ဆာလက်ဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ ထူးချွန်ဆုတွေ အားလုံးကို သိမ်းပိုက်ခဲ့သလို ဘလွန်းဒီအော့ဆုရဲ့ ထိပ်ပိုင်းနေရာတွေကိုပါ တိုးဝင်နိုင်တဲ့ထိ ခြေစွမ်းကောင်းတွေ ပြသခဲ့တယ်။

အားလုံးက ဆာလက်ဟာ တစ်ရာသီကောင်းပါလို့ ထင်ခဲ့ကြပေမယ့် နောက်ထပ်ရာသီမှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အနိုင်ယူခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ ကိုင်မြောက်ပြခဲ့တယ်။ ဆာလက်ဟာ လီဗာပူးကစားသမားဘဝ တတိယရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ပြီး လီဗာပူးရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပြန်ပါတယ်။

ဒါပေမယ့်လို့ ပရီးမီးယားလိဂ်ဟာ ဟီးရိုးအသစ်တွေကို ရှာဖွေလိုလာချိန်မှာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လိဂ်အကောင်းဆုံးအသင်းမှာ ဆာလက်ကို ချန်လှပ်ခဲ့ပါတယ်။ အီဂျစ်သားက ဒါတွေအားလုံးကို တုန့်ပြန်ဖို့အတွက် ရာသီသစ်မှာတော့ ရည်မှန်းချက်ကြီးတွေနဲ့အတူ ပြင်ဆင်လာခဲ့တယ်။

မန်နေဂျာကလော့ပ်က ” နောက်ထပ် မှတ်တမ်းတွေကို သူချိုးဖျက်ဦးမယ်ဆိုရင် ကျနော်ကတော့ အံ့သြမိမှာပဲ။ ရှိသမျှမှတ်တမ်းတွေ အားလုံးကို သူချိုးထားခဲ့ပြီးပြီလို့ ကျနော်ထင်တယ်။ ဆာလက်ဟာ သာမာန် ခံစားချက်နဲ့ဆိုရင် သူဂိုးမသွင်းနိုင်ပါဘူး။ သူက အထူး စပယ်ရှယ် ခံစားချက်တွေရှိလာပြီဆိုရင် ဂိုးတွေသွင်းပါတယ်။ အဲ့ခံစားချက်ကို ကျနေ်ာတို့ လိုပါတယ်။

ဆာလောင်စိတ်တွေ၊ တိုက်ခိုက်လိုစိတ်တွေ အဲ့စိတ်တွေ အားလုံး လိုပါတယ်။ အဲ့လို စိတ်အားထက်သန်မှုတွေကပဲ ဆာလက်ကို အခုလို ကစားသမား ဖြစ်လာစေခဲ့တယ်။ သူဟာ အချိန်တွေ အကြာကြီး ထိပ်တန်းကစားသမားအဖြစ် ဆက်ရှိနေဦးမှာပါ ” လို့ သတိပေးခဲ့တယ်။

ကလော့ပ် ပြောသလိုပဲ လိဒ်ယူနိုက်တက်နဲ့ပွဲမှာတော့ ဆာလက်ဟာ သူ့ရဲ့ ပုံစံကောင်းကို ပြသခဲ့တယ်။ သွင်းဂိုးအတွက် အဆင်သင့်ပြင်ထားတဲ့ အနေအထားတွေနဲ့အတူ ပရီးမီးယားလိဂ် အဖွင့်သီတင်းပတ်မှာ ခံစစ်ပိုင်း မှားယွင်းမှုနည်းတူ ဆာလက်ရဲ့ နိုင်လိုစိတ် ပြင်းထန်မှုကို လူတိုင်းက မှတ်ချက်ပေးကြရတယ်။

အသင်းဖော် အယ်လီဆန်က “ ဆာလက်က ဆာလောင်နေတယ်။ ရာသီစကတည်းက သူက သွင်းဂိုးတွေ ဆာလောင်နေပါတယ်။ အဲ့တာကပဲ သူ့ကို ယုံကြည်မှုတွေ ရှိစေပြီး အခြားကစားသမားတွေကို ပိုကြိုးစားလာစေပါတယ်။ သူ hat-trick ရခဲ့တာအတွက် ကျနော် ပျော်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၁၈ ခုနှစ်တုန်းက အင်္ဂလန်လိဂ်မှာ သူ့ကိုယ်သူ သက်သေပြမယ်လို့ ကြုံးဝါးခဲ့တဲ့ ဆာလက်ဟာ တစ်ရာသီ သွင်းဂိုး ၄၄ ဂိုးသွင်းပြခဲ့ပါတယ်။ ဒီရာသီမှာလည်း သူ့ကို အကောင်းဆုံး အသင်းထဲ မထည့်ခဲ့တဲ့ ပရီးမီးယားလိဂ်ကို ဆာလက်က ပေါက်ကွဲပြလိုနေပြန်ပါပြီ။ ရည်မှန်းချက်တွေ ပြင်းထန်နေတဲ့ ဆာလက်က ပရီးမီးယားလိဂ်ကို နောက်တစ်ကြိမ် ကိုင်လှုပ်ပြမလားဆိုတာက စိတ်ဝင်စားစရာပဲ ဖြစ်ပါလိမ့်မယ်။

ZAWGYI

ဆာလက္ဟာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ ေဘာလံုးရာသီမွာေတာ့ ထူးခၽြန္ဆုေတြ အားလံုးကို သိမ္းပိုက္ခဲ့သလို ဘလြန္းဒီေအာ့ဆုရဲ႕ ထိပ္ပိုင္းေနရာေတြကိုပါ တိုးဝင္ႏုိင္တဲ့ထိ ေျခစြမ္းေကာင္းေတြ ျပသခဲ့တယ္။

အားလံုးက ဆာလက္ဟာ တစ္ရာသီေကာင္းပါလို႔ ထင္ခဲ့ၾကေပမယ့္ ေနာက္ထပ္ရာသီမွာေတာ့ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို အႏုိင္ယူခဲ့သလို ခ်န္ပီယံလိဂ္ဖလားကိုပါ ကိုင္ေျမာက္ျပခဲ့တယ္။ ဆာလက္ဟာ လီဗာပူးကစားသမားဘဝ တတိယရာသီမွာလည္း ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရခဲ့ျပီး လီဗာပူးရဲ႕ ဂိုးသြင္းအမ်ားဆံုး ကစားသမား ျဖစ္ခဲ့ျပန္ပါတယ္။

ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္ဟာ ဟီးရိုးအသစ္ေတြကို ရွာေဖြလိုလာခ်ိန္မွာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ လိဂ္အေကာင္းဆံုးအသင္းမွာ ဆာလက္ကို ခ်န္လွပ္ခဲ့ပါတယ္။ အီဂ်စ္သားက ဒါေတြအားလံုးကို တုန္႔ျပန္ဖို႔အတြက္ ရာသီသစ္မွာေတာ့ ရည္မွန္းခ်က္ၾကီးေတြနဲ႔အတူ ျပင္ဆင္လာခဲ့တယ္။

မန္ေနဂ်ာကေလာ့ပ္က ” ေနာက္ထပ္ မွတ္တမ္းေတြကို သူခ်ိဳးဖ်က္ဦးမယ္ဆိုရင္ က်ေနာ္ကေတာ့ အံ့ၾသမိမွာပဲ။ ရွိသမွ်မွတ္တမ္းေတြ အားလံုးကို သူခ်ိဳးထားခဲ့ျပီးျပီလို႔ က်ေနာ္ထင္တယ္။ ဆာလက္ဟာ သာမာန္ ခံစားခ်က္နဲ႔ဆိုရင္ သူဂိုးမသြင္းႏုိင္ပါဘူး။ သူက အထူး စပယ္ရွယ္ ခံစားခ်က္ေတြရွိလာျပီဆိုရင္ ဂိုးေတြသြင္းပါတယ္။ အဲ့ခံစားခ်က္ကို က်ေန္ာတို႔ လိုပါတယ္။

ဆာေလာင္စိတ္ေတြ၊ တိုက္ခိုက္လိုစိတ္ေတြ အဲ့စိတ္ေတြ အားလံုး လိုပါတယ္။ အဲ့လို စိတ္အားထက္သန္မႈေတြကပဲ ဆာလက္ကို အခုလို ကစားသမား ျဖစ္လာေစခဲ့တယ္။ သူဟာ အခ်ိန္ေတြ အၾကာၾကီး ထိပ္တန္းကစားသမားအျဖစ္ ဆက္ရွိေနဦးမွာပါ ” လို႔ သတိေပးခဲ့တယ္။

ကေလာ့ပ္ ေျပာသလိုပဲ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာေတာ့ ဆာလက္ဟာ သူ႔ရဲ႕ ပံုစံေကာင္းကို ျပသခဲ့တယ္။ သြင္းဂိုးအတြက္ အဆင္သင့္ျပင္ထားတဲ့ အေနအထားေတြနဲ႔အတူ ပရီးမီးယားလိဂ္ အဖြင့္သီတင္းပတ္မွာ ခံစစ္ပိုင္း မွားယြင္းမႈနည္းတူ ဆာလက္ရဲ႕ ႏုိင္လိုစိတ္ ျပင္းထန္မႈကို လူတိုင္းက မွတ္ခ်က္ေပးၾကရတယ္။

အသင္းေဖာ္ အယ္လီဆန္က “ ဆာလက္က ဆာေလာင္ေနတယ္။ ရာသီစကတည္းက သူက သြင္းဂိုးေတြ ဆာေလာင္ေနပါတယ္။ အဲ့တာကပဲ သူ႔ကို ယံုၾကည္မႈေတြ ရွိေစျပီး အျခားကစားသမားေတြကို ပိုၾကိဳးစားလာေစပါတယ္။ သူ hat-trick ရခဲ့တာအတြက္ က်ေနာ္ ေပ်ာ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၁၈ ခုႏွစ္တုန္းက အဂၤလန္လိဂ္မွာ သူ႔ကိုယ္သူ သက္ေသျပမယ္လို႔ ၾကံဳးဝါးခဲ့တဲ့ ဆာလက္ဟာ တစ္ရာသီ သြင္းဂိုး ၄၄ ဂိုးသြင္းျပခဲ့ပါတယ္။ ဒီရာသီမွာလည္း သူ႔ကို အေကာင္းဆံုး အသင္းထဲ မထည့္ခဲ့တဲ့ ပရီးမီးယားလိဂ္ကို ဆာလက္က ေပါက္ကြဲျပလိုေနျပန္ပါျပီ။ ရည္မွန္းခ်က္ေတြ ျပင္းထန္ေနတဲ့ ဆာလက္က ပရီးမီးယားလိဂ္ကို ေနာက္တစ္ၾကိမ္ ကိုင္လႈပ္ျပမလားဆိုတာက စိတ္ဝင္စားစရာပဲ ျဖစ္ပါလိမ့္မယ္။