အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ မစ်ဂျီရန်အသင်းတို့ရဲ့ ပွဲကတော့ ၂-၀ ရလဒ် ထွက်ပေါ်ခဲ့ကာ အုပ်စုတွင်း အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ပါတယ်။ပါတယ်။

ဒီပွဲအတွက် အဓိက ပြောစရာက ဖာဘင်ညို ဒဏ်ရာရခဲ့တဲ့ ကိစ္စဖြစ်ကာ အဆိုပါ အနေအထားကြောင့် လီဗာပူးအသင်းမှာ ကြံ့ခိုင်မှုကောင်းနေတဲ့ ဗဟိုခံစစ်မှူးဆိုလို့ ဂိုးမက်စ် တစ်ဦးပဲ ကျန်ရှိတော့မှာဖြစ်တယ်။ ဒါဟာ ပွဲကြပ်ကာလအတွက် စိတ်ပူစရာဖြစ်ပြီး ဖာဘင်ညိုနေရာ ရိုင်စ် ဝီလီယမ် လူစားဝင် ကစားခဲ့ရတယ်။

ဖာဘင်ညိုရဲ့ ဒဏ်ရာနဲ့ ပက်သက်လို့ ပွဲအပြီးမှာ ကလော့ပ်က တံကောက်ကြော ဒဏ်ရာ ရသွားတာလို့ ဝန်ခံပေမယ့် ဘယ်လောက်ကြာမယ် မဖြေပေးပါဘူး။ လီဗာပူးမှာ ဗန်ဒိုက် ကာလရှည် ဒဏ်ရာထားသလို မာတစ်ကလည်း အဲဗာတန်နဲ့ပွဲမှာတည်းက ကြွက်သားဒဏ်ရာ ရထားခဲ့တာပါ။ လက်ရှိမှာ ဂိုးမက်စ် တစ်ဦးပဲ ကျန်ရှိနေပြီး လူငယ် တစ်ဦးဦးနဲ့ တွဲဘက်ပေးရမယ့် အနေအထားဖြစ်တယ်။

ပိုဆိုးတာက မစ်ဂျီရန်ရဲ့ ကစားပုံက ညစ်တဲ့ဘက်ကို ရောက်နေခဲ့ပြီး အသာလွတ် လူချမှုတွေကြောင့် အဝါကဒ်တွေ ပလူပျံခဲ့တယ်။ ကွင်းလယ်အပြင် မလိုအပ်တဲ့ အနေအထားအဖြစ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို နာကျင်အောင် သိသာစွာ လူချမှုအတွက် ကလော့ပ် ပေါက်ကွဲခဲ့ပါတယ်။

ဟန်ဒါဆန်ကို လူချမှုတဲ့ ဖြစ်ရပ်အပြီးမှာ ကလော့ပ်က မစ်ဂျီရန် မန်နေဂျာနားကို ဒေါသတကြီး လျှောက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အော်ဟစ်ခဲ့တယ်။ အဲ့နောက်ပိုင်းမှာ မစ်ဂျီရန်မန်နေဂျာက ကလော့ပ်နဲ့ ဝေးဝေးကို ရှောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာတော့ ဟန်ဒါဆန်ကို လူစားလဲခဲ့ပြီး ပွဲကြမ်းနေမှုကို ရှောင်ဖို့က အဓိကဖြစ်တယ်လို့ သိရတယ်။

သီယာဂို ဒဏ်ရာက ပြန်သက်သာလာပေမယ့်လည်း ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ရဲ့ စိတ်ပူစရာ အခြေအနေကြောင့် လီဗာပူးပရိသတ်တွေအတွက် ခေါင်းကိုက်စရာ ဒဏ်ရာပြဿနာက လျော့ပါးသွားမှာ မဟုတ်ဘူး။ ဒါတွေကို အဖြေရှာဖို့ ကလော့ပ်နဲ့ နည်းပြ အဖွဲ့ဝင်တွေ အတော်လေး ခေါင်းခဲနေမှာ ဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ လီဗာပူးနဲ႔ မစ္ဂ်ီရန္အသင္းတို႔ရဲ႕ ပြဲကေတာ့ ၂-၀ ရလဒ္ ထြက္ေပၚခဲ့ကာ အုပ္စုတြင္း အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္ပါတယ္။ပါတယ္။

ဒီပြဲအတြက္ အဓိက ေျပာစရာက ဖာဘင္ညိဳ ဒဏ္ရာရခဲ့တဲ့ ကိစၥျဖစ္ကာ အဆိုပါ အေနအထားေၾကာင့္ လီဗာပူးအသင္းမွာ ၾကံ႕ခိုင္မႈေကာင္းေနတဲ့ ဗဟိုခံစစ္မွဴးဆိုလို႔ ဂိုးမက္စ္ တစ္ဦးပဲ က်န္ရွိေတာ့မွာျဖစ္တယ္။ ဒါဟာ ပြဲၾကပ္ကာလအတြက္ စိတ္ပူစရာျဖစ္ျပီး ဖာဘင္ညိဳေနရာ ရိုင္စ္ ဝီလီယမ္ လူစားဝင္ ကစားခဲ့ရတယ္။

ဖာဘင္ညိဳရဲ႕ ဒဏ္ရာနဲ႔ ပက္သက္လို႔ ပြဲအျပီးမွာ ကေလာ့ပ္က တံေကာက္ေၾကာ ဒဏ္ရာ ရသြားတာလို႔ ဝန္ခံေပမယ့္ ဘယ္ေလာက္ၾကာမယ္ မေျဖေပးပါဘူး။ လီဗာပူးမွာ ဗန္ဒိုက္ ကာလရွည္ ဒဏ္ရာထားသလို မာတစ္ကလည္း အဲဗာတန္နဲ႔ပြဲမွာတည္းက ၾကြက္သားဒဏ္ရာ ရထားခဲ့တာပါ။ လက္ရွိမွာ ဂိုးမက္စ္ တစ္ဦးပဲ က်န္ရွိေနျပီး လူငယ္ တစ္ဦးဦးနဲ႔ တြဲဘက္ေပးရမယ့္ အေနအထားျဖစ္တယ္။

ပိုဆိုးတာက မစ္ဂ်ီရန္ရဲ႕ ကစားပံုက ညစ္တဲ့ဘက္ကို ေရာက္ေနခဲ့ျပီး အသာလြတ္ လူခ်မႈေတြေၾကာင့္ အဝါကဒ္ေတြ ပလူပ်ံခဲ့တယ္။ ကြင္းလယ္အျပင္ မလိုအပ္တဲ့ အေနအထားအျဖစ္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို နာက်င္ေအာင္ သိသာစြာ လူခ်မႈအတြက္ ကေလာ့ပ္ ေပါက္ကြဲခဲ့ပါတယ္။

ဟန္ဒါဆန္ကို လူခ်မႈတဲ့ ျဖစ္ရပ္အျပီးမွာ ကေလာ့ပ္က မစ္ဂ်ီရန္ မန္ေနဂ်ာနားကို ေဒါသတၾကီး ေလွ်ာက္သြားျပီး လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ ေအာ္ဟစ္ခဲ့တယ္။ အဲ့ေနာက္ပိုင္းမွာ မစ္ဂ်ီရန္မန္ေနဂ်ာက ကေလာ့ပ္နဲ႔ ေဝးေဝးကို ေရွာင္ေနခဲ့ပါတယ္။ ဒုတိယပိုင္း အစမွာေတာ့ ဟန္ဒါဆန္ကို လူစားလဲခဲ့ျပီး ပြဲၾကမ္းေနမႈကို ေရွာင္ဖို႔က အဓိကျဖစ္တယ္လို႔ သိရတယ္။

သီယာဂို ဒဏ္ရာက ျပန္သက္သာလာေပမယ့္လည္း ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ရဲ႕ စိတ္ပူစရာ အေျခအေနေၾကာင့္ လီဗာပူးပရိသတ္ေတြအတြက္ ေခါင္းကိုက္စရာ ဒဏ္ရာျပႆနာက ေလ်ာ့ပါးသြားမွာ မဟုတ္ဘူး။ ဒါေတြကို အေျဖရွာဖို႔ ကေလာ့ပ္နဲ႔ နည္းျပ အဖြဲ႔ဝင္ေတြ အေတာ္ေလး ေခါင္းခဲေနမွာ ျဖစ္ပါတယ္။