လီဗာပူးအသင်း အဓိက ဂိုးသမား အယ်လီဆန်ဟာ စနေနေ့တုန်းက အသင်းရဲ့ လေ့ကျင့်ရေးမှာ ဒဏ်ရာရသွားတာကြောင့် အက်စတွန်ဗီလာနဲ့ပွဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

အယ်လီဆန်ဟာ ပုခုံးမှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ သူ့ဒဏ်ရာက မျှော်လင့်ထားတာထက် ပြင်းထန်ခဲ့တယ်။ အက်စတွန်ဗီလာနဲ့ပွဲကို လွဲထားပေမယ့် တကယ်တမ်း စိတ်ပူရမှာက ဘယ်လောက် ကြာဦးမလားဆိုတဲ့ အနေအထား ဖြစ်ပါတယ်။

ကလော့်ကတော့ ” အယ်လီဆန်က အဲဗာတန်ကို ရင်ဆိုင်ရမယ့် ပွဲမှာလည်း ပါနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအခြေအနေမှာ ဘယ်လောက်ထိ ကြာဦးမလဲဆိုတာကိုလည်း သေချာ မသိပါဘူး။ ဒီဒဏ်ရာက ထင်ထားတာထက် ဆိုးရွားတာကတော့ သေချာပါတယ်။

အယ်လီဆန်က အဲဗာတန်နဲ့ပွဲမှာတော့ ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒဏ်ရာကြာမြင့်မှာကိုလည်း အပြစ်တင်နေလို့ မရဘူး။ လေးပတ်လောက် နားရမယ်လို့ ထင်ပါတယ်။ ၆ ပတ်လောက်လည်း ဖြစ်ပါလိမ့်မယ်။ ကျနော် မသိသေးပါဘူး။ ရှေ့ဆက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ရမှာပါ။ ” လို့ ပြောပြခဲ့တယ်။

ဘရာဇီးဂိုးသမားဟာ လက်ရွေးစင်ပွဲကို သွားရောက် ပူးပေါင်းနိုင်တော့မှာ မဟုတ်ပါဘူး။
အယ်လီဆန် ဒဏ်ရာရခြင်းကြောင့် နောက်ထပ် ပွဲစဉ် အချို့မှာလည်း အရန်ဂိုးသမား အတ်ဒရီယန်ကိုပဲ အသင်းဂိုးပေါက်ကို တာဝန်ယူစေမှာဖြစ်တယ်။

အသင်းမှာတော့ အယ်လီဆန်အပြင် သီယာဂိုနဲ့ မာနေးတို့လည်း ပွဲကစားခွင့်တွေ မလုပ်ပေးနိုင်ပါဘူး။ သီယာဂိုနဲ့ မာနေးတို့က ကိုဗစ် ကူးစက်ခံထားရခြင်းဖြစ်ကာ လက်ရှိမှာ သီးသန့်နေထိုင်နေကြတယ်။ သူတို့ နှစ်ဦးဟာ အဲဗာတန်ပွဲအမှီ ပြန်သက်သာလာနိုင်ပေမယ့် အနီးကပ် အချိန်ထိ အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ZAWGYI

လီဗာပူးအသင္း အဓိက ဂိုးသမား အယ္လီဆန္ဟာ စေနေန႔တုန္းက အသင္းရဲ႕ ေလ့က်င့္ေရးမွာ ဒဏ္ရာရသြားတာေၾကာင့္ အက္စတြန္ဗီလာနဲ႔ပြဲမွာ ပါဝင္ႏုိင္ျခင္း မရွိခဲ့ပါဘူး။

အယ္လီဆန္ဟာ ပုခံုးမွာ ဒဏ္ရာရခ့ဲျခင္းျဖစ္ကာ သူ႔ဒဏ္ရာက ေမွ်ာ္လင့္ထားတာထက္ ျပင္းထန္ခဲ့တယ္။ အက္စတြန္ဗီလာနဲ႔ပြဲကို လြဲထားေပမယ့္ တကယ္တမ္း စိတ္ပူရမွာက ဘယ္ေလာက္ ၾကာဦးမလားဆိုတဲ့ အေနအထား ျဖစ္ပါတယ္။

ကေလာ့္ကေတာ့ ” အယ္လီဆန္က အဲဗာတန္ကို ရင္ဆိုင္ရမယ့္ ပြဲမွာလည္း ပါႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီအေျခအေနမွာ ဘယ္ေလာက္ထိ ၾကာဦးမလဲဆိုတာကိုလည္း ေသခ်ာ မသိပါဘူး။ ဒီဒဏ္ရာက ထင္ထားတာထက္ ဆိုးရြားတာကေတာ့ ေသခ်ာပါတယ္။

အယ္လီဆန္က အဲဗာတန္နဲ႔ပြဲမွာေတာ့ ကစားႏုိင္မွာ မဟုတ္ပါဘူး။ ဒဏ္ရာၾကာျမင့္မွာကိုလည္း အျပစ္တင္ေနလို႔ မရဘူး။ ေလးပတ္ေလာက္ နားရမယ္လို႔ ထင္ပါတယ္။ ၆ ပတ္ေလာက္လည္း ျဖစ္ပါလိမ့္မယ္။ က်ေနာ္ မသိေသးပါဘူး။ ေရွ႔ဆက္ျပီး စစ္ေဆးမႈေတြ လုပ္ေဆာင္ရမွာပါ။ ” လို႔ ေျပာျပခဲ့တယ္။

ဘရာဇီးဂိုးသမားဟာ လက္ေရြးစင္ပြဲကို သြားေရာက္ ပူးေပါင္းႏုိင္ေတာ့မွာ မဟုတ္ပါဘူး။
အယ္လီဆန္ ဒဏ္ရာရျခင္းေၾကာင့္ ေနာက္ထပ္ ပြဲစဥ္ အခ်ိဳ႔မွာလည္း အရန္ဂိုးသမား အတ္ဒရီယန္ကိုပဲ အသင္းဂိုးေပါက္ကို တာဝန္ယူေစမွာျဖစ္တယ္။

အသင္းမွာေတာ့ အယ္လီဆန္အျပင္ သီယာဂိုနဲ႔ မာေနးတို႔လည္း ပြဲကစားခြင့္ေတြ မလုပ္ေပးႏုိင္ပါဘူး။ သီယာဂိုနဲ႔ မာေနးတို႔က ကိုဗစ္ ကူးစက္ခံထားရျခင္းျဖစ္ကာ လက္ရွိမွာ သီးသန္႔ေနထိုင္ေနၾကတယ္။ သူတို႔ ႏွစ္ဦးဟာ အဲဗာတန္ပြဲအမွီ ျပန္သက္သာလာႏုိင္ေပမယ့္ အနီးကပ္ အခ်ိန္ထိ အသင္းရဲ႕ ေလ့က်င့္ေရးေတြမွာ ပါဝင္ႏုိင္ဦးမွာ မဟုတ္ပါဘူး။