ဘရိုက်တန်မန်နေဂျာက ဘမ်ဝိုက်ကို နွေမှာ ရောင်းထုတ်မှာ မဟုတ်ဘဲ ရာသီကြိုမှာ အသင်းနဲ့ ပူးပေါင်းစေမှာဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါပြီ။

အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးကို အပြီးသတ် ခေါ်ယူဖို့ လိဒ်ယူနိုက်တက်က ကမ်းလှမ်းမှု ၂ ကြိမ် လုပ်ထားခဲ့တယ်။ ဒါ့အပြင် လီဗာပူးနဲ့ ချယ်ဆီးတို့ကလည်း သူ့ကို စိတ်ဝင်စားနေတာဖြစ်တယ်။ ဘရိုက်တန် နောက်ဆုံးအကြိမ် ငြင်းဆန်ခဲ့တုန်းက ပြောင်းရွှေ့ကြေးဟာ ပေါင် ၂၂ သန်းဝန်းကျင်ဖြစ်ပြီး တတိယအကြိမ် ကမ်းလှမ်းတဲ့ အသင်းတွေက ပေါင် သန်း ၃၀ ဝန်းကျင်ကို ကမ်းလှမ်းရမှာ ဖြစ်ပါတယ်။

ဘရိုက်တန်မန်နေဂျာ ဂရေဟမ် ပေါ်တာက ‘ သူက ကျနေ်ာတို့နဲ့ စာချုပ်ရှိနေပြီး လိဒ်ထံကို အငှားချခဲ့တာပါ။ သူက ကျနေ်ာတို့ ကစားသမားပါ။ လိဒ်မှာ အရမ်းကောင်းတဲ့ ဘောလုံးရာသီကိုလည်း ပိုင်ဆိုင်ခဲ့တယ်။ အားလုံး အနိုင်ရတာပါပဲ။ သူက အတွေ့အကြုံရခဲ့ပြီး လိဒ်က သူတို့ ပန်းတိုင် အတိုင်းပဲ တန်းတက်လာခဲ့တယ်။

ဘမ်ကို ကျနေ်ာတို့ အများကြီး မျှော်လင့်ထားတယ်။ သူ့ရဲ့ ကစားသမားဘဝကို လူငယ်ဘဝ အစမှာတည်းက ကျနော် လိုက်လံ လေ့လာထားတယ်။ သူ့ကို ကျနေ်ာတို့ အရမ်း သဘောကျပါတယ်။ သူက ကစားသမားကောင်းဖြစ်သလို ကျနေ်ာတို့ရဲ့ ကစားသမားဖြစ်နေတာအတွက် ကျေးဇူးတင်ရတယ်။

ရာသီကြိုမှာ သူ့ကို အသင်းနဲ့ ပူးပေါင်းစေမှာဖြစ်ပြီး ကျနေ်ာတို့ အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်စေမှာပါ။ ကစားသမားတွေ အားလုံး အသင်းထံ ပြန်လာရင် သူက အခြားသူတွေလိုပဲ ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်သွားရမှာ ဖြစ်ပါတယ် ’ လို့ ဆိုခဲ့ပါတယ်။

ZAWGYI

ဘရိုက္တန္မန္ေနဂ်ာက ဘမ္ဝိုက္ကို ေႏြမွာ ေရာင္းထုတ္မွာ မဟုတ္ဘဲ ရာသီၾကိဳမွာ အသင္းနဲ႔ ပူးေပါင္းေစမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါျပီ။

အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္မွဴးကို အျပီးသတ္ ေခၚယူဖို႔ လိဒ္ယူႏုိက္တက္က ကမ္းလွမ္းမႈ ၂ ၾကိမ္ လုပ္ထားခဲ့တယ္။ ဒါ့အျပင္ လီဗာပူးနဲ႔ ခ်ယ္ဆီးတို႔ကလည္း သူ႔ကို စိတ္ဝင္စားေနတာျဖစ္တယ္။ ဘရိုက္တန္ ေနာက္ဆံုးအၾကိမ္ ျငင္းဆန္ခဲ့တုန္းက ေျပာင္းေရႊ႔ေၾကးဟာ ေပါင္ ၂၂ သန္းဝန္းက်င္ျဖစ္ျပီး တတိယအၾကိမ္ ကမ္းလွမ္းတဲ့ အသင္းေတြက ေပါင္ သန္း ၃၀ ဝန္းက်င္ကို ကမ္းလွမ္းရမွာ ျဖစ္ပါတယ္။

ဘရိုက္တန္မန္ေနဂ်ာ ဂေရဟမ္ ေပၚတာက ‘ သူက က်ေန္ာတို႔နဲ႔ စာခ်ဳပ္ရွိေနျပီး လိဒ္ထံကို အငွားခ်ခဲ့တာပါ။ သူက က်ေန္ာတုိ႔ ကစားသမားပါ။ လိဒ္မွာ အရမ္းေကာင္းတဲ့ ေဘာလံုးရာသီကိုလည္း ပိုင္ဆုိင္ခဲ့တယ္။ အားလံုး အႏုိင္ရတာပါပဲ။ သူက အေတြ႔အၾကံဳရခဲ့ျပီး လိဒ္က သူတို႔ ပန္းတိုင္ အတိုင္းပဲ တန္းတက္လာခဲ့တယ္။

ဘမ္ကို က်ေန္ာတို႔ အမ်ားၾကီး ေမွ်ာ္လင့္ထားတယ္။ သူ႔ရဲ႕ ကစားသမားဘဝကို လူငယ္ဘဝ အစမွာတည္းက က်ေနာ္ လိုက္လံ ေလ့လာထားတယ္။ သူ႔ကို က်ေန္ာတုိ႔ အရမ္း သေဘာက်ပါတယ္။ သူက ကစားသမားေကာင္းျဖစ္သလို က်ေန္ာတို႔ရဲ႕ ကစားသမားျဖစ္ေနတာအတြက္ ေက်းဇူးတင္ရတယ္။

ရာသီၾကိဳမွာ သူ႔ကို အသင္းနဲ႔ ပူးေပါင္းေစမွာျဖစ္ျပီး က်ေန္ာတုိ႔ အသင္းရဲ႕ အစိတ္အပိုင္းအျဖစ္ ပါဝင္ေစမွာပါ။ ကစားသမားေတြ အားလံုး အသင္းထံ ျပန္လာရင္ သူက အျခားသူေတြလိုပဲ ပြဲထြက္ေနရာအတြက္ ျပိဳင္ဆိုင္သြားရမွာ ျဖစ္ပါတယ္ ’ လို႔ ဆိုခဲ့ပါတယ္။