အခုပြောပြမှာက ဒရာမာဇာတ်လမ်း ဆန်ကောင်းဆန်နေပါမယ်။ ဒါပေမယ့်လို့ ၁၉ နှစ်သားလေး ရိုင်စ် ဝီလီယမ်အတွက်ကတော့ အိပ်မက်ဆန်ဆန် ကိစ္စတွေက အမှန်တကယ် ဖြစ်လာခဲ့ခြင်းပါပဲ။

လီဗာပူးပရိသတ်တွေထဲမှာ ရိုင်စ် ဝီလီယမ်အကြောင်းကို သိပ်မသိကြပါဘူး။ ဘယ်သူမှလည်း သူဘယ်သူလည်းဆိုတာကို သိပ်မသိကြပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်က အင်္ဂလန်ဘောလုံးလောကမှာ နံပါတ် ၆ အဆင့် တနည်းအားဖြင့် လိဂ်တူထက်တောင် နှစ်ဆင့်နိမ့်တဲ့ အပျော်တမ်းလိဂ်မှာ အငှားထွက်ကစားရတဲ့ ကောင်လေးက လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်မှာ ကစားခွင့်ရလာတယ်။

ဧပရယ်လမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဗြိတိန်ပြည်တွင်းမှာ အပျော်တန်းလိဂ်တွေ အားလုံးကို ဆက်မကစားစေဘဲ ဖျက်သိမ်းခဲ့တာကြောင့် ရိုင်စ်ဟာ လီဗာပူးကို ပြန်လာရတယ်။ လီဗာပူးကို ပြန်ရောက်ချိန်ထိ အနာဂတ်က မသေချာခဲ့ပါဘူး။

ရိုင်စ်က ယူ-၁၀ အသင်းမှာတည်းက လီဗာပူးနဲ့ ပူပေါင်းနေခဲ့ပြီး သူဟာ အက်ဖ်အေလူငယ်ဖလား အနိုင်ရ လီဗာပူးအသင်းသားလည်း ဖြစ်တယ်။ ဒါပေမယ့်လို့ အခြားသော အသင်းဖော်ဖြစ်တဲ့ နီကိုးနဲ့ ကာတစ်ဂျုံးလို စီနီယာအဆင့်ကို ပုံမှန်အတိုင်း ရောက်လာခဲ့ခြင်း မဟုတ်ဘဲ အကြပ်အတည်းတွေက သူ့ကို နေရာရလာဖို့ တွန်းအားတွေ ဖြစ်လာစေခဲ့တယ်။

ဒီရာသီ Lincoln နဲ့ ကစားတဲ့ ကာရာဘောင်းပွဲက ရိုင်စ်အတွက် လီဗာပူးကစားသမားဘဝ ပထမဆုံး ပွဲထွက်ခွင့်ရခြင်းလည်း ဖြစ်ခဲ့တယ်။ အဲ့နောက် အာဆင်နယ်နဲ့ပွဲမှာလည်း ကစားခဲ့ရကာ စက်တင်ဘာလမှာ ကလပ်နဲ့ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တယ်။ အေဂျက်နဲ့ပွဲမှာတော့ လူစားဝင်လာပြီး လီဗာပူးရဲ့ ချန်ပီယံလိဂ်သမိုင်းမှာ ၁၁ ဦးမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

လီဗာပူးခံစစ်မှာ ဟိုဗာ၊ ဗန်ဒန်ဘယ်ရာတို့ မျှော်လင့်ခြင်းတွေ ခံခဲ့ရပေမယ့် ဟိုဗာက ဝုဗ်ကို ရောင်းထုတ်ခံရပြီး ဗန်ဒန်ဘယ်ရာကလည်း တိုးတက်မှုတွေ လိုအပ်နေသေးတယ်။ ရာသီကြိုမှာ ဘီလီ ကိုမတ်တီယိုရဲ့ မြင့်မားတဲ့ အရပ်အမောင်း ကြံ့ခိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေကြောင့် ပရိသတ်မျက်စိကျခဲ့တယ်။ ဒါပေမယ့်လို့ ရိုင်စ် ဝီလီယမ်ကပဲ ကလော့ပ် ရွေးချယ်တဲ့ လူငယ် ဖြစ်လာပါတယ်။

ရိုင်စ်ရဲ့ စံပြကစားသမားက ဗန်ဒိုက်ပါ။ ဒါကြောင့် သူ့ရဲ့ ကစားဟန်က ဗန်ဒိုက်နဲ့ ဆင်တူမှုတွေ ရှိပါတယ်။ ယာဂင်ဟာ ဗဟိုခံစစ်မှူးနေရာအတွက် သူ့စိတ်ကြိုက် ကစားသမားကို မွေးထုတ်လိုနေပြီး အရပ် ၆ ပေ ၃ လက်မရှိကာ ဘောလုံးဖြန့်ဝေမှုကောင်းတဲ့ ရိုင်စ်ကို မြင်ခဲ့တာဖြစ်တယ်။

ကလော့ပ်ဟာ မက်ဟမ်းမားလို ကစားသမားကို ကမ္ဘာအဆင့် ခံစစ်မှူးဖြစ်လာဖို့ ပျိုးထောင်ပေးခဲ့သူပါ။ သူ့လက်ထက်မှာ ထရန့်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာအစွန်လူ ဖြစ်လာခဲ့တယ်။ ဒီတစ်ကြိမ် ခံစစ်က လိုအပ်ချက် ရှိနေချိန်မှာ ရိုင်စ် ဝီလီယမ်က တောက်ပလာဖို့ မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

ZAWGYI

အခုေျပာျပမွာက ဒရာမာဇာတ္လမ္း ဆန္ေကာင္းဆန္ေနပါမယ္။ ဒါေပမယ့္လို႔ ၁၉ ႏွစ္သားေလး ရိုင္စ္ ဝီလီယမ္အတြက္ကေတာ့ အိပ္မက္ဆန္ဆန္ ကိစၥေတြက အမွန္တကယ္ ျဖစ္လာခဲ့ျခင္းပါပဲ။

လီဗာပူးပရိသတ္ေတြထဲမွာ ရိုင္စ္ ဝီလီယမ္အေၾကာင္းကို သိပ္မသိၾကပါဘူး။ ဘယ္သူမွလည္း သူဘယ္သူလည္းဆိုတာကို သိပ္မသိၾကပါဘူး။ လြန္ခဲ့တဲ့ ၁ ႏွစ္က အဂၤလန္ေဘာလံုးေလာကမွာ နံပါတ္ ၆ အဆင့္ တနည္းအားျဖင့္ လိဂ္တူထက္ေတာင္ ႏွစ္ဆင့္နိမ့္တဲ့ အေပ်ာ္တမ္းလိဂ္မွာ အငွားထြက္ကစားရတဲ့ ေကာင္ေလးက လီဗာပူးနဲ႔အတူ ခ်န္ပီယံလိဂ္မွာ ကစားခြင့္ရလာတယ္။

ဧပရယ္လမွာ ကိုဗစ္-၁၉ ကပ္ေဘးေၾကာင့္ ျဗိတိန္ျပည္တြင္းမွာ အေပ်ာ္တန္းလိဂ္ေတြ အားလံုးကို ဆက္မကစားေစဘဲ ဖ်က္သိမ္းခဲ့တာေၾကာင့္ ရိုင္စ္ဟာ လီဗာပူးကို ျပန္လာရတယ္။ လီဗာပူးကို ျပန္ေရာက္ခ်ိန္ထိ အနာဂတ္က မေသခ်ာခဲ့ပါဘူး။

ရိုင္စ္က ယူ-၁၀ အသင္းမွာတည္းက လီဗာပူးနဲ႔ ပူေပါင္းေနခဲ့ျပီး သူဟာ အက္ဖ္ေအလူငယ္ဖလား အႏုိင္ရ လီဗာပူးအသင္းသားလည္း ျဖစ္တယ္။ ဒါေပမယ့္လို႔ အျခားေသာ အသင္းေဖာ္ျဖစ္တဲ့ နီကိုးနဲ႔ ကာတစ္ဂ်ံဳးလို စီနီယာအဆင့္ကို ပံုမွန္အတိုင္း ေရာက္လာခဲ့ျခင္း မဟုတ္ဘဲ အၾကပ္အတည္းေတြက သူ႔ကို ေနရာရလာဖို႔ တြန္းအားေတြ ျဖစ္လာေစခဲ့တယ္။

ဒီရာသီ Lincoln နဲ႔ ကစားတဲ့ ကာရာေဘာင္းပြဲက ရိုင္စ္အတြက္ လီဗာပူးကစားသမားဘဝ ပထမဆံုး ပြဲထြက္ခြင့္ရျခင္းလည္း ျဖစ္ခဲ့တယ္။ အဲ့ေနာက္ အာဆင္နယ္နဲ႔ပြဲမွာလည္း ကစားခဲ့ရကာ စက္တင္ဘာလမွာ ကလပ္နဲ႔ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တယ္။ ေအဂ်က္နဲ႔ပြဲမွာေတာ့ လူစားဝင္လာျပီး လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္သမိုင္းမွာ ၁၁ ဦးေျမာက္ အသက္အငယ္ဆံုး ကစားသမားျဖစ္လာခဲ့ပါတယ္။

လီဗာပူးခံစစ္မွာ ဟိုဗာ၊ ဗန္ဒန္ဘယ္ရာတို႔ ေမွ်ာ္လင့္ျခင္းေတြ ခံခဲ့ရေပမယ့္ ဟိုဗာက ဝုဗ္ကို ေရာင္းထုတ္ခံရျပီး ဗန္ဒန္ဘယ္ရာကလည္း တိုးတက္မႈေတြ လိုအပ္ေနေသးတယ္။ ရာသီၾကိဳမွာ ဘီလီ ကိုမတ္တီယိုရဲ႕ ျမင့္မားတဲ့ အရပ္အေမာင္း ၾကံ႕ခိုင္တဲ့ ရုပ္ပိုင္းဆိုင္ရာေတြေၾကာင့္ ပရိသတ္မ်က္စိက်ခဲ့တယ္။ ဒါေပမယ့္လို႔ ရိုင္စ္ ဝီလီယမ္ကပဲ ကေလာ့ပ္ ေရြးခ်ယ္တဲ့ လူငယ္ ျဖစ္လာပါတယ္။

ရိုင္စ္ရဲ႕ စံျပကစားသမားက ဗန္ဒိုက္ပါ။ ဒါေၾကာင့္ သူ႔ရဲ႕ ကစားဟန္က ဗန္ဒိုက္နဲ႔ ဆင္တူမႈေတြ ရွိပါတယ္။ ယာဂင္ဟာ ဗဟိုခံစစ္မွဴးေနရာအတြက္ သူ႔စိတ္ၾကိဳက္ ကစားသမားကို ေမြးထုတ္လိုေနျပီး အရပ္ ၆ ေပ ၃ လက္မရွိကာ ေဘာလံုးျဖန္႔ေဝမႈေကာင္းတဲ့ ရိုင္စ္ကို ျမင္ခဲ့တာျဖစ္တယ္။

ကေလာ့ပ္ဟာ မက္ဟမ္းမားလို ကစားသမားကို ကမၻာအဆင့္ ခံစစ္မွဴးျဖစ္လာဖို႔ ပ်ိဳးေထာင္ေပးခဲ့သူပါ။ သူ႔လက္ထက္မွာ ထရန္႔ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ညာအစြန္လူ ျဖစ္လာခဲ့တယ္။ ဒီတစ္ၾကိမ္ ခံစစ္က လိုအပ္ခ်က္ ရွိေနခ်ိန္မွာ ရိုင္စ္ ဝီလီယမ္က ေတာက္ပလာဖို႔ ေမွ်ာ္လင့္ေနၾကမွာ ျဖစ္ပါတယ္။