ပဲလေစ့်အသင်းဟာ လီဗာပူးတိုက်စစ်သမား ဘရူးစတားကို ပေါင် ၂၅ သန်းထိ ရောက်နိုင်မယ့် စာချုပ်ဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ကြောင်း အတည်ပြုသတင်းတွေ ထွက်ထားပြီး ဖြစ်ပါတယ်။

သို့သော် စာချုပ်ကိစ္စက အလှည့်အပြောင်း ဖြစ်လာခဲ့ကာ ပဲလေစ့်ပိုင်ရှင်က ကမ်းလှမ်းမှုကို မလုပ်ထားပါဘူးလို့ ငြင်းဆန်ခဲ့တယ်။ လောလောဆယ်တော့ အနေအထားက ချိတ်ဆက်ခဲ့တယ် ဆိုတဲ့ အဆင့်ကို ပြန်ဆင်းသွားပြီး ဆက်လက် ညိနှိုင်းမှုတွေ လုပ်ရမယ့် အခြေအနေမျိုး ဖြစ်တယ်။ ဘယ်လိုအကြောင်းအရာက သဘောတူညီမှုအတွက် ခက်ခဲစေခဲ့တယ် မသိရသေးပါဘူး။

ဘရူးစတားကို ခေါ်ယူခဲ့ရင် လီဗာပူးက အခြားသော ကစားသမားသစ်တွေ ခေါ်ယူဖို့ ငွေသုံးမယ်လို့ ယူဆသူတွေ ရှိလာခဲ့တယ်။ အဓိကအားဖြင့် အင်္ဂလန်ရဲ့ တတိယတန်း အဆင့်လောက်ပဲ ရှိတဲ့ သတင်းဌာနတွေက ပြင်သစ်ဘက်က ဖော်ပြနေတဲ့ လီဗာပူးက ဆာကို ချိတ်ဆက်တဲ့ သတင်းတွေကို ကိုးကားပြီး ဆီနီဂေါ ကစားသမားကို ခေါ်ယူနိုင်ပြီလို့ ဖော်ပြနေကြတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အဆိပါ သတင်းကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး အသင်းက ဆာနဲ့ ဂျိုတာ နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ဖို့ ဖြစ်လာခဲ့ချိန်မှာ ဆာကို ညိနှိုင်းခဲ့သေးပေမယ့် နောက်ဆုံးမှာ ဂျိုတာကိုပဲ ရွေးခဲ့တယ်လို့ ဖွင့်ဟခဲ့တယ်။ အသင်းက ဒီနွေမှာ ဆာကို ဆက်လက် ကမ်းလှမ်းဖို့ မရှိပါဘူး။

ထပ်ပြီးလည်း အသင်းက အန်ဖီးကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်ရအောင် ကြိုးစားမှုကလည်း အင်္ဂလန်ပြည်တွင်း ဒုတိယလှိုင်းတွေကြောင့် အဆင်မပြေဖြစ်နေတယ်။ ဈေးကွက် လက်ကျန်ကာလတွေကတော့ ကစားသမား ရောင်းထုတ်မှုက ဦးစားပေးဖြစ်ပြီး အန်ဖီးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ရအောင် လုပ်ပေးဖို့ကိုပဲ ကြိုးစားမှာ ဖြစ်ပါတယ်။

ZAWGYI

ပဲေလစ့္အသင္းဟာ လီဗာပူးတိုက္စစ္သမား ဘရူးစတားကို ေပါင္ ၂၅ သန္းထိ ေရာက္ႏုိင္မယ့္ စာခ်ဳပ္ျဖင့္ ကမ္းလွမ္းမႈ လုပ္ခဲ့ေၾကာင္း အတည္ျပဳသတင္းေတြ ထြက္ထားျပီး ျဖစ္ပါတယ္။

သို႔ေသာ္ စာခ်ဳပ္ကိစၥက အလွည့္အေျပာင္း ျဖစ္လာခဲ့ကာ ပဲေလစ့္ပိုင္ရွင္က ကမ္းလွမ္းမႈကို မလုပ္ထားပါဘူးလို႔ ျငင္းဆန္ခဲ့တယ္။ ေလာေလာဆယ္ေတာ့ အေနအထားက ခ်ိတ္ဆက္ခဲ့တယ္ ဆိုတဲ့ အဆင့္ကို ျပန္ဆင္းသြားျပီး ဆက္လက္ ညိႏိႈင္းမႈေတြ လုပ္ရမယ့္ အေျခအေနမ်ိဳး ျဖစ္တယ္။ ဘယ္လိုအေၾကာင္းအရာက သေဘာတူညီမႈအတြက္ ခက္ခဲေစခဲ့တယ္ မသိရေသးပါဘူး။

ဘရူးစတားကို ေခၚယူခဲ့ရင္ လီဗာပူးက အျခားေသာ ကစားသမားသစ္ေတြ ေခၚယူဖို႔ ေငြသံုးမယ္လို႔ ယူဆသူေတြ ရွိလာခဲ့တယ္။ အဓိကအားျဖင့္ အဂၤလန္ရဲ႕ တတိယတန္း အဆင့္ေလာက္ပဲ ရွိတဲ့ သတင္းဌာနေတြက ျပင္သစ္ဘက္က ေဖာ္ျပေနတဲ့ လီဗာပူးက ဆာကို ခ်ိတ္ဆက္တဲ့ သတင္းေတြကို ကိုးကားျပီး ဆီနီေဂါ ကစားသမားကို ေခၚယူႏုိင္ျပီလို႔ ေဖာ္ျပေနၾကတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က အဆိပါ သတင္းကို ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့ျပီး အသင္းက ဆာနဲ႔ ဂ်ိဳတာ ႏွစ္ဦးထဲက တစ္ဦးကို ေရြးခ်ယ္ဖို႔ ျဖစ္လာခဲ့ခ်ိန္မွာ ဆာကို ညိႏိႈင္းခဲ့ေသးေပမယ့္ ေနာက္ဆံုးမွာ ဂ်ိဳတာကိုပဲ ေရြးခဲ့တယ္လို႔ ဖြင့္ဟခဲ့တယ္။ အသင္းက ဒီေႏြမွာ ဆာကို ဆက္လက္ ကမ္းလွမ္းဖို႔ မရွိပါဘူး။

ထပ္ျပီးလည္း အသင္းက အန္ဖီးကြင္းထဲ ပရိသတ္ေတြ ဝင္ခြင့္ရေအာင္ ၾကိဳးစားမႈကလည္း အဂၤလန္ျပည္တြင္း ဒုတိယလိႈင္းေတြေၾကာင့္ အဆင္မေျပျဖစ္ေနတယ္။ ေစ်းကြက္ လက္က်န္ကာလေတြကေတာ့ ကစားသမား ေရာင္းထုတ္မႈက ဦးစားေပးျဖစ္ျပီး အန္ဖီးကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရေအာင္ လုပ္ေပးဖို႔ကိုပဲ ၾကိဳးစားမွာ ျဖစ္ပါတယ္။