ဒီကနေ့ ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန် ယူ-၂၁ ပွဲစဉ်မှာ လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးနဲ့ ခံစစ်မှူး ရိုင်စ် ဝီလီယမ်တို့ဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်ခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ရေးမှာ ဒန်နီအင့်နဲ့ ပြန်လည် ဆုံတွေ့ရတာကို ဝမ်းသာနေပြီး ဒီဘဲကို သတိရနေခဲ့တာလို့ တွစ်တာကနေ ထုတ်ဖော်လိုက်ပါတယ်။

ဘောလုံးအသင်းတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ တွစ်တာမှာ အားပေးကြတဲ့ ပရိသတ်တွေထဲမှာ အယောင်ဆောင် ပရိသတ် အများဆုံး တိုးပွားနေတဲ့ ကလပ်တွေထဲ လီဗာပူးလည်း ပါဝင်လာပါတယ်။

လီဗာပူးအသင်းဟာ နောက်နှစ်နွေမှာ ဂျာမနီကလပ် လိုက်ဇစ်အသင်းမှ ပြင်သစ်သား ခံစစ်မှူး အူပါမီကာနိုကို ခေါ်ယူလိုနေကြောင်း ဂျာမနီသတင်းဌာန Sport Bild က ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဂရုဂျစ်ကို ပေါ်တူဂီကလပ် ပေါ်တိုအသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ခဲ့ကြောင်းကို အသင်းဝဘ်ဆိုဒ်ကနေ အတည်ပြုပါတယ်။

ဗန်ဒိုက်က BBC ရဲ့ ‘No Passion No Point’ ပရိုဂရမ်မှာ အန်ဖီးကွင်းမှာ အသင်းကို ကောင်းကောင်းဆိုးဆိုး အမြဲတမ်း အားပေးနေကြတဲ့ ပရိသတ်တွေကို လွမ်းမိကြောင်း ဖွင့်ဟသွားပါတယ်။

ဆာလက်ဟာ လီဗာပူးမြို့မှာ သူ့ရဲ့ ကားကို ဆီဖြည့်နေစဉ် လမ်းတေလေအဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အိမ်ယာမဲ့တစ်ဦးကို အကာအကွယ်ပေးခဲ့တယ်။ ဒါ့အပြင် ဆာလက်ဟာ အဆိုပါ အိမ်ယာမဲ့ကို ပေါင် ၁၀၀ ငွေသားပေးခဲ့ပြီး အကူအညီ ပေးခဲ့ပါသေးတယ်။

ဗြိတိန်သတင်းစာ the Independent ရဲ့ ဘောလုံးဆိုင်ရာ အကြီးအကဲ Miguel Delaney က ဆန်ချိုဟာ ယူနိုက်တက်ထက် လီဗာပူးနဲ့ ဘိုင်ယန် တစ်သင်းသင်းကိုပဲ ရောက်လိမ့်မယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

ဘာစီလိုနာထံ ပြောင်းရွှေ့မယ်ဆိုတဲ့ ကိစ္စနဲ့ ပက်သက်လို့ ဝိုက်နယ်ဒမ်က “ ဘာစီလိုနာက ကျနော်ကို ခေါ်ယူဖို့ အရမ်း စိတ်အားထက်သန်ခဲ့တယ်လို့ မထင်ဘူးဗျ။ ခင်ဗျားတို့က ထင်ထားတာထက် သတင်းတွေကို ပိုဖတ်ခဲ့ရတာပါ။ မဟုတ်ရင်လည်း ဖြစ်လာနိုင်တာကို ပိုမို မှန်းဆခဲ့ကြတာဖြစ်ပါတယ်။ ” လို့ ဖွင့်ဟသွားပါတယ်။

ZAWGYI

ဒီကေန႔ ယွဥ္ျပိဳင္ကစားတဲ့ အဂၤလန္ ယူ-၂၁ ပြဲစဥ္မွာ လီဗာပူးကြင္းလယ္လူ ကာတစ္ဂ်ံဳးနဲ႔ ခံစစ္မွဴး ရိုင္စ္ ဝီလီယမ္တို႔ဟာ ပြဲထြက္လူစာရင္းကေန ပါဝင္ခဲ့ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က အဂၤလန္အသင္းနဲ႔ ေလ့က်င့္ေရးမွာ ဒန္နီအင့္နဲ႔ ျပန္လည္ ဆံုေတြ႔ရတာကို ဝမ္းသာေနျပီး ဒီဘဲကို သတိရေနခဲ့တာလို႔ တြစ္တာကေန ထုတ္ေဖာ္လိုက္ပါတယ္။

ေဘာလံုးအသင္းေတြကို လူမႈကြန္ယက္တစ္ခုျဖစ္တဲ့ တြစ္တာမွာ အားေပးၾကတဲ့ ပရိသတ္ေတြထဲမွာ အေယာင္ေဆာင္ ပရိသတ္ အမ်ားဆံုး တိုးပြားေနတဲ့ ကလပ္ေတြထဲ လီဗာပူးလည္း ပါဝင္လာပါတယ္။

လီဗာပူးအသင္းဟာ ေနာက္ႏွစ္ေႏြမွာ ဂ်ာမနီကလပ္ လိုက္ဇစ္အသင္းမွ ျပင္သစ္သား ခံစစ္မွဴး အူပါမီကာႏိုကို ေခၚယူလိုေနေၾကာင္း ဂ်ာမနီသတင္းဌာန Sport Bild က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းဟာ ကြင္းလယ္လူ ဂရုဂ်စ္ကို ေပၚတူဂီကလပ္ ေပၚတိုအသင္းထံ တစ္ရာသီ အငွားစာခ်ဳပ္ျဖင့္ ေစလႊတ္ခဲ့ေၾကာင္းကို အသင္းဝဘ္ဆိုဒ္ကေန အတည္ျပဳပါတယ္။

ဗန္ဒိုက္က BBC ရဲ႕ ‘No Passion No Point’ ပရိုဂရမ္မွာ အန္ဖီးကြင္းမွာ အသင္းကို ေကာင္းေကာင္းဆိုးဆိုး အျမဲတမ္း အားေပးေနၾကတဲ့ ပရိသတ္ေတြကို လြမ္းမိေၾကာင္း ဖြင့္ဟသြားပါတယ္။

ဆာလက္ဟာ လီဗာပူးျမိဳ႔မွာ သူ႔ရဲ႕ ကားကို ဆီျဖည့္ေနစဥ္ လမ္းေတေလအဖြဲ႔ရဲ႕ တိုက္ခိုက္မႈကို ခံေနရတဲ့ အိမ္ယာမဲ့တစ္ဦးကို အကာအကြယ္ေပးခဲ့တယ္။ ဒါ့အျပင္ ဆာလက္ဟာ အဆိုပါ အိမ္ယာမဲ့ကို ေပါင္ ၁၀၀ ေငြသားေပးခဲ့ျပီး အကူအညီ ေပးခဲ့ပါေသးတယ္။

ျဗိတိန္သတင္းစာ the Independent ရဲ႕ ေဘာလံုးဆိုင္ရာ အၾကီးအကဲ Miguel Delaney က ဆန္ခ်ိဳဟာ ယူႏုိက္တက္ထက္ လီဗာပူးနဲ႔ ဘိုင္ယန္ တစ္သင္းသင္းကိုပဲ ေရာက္လိမ့္မယ္လို႔ ထုတ္ေဖာ္လိုက္ပါတယ္။

ဘာစီလိုနာထံ ေျပာင္းေရႊ႔မယ္ဆိုတဲ့ ကိစၥနဲ႔ ပက္သက္လို႔ ဝိုက္နယ္ဒမ္က “ ဘာစီလိုနာက က်ေနာ္ကို ေခၚယူဖို႔ အရမ္း စိတ္အားထက္သန္ခဲ့တယ္လို႔ မထင္ဘူးဗ်။ ခင္ဗ်ားတို႔က ထင္ထားတာထက္ သတင္းေတြကို ပိုဖတ္ခဲ့ရတာပါ။ မဟုတ္ရင္လည္း ျဖစ္လာႏုိင္တာကို ပိုမို မွန္းဆခဲ့ၾကတာျဖစ္ပါတယ္။ ” လို႔ ဖြင့္ဟသြားပါတယ္။