ယူနိုက်တက် ခံစစ်သမားဟောင်း ဂယ်ရီနဗီးက သူတို့အသင်းဟာ လာမယ့် နှစ်နှစ်လောက်အတွင်း အမှတ်ပေးဖလား အနိုင်ရမယ်လို့ မျှော်လင့်နေပါတယ်။

မကြာခင်မှာတော့ ယာဂင်ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ လီဗာပူးနဲ့ မန်စီးတီးတို့ကနေ ထွက်ခွာသွားမှာဖြစ်ကာ အဲ့အချိန်မှာ ယူနိုက်တက်က ချန်ပီယံနေရာကို ဝင်ယူနိုင်မယ်လို့ သူက မြင်တယ်။ ကလော့ပ်ဟာ ၂၀၂၄ ခုနှစ်ထိပဲ လီဗာပူးနဲ့ စာချုပ်ရှိထားပေမယ့် အဲ့ထက် ပိုစောစော အနားယူဖို့ နဗီး မျှော်လင့်နေတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ဂယ်ရီနဗီးက “ သေချာပေါက် အာမခံနိုင်တာက ယူနိုက်တက် ထပ်ပြီး အနိုင်ရဦးမှာပါ။ အဲ့တာက ဒီနှစ်လာ နောက်နှစ်လာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ အမှတ်ပေးဖလားကို အနိုင်ရမယ်ဆိုရင် သိပ်ကောင်းပါလိမ့်မယ်။

ကာလရှည် တည်ဆောက်မှုတွေနဲ့အတူ သူတို့ လုပ်ပြနိုင်ရင် သိပ်ကောင်းပါလိမ့်မယ်။ အခြားသူတွေလို ဒီနှစ်က ငါတို့ အနိုင်ရမလားလို့ စဉ်းစားနေမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ် ကျနေ်ာတို့က အဲ့လို စဉ်းစားနေသလိုတော့ ရှိပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ရဲ့ အချိန်က ရောက်လာမှာပါ ရောက်မလာသေးတာပဲ ရှိတာပါ။

ဖြစ်နိုင်တာက လီဗာပူးကနေ ကလော့ပ် ထွက်ခွာပြီး မန်စီးတီးကနေ ဂွာဒီယိုလာ ထွက်ခွာရင် ယူနိုက်တက် ချန်ပီယံဖြစ်နိုင်ပါတယ်။ လာမယ့် နှစ်နှစ်အတွင်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အဲ့တာက အခွင့်အရေး ဖြစ်မှာပါ။ သိပ်ကောင်းတဲ့ မန်နေဂျာနှစ်ဦးက သိပ်ကောင်းတဲ့ အသင်းတွေကို တည်ဆောက်ပြထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ လာမယ့် နှစ်နှစ်၊ သုံးနှစ်လောက်ဆိုရင် ထွက်မှာပါ။ အဲ့တာကပဲ ယူနိုက်တက်က ကိုယ်ရဲ့ နေရာကို ပြန်ယူမယ့် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ချယ်ဆီးလည်း အဲ့လိုပဲ တွေးနေမယ်ဆိုတာ သေချာပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က သူဟာ ဒီတစ်ကြိမ် စာချုပ်ကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ်လို့ ပြောဆိုထားတယ်။ ဒါပေမယ့်လို့ သူမထွက်ခင်မှာ လီဗာပူးကို ပြိုင်ဘက်တွေ လွယ်လွယ် ကျောမတက်နိုင်ဖို့အတွက် အခြေခံ အုတ်မြစ်ကောင်းတွေ ချပေးလိုတယ်လို့ ပြောဆိုထားပါသေးတယ်။

ZAWGYI

ယူႏုိက္တက္ ခံစစ္သမားေဟာင္း ဂယ္ရီနဗီးက သူတို႔အသင္းဟာ လာမယ့္ ႏွစ္ႏွစ္ေလာက္အတြင္း အမွတ္ေပးဖလား အႏုိင္ရမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

မၾကာခင္မွာေတာ့ ယာဂင္ကေလာ့ပ္နဲ႔ ဂြာဒီယိုလာတို႔ လီဗာပူးနဲ႔ မန္စီးတီးတို႔ကေန ထြက္ခြာသြားမွာျဖစ္ကာ အဲ့အခ်ိန္မွာ ယူႏုိက္တက္က ခ်န္ပီယံေနရာကို ဝင္ယူႏုိင္မယ္လို႔ သူက ျမင္တယ္။ ကေလာ့ပ္ဟာ ၂၀၂၄ ခုႏွစ္ထိပဲ လီဗာပူးနဲ႔ စာခ်ဳပ္ရွိထားေပမယ့္ အဲ့ထက္ ပိုေစာေစာ အနားယူဖို႔ နဗီး ေမွ်ာ္လင့္ေနတာလည္း ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။

ဂယ္ရီနဗီးက “ ေသခ်ာေပါက္ အာမခံႏုိင္တာက ယူႏုိက္တက္ ထပ္ျပီး အႏုိင္ရဦးမွာပါ။ အဲ့တာက ဒီႏွစ္လာ ေနာက္ႏွစ္လာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ အမွတ္ေပးဖလားကို အႏုိင္ရမယ္ဆိုရင္ သိပ္ေကာင္းပါလိမ့္မယ္။

ကာလရွည္ တည္ေဆာက္မႈေတြနဲ႔အတူ သူတို႔ လုပ္ျပႏိုင္ရင္ သိပ္ေကာင္းပါလိမ့္မယ္။ အျခားသူေတြလုိ ဒီႏွစ္က ငါတို႔ အႏုိင္ရမလားလို႔ စဥ္းစားေနမွာ မဟုတ္ပါဘူး။ ဟုတ္ပါတယ္ က်ေန္ာတို႔က အဲ့လို စဥ္းစားေနသလိုေတာ့ ရွိပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔ရဲ႕ အခိ်န္က ေရာက္လာမွာပါ ေရာက္မလာေသးတာပဲ ရွိတာပါ။

ျဖစ္ႏုိင္တာက လီဗာပူးကေန ကေလာ့ပ္ ထြက္ခြာျပီး မန္စီးတီးကေန ဂြာဒီယိုလာ ထြက္ခြာရင္ ယူႏုိက္တက္ ခ်န္ပီယံျဖစ္ႏုိင္ပါတယ္။ လာမယ့္ ႏွစ္ႏွစ္အတြင္း ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္။ အဲ့တာက အခြင့္အေရး ျဖစ္မွာပါ။ သိပ္ေကာင္းတဲ့ မန္ေနဂ်ာႏွစ္ဦးက သိပ္ေကာင္းတဲ့ အသင္းေတြကို တည္ေဆာက္ျပထားခဲ့တာ ျဖစ္ပါတယ္။

သူတို႔ ႏွစ္ဦးဟာ လာမယ့္ ႏွစ္ႏွစ္၊ သံုးႏွစ္ေလာက္ဆိုရင္ ထြက္မွာပါ။ အဲ့တာကပဲ ယူႏုိက္တက္က ကိုယ္ရဲ႕ ေနရာကို ျပန္ယူမယ့္ အခြင့္အေရး ျဖစ္လာႏုိင္ပါတယ္။ ခ်ယ္ဆီးလည္း အဲ့လိုပဲ ေတြးေနမယ္ဆိုတာ ေသခ်ာပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က သူဟာ ဒီတစ္ၾကိမ္ စာခ်ဳပ္ကုန္ရင္ လီဗာပူးကေန ထြက္ခြာမယ္လို႔ ေျပာဆိုထားတယ္။ ဒါေပမယ့္လို႔ သူမထြက္ခင္မွာ လီဗာပူးကို ျပိဳင္ဘက္ေတြ လြယ္လြယ္ ေက်ာမတက္ႏုိင္ဖို႔အတြက္ အေျခခံ အုတ္ျမစ္ေကာင္းေတြ ခ်ေပးလိုတယ္လို႔ ေျပာဆိုထားပါေသးတယ္။