ကွင်းလယ်လူ အယ်ကန်တာရာ လီဗာပူးကို ပြောင်းလိုနေတဲ့ သတင်းက မှန်ပါကြောင်း စကိုင်းစပေါ့ သတင်းထောက် Kaveh Solhekol က အတည်ပြုသွားပါတယ်။ ဒါပေမယ့် ဘိုင်ယန်က ပေါင် သန်း ၃၀ ထိ တောင်းဆိုလိုတာကြောင့် လီဗာပူးက ကမ်းလှမ်းမှု လုပ်ဖို့ စိတ်မဝင်စားသေးပါဘူး။

ဝိုက်နယ်ဒမ်ရဲ့ ကိုယ်စားလှယ်က စာချုပ်သစ်အတွက် လီဗာပူးဘက်က တံခါးဖွင့်လာမှာကို စောင့်နေတယ်။ ဝိုက်နယ်ဒမ်ရဲ့ စာချပ်က နောက်ဆုံး ၁၂ လထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဝိုက်နယ်ဒမ်ကတော့ လီဗာပူးအတွက်ပဲ ဆက်လက် ကစားလိုနေပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ဘရာဇီးလူငယ္တိုက္စစ္မွဴး တဲလက္စ္ မက္ႏိုတို႔ရဲ႔ သတင္းေတြက လြန္ခဲ့တဲ့ လေတြတုန္းကလိုပဲ ေကာလဟာလတာျဖစ္ျပီး တရားဝင္ျဖစ္လာဖို႔ လမ္းစေတာင္ မရွိေသးတဲ့ ေစာင့္ၾကည့္ အဆင့္မွာတင္ ရွိေနပါေသးတယ္။

လီဗာပူးခံစစ္မွဴး ဗာဂ်ယ္ ဗန္ဒိုက္ဟာ ရာသီၾကိဳ ေလ့က်င့္ေရးအျဖစ္ ျပင္သစ္က Evian ကိုသြားမယ့္ ခရီးစဥ္အတြက္ လီဗာပူးနဲ႔ ပူးေပါင္းမႈ မလုပ္ခင္မွာပဲ ဆြစ္ဇလန္မွာ တစ္ဦးတည္း ေလ့က်င့္ေရး လုပ္ေနပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ေနာ္ဝစ္စီးတီးအသင္းက ဂ်မယ္လူးဝစ္ ကိစၥမွာ တစ္ၾကိမ္တည္း ကမ္းလွမ္းခဲ့တဲ့ လီဗာပူးရဲ႕ လုပ္ေဆာင္ခ်က္ကို ေဒါသထြက္ေနျပီး သူတို႔ကို မေလစားျခင္းလို႔ ခံစားေနရေၾကာင္း ေနာ္ဝစ္သတင္းေထာက္ Paddy Davitt က ေနာ္ဝစ္၊ လီဗာပူးနဲ႔ ဂ်မယ္ လူးဝစ္တို႔ကိစၥ ဘယ္လိုျဖစ္ခဲ့သလဲ ဆိုတဲ့ The inside story မွာ ေဖာ္ျပသြားပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီစ ပထမဆံုးပြဲအျဖစ္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ ကြန္ျမဴနတီဒိုင္း ျပိဳင္ပြဲမွာ ပရိသတ္ ဝင္ခြင့္ျပဳဖို႔ ဆံုးျဖတ္ထားတဲ့ ဆံုးျဖတ္ခ်က္ကို အဂၤလန္အက္ဖ္ေအက ျပန္လည္ ေျပာင္းလဲသြားဖြယ္ရွိတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

ဝတ္ဖိုဒ့္က ၄င္းတို႔ရဲ႕ ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူထားတဲ့ ဆာကို ဒီေႏြမွာ ေခၚယူမယ့္ ကလပ္ေတြကေန ေပါင္ သန္း ၄၀ ထိ ေတာင္းဆိုသြားေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းကို ကိုစတက္ ေျပာင္းေရႊ႔ႏုိင္ျခင္းအတြက္ ဂရိေဘာလံုးအသိုင္းအဝိုင္းအတြက္ တုန္လႈပ္စရာ သတင္းၾကီး ျဖစ္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ ဂရိကစားသမားေတြ လာေရာက္ကစားဖူးေပမယ့္ ဆုဖလားေတြ စိန္ေခၚႏုိင္မယ့္ အသင္းၾကီးထက္ အသင္းငယ္ေတြအတြက္ပဲ အဓိက ကစားခဲ့ၾကတာပါ။

ပရီးမီးယားလိဂ္ ကလပ္ေတြက ရုပ္သံကုမၸဏီေတြကို ေငြေၾကး ျပန္သြြင္းရျခင္း ကိစၥအား ေရႊ႔ဆိုင္းလိုက္ဖို႔ သေဘာတူညီခဲ့ၾကျပီျဖစ္လို႔ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ လီဗာပူးအသင္းဟာ စံခ်ိန္တင္ ဆုေၾကးအျဖစ္ ေပါင္ ၁၇၅ သန္း ကို ပိုင္ဆိုင္သြားမွာျဖစ္ပါတယ္။

ဘိုင္ယန္ကြင္းလယ္လူ အယ္ကန္တာရာ လီဗာပူးကို ေျပာင္းလိုေနတဲ့ သတင္းက မွန္ပါေၾကာင္း စကိုင္းစေပါ့ သတင္းေထာက္ Kaveh Solhekol က အတည္ျပဳသြားပါတယ္။ ဒါေပမယ့္ ဘိုင္ယန္က ေပါင္ သန္း ၃၀ ထိ ေတာင္းဆိုလိုတာေၾကာင့္ လီဗာပူးက ကမ္းလွမ္းမႈ လုပ္ဖို႔ စိတ္မဝင္စားေသးပါဘူး။

ဝိုက္နယ္ဒမ္ရဲ႕ ကိုယ္စားလွယ္က စာခ်ဳပ္သစ္အတြက္ လီဗာပူးဘက္က တံခါးဖြင့္လာမွာကို ေစာင့္ေနတယ္။ ဝိုက္နယ္ဒမ္ရဲ႕ စာခ်ပ္က ေနာက္ဆံုး ၁၂ လထဲကို ဝင္ေရာက္ေနျပီျဖစ္ပါတယ္။ ဝိုက္နယ္ဒမ္ကေတာ့ လီဗာပူးအတြက္ပဲ ဆက္လက္ ကစားလိုေနပါတယ္။