လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အက်စတွန်ဗီလာ ကို အံ့အားသင့်ဖွယ် ၇ ဂိုး ၂ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရလဒ်အပေါ် ရှက်ရွံ့တုန်လှုပ်ဟန် မပြဘဲ အမှန်တရားကို ရင်ဆိုင်ခဲ့ကာ ထိုပွဲကနေ တစ်ခုတည်းသော အကောင်းမြင်စရာ ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဗီလာနဲ့ ပွဲမှာ လီဗာပူးအသင်းသား တစ်ဦးမှ ဒဏ်ရာ မရခဲ့ဘဲ အကောင်းပကတိ ပွဲပြီးခဲ့တာကို ကလော့ပ်က ရည်ညွှန်းခဲ့တာပါ။

ပွဲထွက် ဂိုးသမား အယ်လစ်ဆန် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ သီတင်းပတ် ၆ ပတ်လောက်ထိ လက်လွှတ်ရဦးမှာ ဖြစ်ကြောင်း ကလော့ပ်က ဝန်ခံခဲ့ပြီးနောက် ဒီပွဲ အပြီးမှာ နောက်ထပ် ဒဏ်ရာရ အသင်းသား မရှိလို့ စိတ်သက်သာရာ ရခဲ့တယ်လို့ ဂျာမန်သားကြီးက ဆိုပါတယ်။

” ဒီပွဲကနေ တစ်ခုတည်းသော သတင်းကောင်းကတော့ ပွဲအပြီးမှာ ဘယ်သူမှ ဒဏ်ရာ မရခဲ့ဘူးပေါ့။ ဒီပွဲမှာ ဘယ်သူတွေ မပါဘူး ဘယ်သူကတော့ မပါလို့ ဆိုတဲ့ ကိစ္စတွေနဲ့ ဆင်ခြေပေးစရာကတော့ မလိုပါဘူး။

ဒီညမှာ ဘယ်သူတွေနဲ့ ဘယ်လို လိုင်းအပ် ထုတ်ခဲ့ ထုတ်ခဲ့ ကျနော်လည်း ၇-၂ နဲ့ ရှုံးမယ်လို့ လုံး၀ မမျှော်လင့်ခဲ့တာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရာနှုန်းပြည့်ကို မထင်ထားခဲ့တဲ့ ကိစ္စ ဖြစ်တယ်။ ဒါပေမယ့် ဒါတွေက ပြောနေဖို့ မလိုအပ်တော့ပါဘူး။

အစပိုင်းမှာတည်းက ဗီလာက တကယ်ကို ကောင်းကောင်း ကစားသွားတယ်။ ကျနော်တို့လည်း ကောင်းစွာ တုန့်ပြန်ဖို့ ကြိုးစားတယ်။ အဲဒီနောက် ပွဲက လုံး၀ မြန်ဆန်စွာနဲ့ ချိုးကွေ့သွားခဲ့ပြီး တစ်သင်းက လုံး၀ လန်ထွက် ကောင်းနေတဲ့ချိန် တစ်သင်းကတော့ မကောင်းတော့ဘူး။ ဒါကို သေချာ မြင်တွေ့ခဲ့ရပြီ။ မဖြစ်သင့်တာတွေ ဖြစ်ခဲ့တယ်။

ပွဲချိန်ဝက်မှာ ၄-၁ နဲ့ကိုရှုံးနေပြီ။ ကျနော်တို့ နောက်ထပ် ငါးမိနစ်လောက် တောင့်ခံ၊ ခံစစ် ကစား စသဖြင့် ပြောမယ်ထင်လား၊ အဲဒါ ကျနေ်ာတို့ မဟုတ်ပါဘူး။ နောက်ထပ် တစ်ဂိုး သွင်းလိုက်ချိန်မှာ ပြန်လာနိုင်မယ်တော့ ထင်ခဲ့ကြသေးတယ်။ ဒီနေ့ညလို မကစားဘူးဆိုရင်၊ တိုးတက်အောင်သာ လုပ်နိုင်မယ် ဆိုရင် တကယ် ပြန်လာနိုင်ကောင်း လာနိုင်ခဲ့ကြပါလိမ့်မယ်။

ဒီညပွဲရလဒ်က မပါဝင်နိုင်တဲ့ ကစားသမားတွေနဲ့ မဆိုင်ပါဘူး။ ကျနော်တို့ကတော့ သူတို့ကို လွမ်းမိတာပေါ့။ ဒါပေမယ့် ဘယ်သူမပါလို့ ဘယ်သူ ဝင်ကစားလို့ စတဲ့ အကြောင်းပြချက်တွေ ပေးဖို့ မလိုဘူး။ ” လို့ ကလော့ပ်က ဆိုပါတယ်။

နိုင်ငံတကာ သီတင်းပတ် ပွဲနားပြီးတဲ့နောက်မှာ လီဗာပူးအသင်းဟာ လိဂ်မှာ ခြေစွမ်းကောင်းတွေ တက်ပြီး ဇယားထိပ် ရောက်နေတဲ့ မြို့ခံ ပြိုင်ဘက် အဲဗာတန်နဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

Zawgyi – လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က အက္စတြန္ဗီလာ ကို အံ့အားသင့္ဖြယ္ ၇ ဂိုး ၂ဂိုးနဲ႕ အျပတ္အသတ္ ရွံဳးနိမ့္ခဲ့တဲ့ ပြဲအျပီးမွာ ရလဒ္အေပၚ ရွက္ရြံ႕တုန္လႈပ္ဟန္ မျပဘဲ အမွန္တရားကို ရင္ဆိုင္ခဲ့ကာ ထိုပြဲကေန တစ္္ခုတည္းေသာ အေကာင္းျမင္စရာ ကို ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ဗီလာနဲ႕ ပြဲမွာ လီဗာပူးအသင္းသား တစ္ဦးမွ ဒဏ္ရာ မရခဲ့ဘဲ အေကာင္းပကတိ ပြဲျပီးခဲ့တာကို ကေလာ့ပ္က ရည္ညႊန္းခဲ့တာပါ။

ပြဲထြက္ ဂိုးသမား အယ္လစ္ဆန္ ဒဏ္ရာေၾကာင့္ မပါ၀င္နုိင္ခဲ့ဘဲ သီတင္းပတ္ ၆ ပတ္ေလာက္ထိ လက္လႊတ္ရဦးမွာ ျဖစ္ေၾကာင္း ကေလာ့ပ္က ၀န္ခံခဲ့ျပီးေနာက္ ဒီပြဲ အျပီးမွာ ေနာက္ထပ္ ဒဏ္ရာရ အသင္းသား မရွိလို႔ စိတ္သက္သာရာ ရခဲ့တယ္လို႔ ဂ်ာမန္သားၾကီးက ဆိုပါတယ္။

” ဒီပြဲကေန တစ္ခုတည္းေသာ သတင္းေကာင္းကေတာ့ ပြဲအျပီးမွာ ဘယ္သူမွ ဒဏ္ရာ မရခဲ့ဘူးေပါ့။ ဒီပြဲမွာ ဘယ္သူေတြ မပါဘူး ဘယ္သူကေတာ့ မပါလို႔ ဆိုတဲ့ ကိစၥေတြနဲ႕ ဆင္ေျခေပးစရာကေတာ့ မလိုပါဘူး။

ဒီညမွာ ဘယ္သူေတြနဲ႕ ဘယ္လို လိုင္းအပ္ ထုတ္ခဲ့ ထုတ္ခဲ့ က်ေနာ္လည္း ၇-၂ နဲ႕ ရွံုးမယ္လို႔ လံုး၀ မေမွ်ာ္လင့္ခဲ့တာပါ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ရာႏႈန္းျပည့္ကို မထင္ထားခဲ့တဲ့ ကိစၥ ျဖစ္တယ္။ ဒါေပမယ့္ ဒါေတြက ေျပာေနဖို႔ မလိုအပ္ေတာ့ပါဘူး။

အစပိုင္းမွာတည္းက ဗီလာက တကယ္ကို ေကာင္းေကာငး္ ကစားသြားတယ္။ က်ေနာ္တို႔လည္း ေကာင္းစြာ တုန္႔ျပန္ဖို႔ ၾကိဳးစားတယ္။ အဲဒီေနာက္ ပြဲက လံုး၀ ျမန္ဆန္စြာနဲ႕ ခ်ိဳးေကြ႕သြားခဲ့ျပီး တစ္သင္းက လံုး၀ လန္ထြက္ ေကာင္းေနတဲ့ခ်ိန္ တစ္သင္းကေတာ့ မေကာင္းေတာ့ဘူး။ ဒါကို ေသခ်ာ ျမင္ေတြ႔ခဲ့ရျပီ။ မျဖစ္သင့္တာေတြ ျဖစ္ခဲ့တယ္။

ပြဲခ်ိန္၀က္မွာ ၄-၁ နဲ႕ကိုရွံဳးေနျပီ။ က်ေနာ္တို႔ ေနာက္ထပ္ ငါးမိနစ္ေလာက္ ေတာင့္ခံ၊ ခံစစ္ ကစား စသျဖင့္ ေျပာမယ္ထင္လား၊ အဲဒါ က်ေန္ာတို႔ မဟုတ္ပါဘူး။ ေနာက္ထပ္ တစ္ဂိုး သြငး္လိုက္ခ်ိန္မွာ ျပန္လာနိုင္မယ္ေတာ့ ထင္ခဲ့ၾကေသးတယ္။ ဒီေန႔ညလို မကစားဘူးဆိုရင္၊ တိုးတက္ေအာင္သာ လုပ္နုိင္မယ္ ဆိုရင္ တကယ္ ျပန္လာနုိင္ေကာင္း လာနိုင္ခဲ့ၾကပါလိမ့္မယ္။

ဒီညပြဲရလဒ္က မပါ၀င္နုိင္တဲ့ ကစားသမားေတြနဲ႕ မဆိုင္ပါဘူး။ က်ေနာ္တို႔ကေတာ့ သူတို႔ကို လြမ္းမိတာေပါ့။ ဒါေပမယ့္ ဘယ္သူမပါလို႔ ဘယ္သူ ၀င္ကစားလို႔ စတဲ့ အေၾကာင္းျပခ်က္ေတြ ေပးဖို႔ မလိုဘူး။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။

နုိင္ငံတကာ သီတင္းပတ္ ပြဲနားျပီးတဲ့ေနာက္မွာ လီဗာပူးအသင္းဟာ လိဂ္မွာ ေျခစြမ္းေကာင္းေတြ တက္ျပီး ဇယားထိပ္ ေရာက္ေနတဲ့ ျမိဳ႔ခံ ျပိဳင္ဘက္ အဲဗာတန္နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။