အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆန်က စကိုင်းစပေါ့က သူ့ရဲ့ သုံးသပ်မှု အစီအစဉ်မှာ ကားတစ်ဂျုံးရဲ့ အနေအထားကို ထည့်ပြောခဲ့ပြီး လီဗာပူးကနေ ထွက်ခွာသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ပေါလ်မာဆန်က “ ကာတစ်ဂျုံးက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးမှာ သူဘယ်လောက်ထိ အချိန်ကြာကြာ နေရမလဲ? ဒီအခြေအနေမှာ သူက ပွဲကစားခွင့်တွေ ရနေမယ်လို့ မထင်ပါဘူး။ စီနီယာအဆင့်ကို ဝင်တိုးနိုင်မယ်လို့ မထင်ဘူး။

လီဗာပူးအသင်းကို သီယာဂိုကလည်း ဝင်ရောက်လာခဲ့ပါပြီ။ ကာတစ်ဂျုံးကတော့ ‘ဒီအခြေအနေမှာ ငါလုပ်နေတာ ကောင်းတယ် ကစားနေတာ ကောင်းနေတယ်’ လို့ ထင်နေတာ ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါပေမယ့် သီယာဂို ဝင်လာခဲ့တော့ သူက ‘ ငါက ဘယ်နေရာမှာ ကစားရတော့မှာလဲ?’ လို့ စဉ်းစားနေမှာပါ။

အကယ်လို့ နေရာပြိုင်ဆိုင်မှုတွေ သိပ်များလာခဲ့ရင် သီယာဂိုက ဂျုံးရဲ့ လက်ရှိနေရာဖြစ်တဲ့ တိုက်စစ်ပိုလိုက်ရတဲ့ ကွင်းလယ်လူနေရာကိုတောင် ဖိအားပေးလာမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်တယ်။

မန်နေဂျာ ယာဂင်ကလော့ပ်က ကားတစ်ဂျုံးကို လူငယ်ကစားသမားအဖြစ်ထက် စီနီယာ ကစားသမားတစ်ဦးအဖြစ်ပဲ မြင်တော့မယ်လို့ ထုတ်ပြောထားတယ်။ လူငယ်လေးကို ကာရာဘောင်းပွဲတွေမှာ အဓိက ကစားသမားအဖြစ် ထုတ်သုံးနေပါတယ်။ သို့ပေမယ့်လည်း အင်္ဂလန် အားကစားသုံးသပ်သူတွေကတော့ ဒီအခြေအနေကို ဆက်ပြီး ဖိအားပေးနေဆဲပါ။

လီဗာပူးအသင်းဟာ လူငယ်နဲ့ ဝါရင့်တွေကို တွဲဘက်ပြီး သုံးနေပေမယ့် ပေါလ်မာဆန်လို သုံးသပ်သူတွေကတော့ ပွဲထွက်ခွင့်အတွက် ထောက်ပြနေခဲ့တယ်။ အကယ်လို့ လီဗာပူးအသင်းဟာ ကာတစ်ဂျုံးကို ပွဲထွက်လူစာရင်းက ထုတ်သုံးပြီး ရလဒ်မကောင်းခဲ့ရင်တော့ ထိပ်ဆုံးကနေ ဝေဖန်မယ့်သူတွေက သူတို့လို ဝေဖန်ရေးသမားတွေပဲ ဖြစ်နေမယ်ဆိုတာ သေချာလှပါတယ်။

ZAWGYI

အာဆင္နယ္ ကစားသမားေဟာင္း ေပါလ္မာဆန္က စကိုင္းစေပါ့က သူ႔ရဲ႕ သံုုးသပ္မႈ အစီအစဥ္မွာ ကားတစ္ဂ်ံဳးရဲ႕ အေနအထားကို ထည့္ေျပာခဲ့ျပီး လီဗာပူးကေန ထြက္ခြာသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

ေပါလ္မာဆန္က “ ကာတစ္ဂ်ံဳးက သိပ္ေကာင္းတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ လီဗာပူးမွာ သူဘယ္ေလာက္ထိ အခ်ိန္ၾကာၾကာ ေနရမလဲ? ဒီအေျခအေနမွာ သူက ပြဲကစားခြင့္ေတြ ရေနမယ္လို႔ မထင္ပါဘူး။ စီနီယာအဆင့္ကို ဝင္တိုးႏုိင္မယ္လို႔ မထင္ဘူး။

လီဗာပူးအသင္းကို သီယာဂိုကလည္း ဝင္ေရာက္လာခဲ့ပါျပီ။ ကာတစ္ဂ်ံဳးကေတာ့ ‘ဒီအေျခအေနမွာ ငါလုပ္ေနတာ ေကာင္းတယ္ ကစားေနတာ ေကာင္းေနတယ္’ လို႔ ထင္ေနတာ ျဖစ္ေကာင္းျဖစ္မွာေပါ့။ ဒါေပမယ့္ သီယာဂို ဝင္လာခဲ့ေတာ့ သူက ‘ ငါက ဘယ္ေနရာမွာ ကစားရေတာ့မွာလဲ?’ လို႔ စဥ္းစားေနမွာပါ။

အကယ္လို႔ ေနရာျပိဳင္ဆိုင္မႈေတြ သိပ္မ်ားလာခဲ့ရင္ သီယာဂိုက ဂ်ံဳးရဲ႕ လက္ရွိေနရာျဖစ္တဲ့ တိုက္စစ္ပိုလိုက္ရတဲ့ ကြင္းလယ္လူေနရာကိုေတာင္ ဖိအားေပးလာမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္တယ္။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကားတစ္ဂ်ံဳးကို လူငယ္ကစားသမားအျဖစ္ထက္ စီနီယာ ကစားသမားတစ္ဦးအျဖစ္ပဲ ျမင္ေတာ့မယ္လို႔ ထုတ္ေျပာထားတယ္။ လူငယ္ေလးကို ကာရာေဘာင္းပြဲေတြမွာ အဓိက ကစားသမားအျဖစ္ ထုတ္သံုးေနပါတယ္။ သို႔ေပမယ့္လည္း အဂၤလန္ အားကစားသံုးသပ္သူေတြကေတာ့ ဒီအေျခအေနကို ဆက္ျပီး ဖိအားေပးေနဆဲပါ။

လီဗာပူးအသင္းဟာ လူငယ္နဲ႔ ဝါရင့္ေတြကို တြဲဘက္ျပီး သံုးေနေပမယ့္ ေပါလ္မာဆန္လို သံုးသပ္သူေတြကေတာ့ ပြဲထြက္ခြင့္အတြက္ ေထာက္ျပေနခဲ့တယ္။ အကယ္လို႔ လီဗာပူးအသင္းဟာ ကာတစ္ဂ်ံဳးကို ပြဲထြက္လူစာရင္းက ထုတ္သံုးျပီး ရလဒ္မေကာင္းခဲ့ရင္ေတာ့ ထိပ္ဆံုးကေန ေဝဖန္မယ့္သူေတြက သူတို႔လို ေဝဖန္ေရးသမားေတြပဲ ျဖစ္ေနမယ္ဆိုတာ ေသခ်ာလွပါတယ္။