လီဗာပူးနဲ့ သီယေဂို အယ်ကန်တာရာရဲ့ အပြောင်းအရွှေ့ ကိစ္စဟာ မနေ့တုန်းကပဲ နာမည်ကြီး သတင်းထောက်တွေက ဖော်ပြလာပြန်တာကြောင့် စိတ်ဝင်စားစရာ အခြေအနေ ဖြစ်လာပြီးလား ပရိသတ်တွေဘက်က မျှော်လင့်နေကြမှာပါ။

မနေ့ကညမှာပဲ Fabrizio Romano လို သတင်းထောက်က ” လီဗာပူးအသင်းက သီယေဂိုအတွက် ဘိုင်ယန်နဲ့ ဆက်သွယ်ခဲ့တယ်။ ကစားသမားက ကလော့ပ်အတွက် ကစားလိုစိတ်ရှိတယ် (လီဗာပူးက ဝိုက်နယ်ဒမ်အတွက်လည်း စာချုပ်သစ်ပေးနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်။ ဘိုင်ယန်က သီယေဂိုအတွက် ယူရို သန်း ၃၀ တောင်းလိုပြီး ခေါ်ယူမလားဆိုတဲ့ အခြေအနေ အားလုံးက လီဗာပူးအပေါ်ပဲ မူတည်ပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။

ဒီကာလတွေ တစ်လျှောက်လုံးမှာ လီဗာပူးက သီယေဂိုကို စိတ်ဝင်စားတဲ့ သတင်းတွေ ရှိထားခဲ့ပါတယ်။ ကွင်းလယ်အတွက် အင်အားဖြည့်ဖို့ လိုအပ်လာရင် လီဗာပူးက သူ့ကို ကမ်းလှမ်းမယ်ဆိုတာလည်း သံသယရှိစရာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စဟာ အခုချိန်ထိ မစတင်ရသေးပါဘူး။

လီဗာပူးရဲ့ ယုံကြည်ရတဲ့ သတင်းထောက်တွေ ကိုယ်တိုင်က ဒီကိစ္စဟာ မစတင်ရသေးတဲ့ ကိစ္စအဖြစ် ပြောဆိုထားပြီးသားပါ။ လီဗာပူးက ဘိုင်ယန်ကို ချဉ်းကပ်မှု မလုပ်သေးသလို ဘယ်လို စကားပြောဆိုမှုမှ မရှိသေးတဲ့ အနေအထားဖြစ်တယ်။ အယ်ကန်တာရာ အပြောင်းအရွှေ့က လက်ရှိ အချိန်ထိ တစ်ဘက်တည်းကပဲ ပြောနေတဲ့ သတင်းဖြစ်ပြီး လီဗာပူးဘက်က မဟုတ်ပါဘူး။

သတင်းတွေက ဂျာမနီဘက်က ဖော်ပြမှုတွေကပဲ များနေတာဖြစ်ပြီး လီဗာပူး သတင်းထောက်တွေဘက်ကတော့ စိတ်ဝင်စားနေကြောင်း ကလွဲလို့ ကျန်တဲ့ ချိတ်ဆက်မှု ကိစ္စတွေအားလုံးကို ငြင်းဆန်ထားဆဲဖြစ်တယ်။ ဒီပြင်မီဒီယာတွေက လီဗာပူးက အယ်ကန်တာရာကို ခေါ်ယူမှု ဖြစ်မြောက်မယ်လို့ ပြောဆိုတိုင်း ဒီအပြောင်းအရွှေ့ ဖြစ်လာမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းဟာ ကုန်ခဲ့တဲ့ နှစ်တွေကတည်းက အသင်းရဲ့ သတင်းတွေကို မှန်ကန်စွာ ဖော်ပြတဲ့ သတင်းထောက်တွေ ရှိခဲ့တာဖြစ်တယ်။ လက်ရှိ အချိန်ထိ လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Paul Joyce, James Pearce, Nail Jones တို့က အယ်ကန်တာရာအတွက် ချိတ်ဆက်မှု စတင်ပြီလို့ ကြေညာမှုတွေ ရှိမလာသေးပါဘူး။

ZAWGYI

လီဗာပူးနဲ႔ သီေယဂို အယ္ကန္တာရာရဲ႕ အေျပာင္းအေရႊ႔ ကိစၥဟာ မေန႔တုန္းကပဲ နာမည္ၾကီး သတင္းေထာက္ေတြက ေဖာ္ျပလာျပန္တာေၾကာင့္ စိတ္ဝင္စားစရာ အေျခအေန ျဖစ္လာျပီးလား ပရိသတ္ေတြဘက္က ေမွ်ာ္လင့္ေနၾကမွာပါ။

မေန႔ကညမွာပဲ Fabrizio Romano လို သတင္းေထာက္က ” လီဗာပူးအသင္းက သီေယဂိုအတြက္ ဘိုင္ယန္နဲ႔ ဆက္သြယ္ခဲ့တယ္။ ကစားသမားက ကေလာ့ပ္အတြက္ ကစားလိုစိတ္ရွိတယ္ (လီဗာပူးက ဝိုက္နယ္ဒမ္အတြက္လည္း စာခ်ဳပ္သစ္ေပးႏုိင္ဖုိ႔ ၾကိဳးစားေနဆဲျဖစ္တယ္။ ဘိုင္ယန္က သီေယဂိုအတြက္ ယူရို သန္း ၃၀ ေတာင္းလိုျပီး ေခၚယူမလားဆိုတဲ့ အေျခအေန အားလံုးက လီဗာပူးအေပၚပဲ မူတည္ပါတယ္ ” လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒီကာလေတြ တစ္ေလွ်ာက္လံုးမွာ လီဗာပူးက သီေယဂိုကို စိတ္ဝင္စားတဲ့ သတင္းေတြ ရွိထားခဲ့ပါတယ္။ ကြင္းလယ္အတြက္ အင္အားျဖည့္ဖို႔ လိုအပ္လာရင္ လီဗာပူးက သူ႔ကို ကမ္းလွမ္းမယ္ဆိုတာလည္း သံသယရွိစရာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီကိစၥဟာ အခုခ်ိန္ထိ မစတင္ရေသးပါဘူး။

လီဗာပူးရဲ႕ ယံုၾကည္ရတဲ့ သတင္းေထာက္ေတြ ကိုယ္တိုင္က ဒီကိစၥဟာ မစတင္ရေသးတဲ့ ကိစၥအျဖစ္ ေျပာဆိုထားျပီးသားပါ။ လီဗာပူးက ဘိုင္ယန္ကို ခ်ဥ္းကပ္မႈ မလုပ္ေသးသလို ဘယ္လို စကားေျပာဆိုမႈမွ မရွိေသးတဲ့ အေနအထားျဖစ္တယ္။ အယ္ကန္တာရာ အေျပာင္းအေရႊ႔က လက္ရွိ အခ်ိန္ထိ တစ္ဘက္တည္းကပဲ ေျပာေနတဲ့ သတင္းျဖစ္ျပီး လီဗာပူးဘက္က မဟုတ္ပါဘူး။

သတင္းေတြက ဂ်ာမနီဘက္က ေဖာ္ျပမႈေတြကပဲ မ်ားေနတာျဖစ္ျပီး လီဗာပူး သတင္းေထာက္ေတြဘက္ကေတာ့ စိတ္ဝင္စားေနေၾကာင္း ကလြဲလို႔ က်န္တဲ့ ခ်ိတ္ဆက္မႈ ကိစၥေတြအားလံုးကို ျငင္းဆန္ထားဆဲျဖစ္တယ္။ ဒီျပင္မီဒီယာေတြက လီဗာပူးက အယ္ကန္တာရာကို ေခၚယူမႈ ျဖစ္ေျမာက္မယ္လို႔ ေျပာဆိုတိုင္း ဒီအေျပာင္းအေရႊ႔ ျဖစ္လာမွာ မဟုတ္ပါဘူး။

လီဗာပူးအသင္းဟာ ကုန္ခဲ့တဲ့ ႏွစ္ေတြကတည္းက အသင္းရဲ႕ သတင္းေတြကို မွန္ကန္စြာ ေဖာ္ျပတဲ့ သတင္းေထာက္ေတြ ရွိခဲ့တာျဖစ္တယ္။ လက္ရွိ အခ်ိန္ထိ လီဗာပူးသတင္းေထာက္ေတြျဖစ္တဲ့ Paul Joyce, James Pearce, Nail Jones တို႔က အယ္ကန္တာရာအတြက္ ခ်ိတ္ဆက္မႈ စတင္ျပီလို႔ ေၾကညာမႈေတြ ရွိမလာေသးပါဘူး။