လီဗာပူးအသင်းရဲ့ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် The Guardian သတင်းဌာနက ဘလာဂီဇီဆိုတဲ့ လူငယ်ကစားသမားကို ရွေးချယ်သွားပါတယ်။

ကွန်ဂိုကနေ ဗြိတိန်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဘလာဂီဇီဟာ သူ့ရဲ့ လူငယ်ကစားသမားဘဝ အစောပိုင်းမှာတုန်းက မန်စီးတီး အကယ်ဒမီကို တက်ရောက်ခဲ့သူဖြစ်တယ်။ မန်ချက်စတာဖွား လူငယ်လေးဟာ သူ့အသက် ၁၁ နှစ် အရွယ်မှာတော့ မန်စီးတီး အကယ်ဒမီကနေ လီဗာပူးအကယ်ဒမီကို ပြောင်းရွှေ့လာခဲ့ပါတယ်။

ဘော်ဘီဒွန်းကန့်ဟာလည်း မန်စီးတီး အကယ်ဒမီကနေ လီဗာပူးကို ပြောင်းလာခဲ့ဖူးပြီး မန်ချက်စတာနဲ့ မာဆေးဆိုဒ်တို့ နီးကပ်စွာ တည်ရှိတာက လူငယ်တွေကို အကယ်ဒမီကျောင်းတွေ ပြောင်းရွှေ့ တက်ရောက်ဖို့ ပိုမို လွယ်ကူစေတယ်။

ဂျိမ်း ဘလာဂီဇီဟာ သူ့အသက် ၁၅ နှစ် အရွယ်မှာပဲ လီဗာပူး ယူ-၁၈ အသင်းအတွက် ပထမဆုံး သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်။ သူ့အသက် ၁၇ နှစ်ပြည့်ချိန်မှာပဲ လီဗာပူးအသင်းနဲ့ ပထမဆုံးသော ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။

အင်္ဂလန်ယူ-၁၇ အသင်းကို ကိုယ်စားပြုထားတဲ့ ဂျိမ်း ဘလာဂီဇီဟာ တိုက်စစ်မှူးနဲ့ ညာတောင်ပံသမားအဖြစ် ကစားခဲ့သူပါ။ ဒါပေမယ့်လို့ လီဗာပူး ယူ-၂၁ အသင်းမှာတော့ ဘယ်ခြမ်းကို ပြောင်းလဲ ကစားနေသူဖြစ်ပါတယ်။

ကွင်းလယ်လူတစ်ဦးအဖြစ် တိုးတက်လာနေတဲ့ ဘလာဂီဇီဟာ အရပ်မြင့်မားခြင်း၊ ကစားအားကောင်းခြင်း၊ ထူးချွန်ပါးနပ်ခြင်း၊ မြန်ဆန်တဲ့ ခြေထောက်တွေရှိခြင်းနဲ့ သွင်းဂိုးကို မြင်နိုင်စွမ်း ရှိခြင်းတွေကြောင့် အခုလို ဂါးဒီးယန်းက ပြုစုတဲ့ အကောင်းဆုံး လူငယ်စာရင်းထဲ ပါဝင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အေကာင္းဆံုး လူငယ္ကစားသမားအျဖစ္ The Guardian သတင္းဌာနက ဘလာဂီဇီဆိုတဲ့ လူငယ္ကစားသမားကို ေရြးခ်ယ္သြားပါတယ္။

ကြန္ဂိုကေန ျဗိတိန္ကို ေျပာင္းေရႊ႔လာခဲ့တဲ့ ဘလာဂီဇီဟာ သူ႔ရဲ႕ လူငယ္ကစားသမားဘဝ အေစာပိုင္းမွာတုန္းက မန္စီးတီး အကယ္ဒမီကို တက္ေရာက္ခဲ့သူျဖစ္တယ္။ မန္ခ်က္စတာဖြား လူငယ္ေလးဟာ သူ႔အသက္ ၁၁ ႏွစ္ အရြယ္မွာေတာ့ မန္စီးတီး အကယ္ဒမီကေန လီဗာပူးအကယ္ဒမီကို ေျပာင္းေရႊ႔လာခဲ့ပါတယ္။

ေဘာ္ဘီဒြန္းကန္႔ဟာလည္း မန္စီးတီး အကယ္ဒမီကေန လီဗာပူးကို ေျပာင္းလာခဲ့ဖူးျပီး မန္ခ်က္စတာနဲ႔ မာေဆးဆိုဒ္တို႔ နီးကပ္စြာ တည္ရွိတာက လူငယ္ေတြကို အကယ္ဒမီေက်ာင္းေတြ ေျပာင္းေရႊ႔ တက္ေရာက္ဖို႔ ပိုမို လြယ္ကူေစတယ္။

ဂ်ိမ္း ဘလာဂီဇီဟာ သူ႔အသက္ ၁၅ ႏွစ္ အရြယ္မွာပဲ လီဗာပူး ယူ-၁၈ အသင္းအတြက္ ပထမဆံုး သြင္းဂိုးကို သြင္းယူေပးႏုိင္ခဲ့တယ္။ သူ႔အသက္ ၁၇ ႏွစ္ျပည့္ခ်ိန္မွာပဲ လီဗာပူးအသင္းနဲ႔ ပထမဆံုးေသာ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့သူ ျဖစ္ပါတယ္။

အဂၤလန္ယူ-၁၇ အသင္းကို ကိုယ္စားျပဳထားတဲ့ ဂ်ိမ္း ဘလာဂီဇီဟာ တိုက္စစ္မွဴးနဲ႔ ညာေတာင္ပံသမားအျဖစ္ ကစားခဲ့သူပါ။ ဒါေပမယ့္လို႔ လီဗာပူး ယူ-၂၁ အသင္းမွာေတာ့ ဘယ္ျခမ္းကို ေျပာင္းလဲ ကစားေနသူျဖစ္ပါတယ္။

ကြင္းလယ္လူတစ္ဦးအျဖစ္ တိုးတက္လာေနတဲ့ ဘလာဂီဇီဟာ အရပ္ျမင့္မားျခင္း၊ ကစားအားေကာင္းျခင္း၊ ထူးခၽြန္ပါးနပ္ျခင္း၊ ျမန္ဆန္တဲ့ ေျခေထာက္ေတြရွိျခင္းနဲ႔ သြင္းဂိုးကို ျမင္ႏုိင္စြမ္း ရွိျခင္းေတြေၾကာင့္ အခုလို ဂါးဒီးယန္းက ျပဳစုတဲ့ အေကာင္းဆံုး လူငယ္စာရင္းထဲ ပါဝင္ႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။