ဇွန်လမှာတုန်းက လီဗာပူးအသင်းဟာ ဘာစီလိုနာ တောင်ပံသမား ဒမ်ဘီလီကို အငှား ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ်သားက ဘာကာမှာပဲ ဆက်နေလိုတာကြောင့် ဆက်လက် ညိနှိုင်းမှုတွေ မရှိတော့တာဖြစ်ကြောင်း Fabrizio Romano က ဖော်ပြခဲ့တယ်။

လီဗာပူးနဲ့ ဝိုက်နယ်ဒမ်တို့ သက်တမ်းတိုး စာချုပ်ကိစ္စက အဆင်မပြေဘူးလို့ သိရပါတယ်။ လီဗာပူးသတင်းထောက်တွေက ဖော်ပြခြင်း မဟုတ်တဲ့ အဆိုပါ ဖော်ပြမှုမှာတော့ ညိနှိုင်းမှုက သဘောတူညီမှုရတဲ့ အနေအထားကို မရခဲ့ဘူးလို့ ဆိုပါတယ်။

ဘောလုံးရာသီသစ်မှာလည်း ကိုရိုနာကပ်ဘေး ဒုတိယလှိုင်း ရိုက်ခတ်မှုကြောင့် ဗြိတိန် ဘောလုံးအသင်းတွေရဲ့ ပွဲစဉ်တွေအတွင်း ပရိသတ် တက်ရောက်ကြည့်ရှုခွင့်ကို နောက်ထပ် ၆ လ ပိတ်သွားဖို့အား ဗြိတိန်ဝန်ကြီးချုပ်က ကြေညာခဲ့ပါပြီ။

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ၎င်းတို့အသင်းရဲ့ အဖွင့်ပွဲဖြစ်တဲ့ ဝုဗ်အသင်းကို အနိုင်ယူအပြီးမှာ အရင်နှစ်တွေလိုပဲ အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်ကြရအောင်ပါလို့ လီဗာပူးကို တိုက်ရိုက် စိန်ခေါ်ခဲ့ပါတယ်။

ဂျိုတာရဲ့ အဓိက အားသာချက်က ကြံ့ခိုင်မှု သိပ်ကောင်းလွန်းခြင်းဖြစ်တယ်။ သူဟာ ကစားသမားဘဝ တစ်လျှောက်လုံးမှာ ဒဏ်ရာကြောင့် အကြာဆုံး အနားယူခဲ့ရမှုက ၁၈ ရက်ဖြစ်ပြီး ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာဖြစ်တယ်။ မနှစ်တုန်းက သူဟာ ဒဏ်ရာကြောင့် လုံးဝ အနားယူခဲ့ရခြင်း မရှိပါဘူး။

ကရာဘီက အကယ်ဒမီ ဒါရိုက်တာ Alex Inglethorpe က လီဗာပူး အကယ်ဒမီ ကစားသမားတွေထဲမှာ အလားအလာအရှိဆုံးက တိုက်စစ်သမားလေး လေသန် စတီးဝပ်ပါလို့ ဖွင့်ချလိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ ကမ္ဘာကျော် အားကစားကုမ္ပဏီ Nike ကြား လက်တွဲမှုဟာ သတင်းကောင်းတွေ စတင်ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာအနှံ့မှာ ရောင်းကောင်းနေတဲ့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားကြောင်း အသင်းက အတည်ပြုပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်က မဲဝုဒ်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က လွှမ်းမိုးမှု သိပ်ကြီးပြီး အသင်းဖော်တွေက စုစည်းမှုတွေနဲ့ အမြဲ ကြိုးစားကြတာဟာ ဟန်ဒါဆန်ရဲ့ ဦးဆောင်မှုကြောင့်ပါလို့ ဆိုပါတယ်။

ပြင်သစ် လူငယ်တိုက်စစ်သမားလေး အမ်ဘတ်ပီကို ခေါ်ယူဖို့ အလေးအနက် ရှိနေတဲ့ ကလပ် နှစ်သင်းထဲက တစ်သင်းဟာ လီဗာပူးအသင်းဖြစ်ပြီး ပုံမှန် ချိတ်ဆက်မှု ရှိတယ်လို့ ပြင်သစ်သတင်းဌာန L’Équipe က အတည်ပြုပါတယ်။

လီဗာပူး ကစားသမားသစ် သီယာဂိုရဲ့ ချယ်ဆီးနဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းဟာ စပိန်ဂန္တဝင်ကြီး ဇာဗီရဲ့ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်လောက်စရာ အနေအထားမျိုးလို့ လီဗာပူးကစားသမားဟောင်း မာဖီက ထုတ်ဖော် ချီးကျူးလိက်ပါတယ်။

ZAWGYI




မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းက ၄င်းတို့အသင်းရဲ့ အဖွင့်ပွဲဖြစ်တဲ့ ဝုဗ်အသင်းကို အနိုင်ယူအပြီးမှာ အရင်နှစ်တွေလိုပဲ အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်ကြရအောင်ပါလို့ လီဗာပူးကို တိုက်ရိုက် စိန်ခေါ်ခဲ့ပါတယ်။





