လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ဒိန်းမတ်ကလပ် မစ်ဂျာရန်ကို ဧည့်ခံကစားပြီး ဂျိုတာနဲ့ ဆာလက်တို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရကာ အုပ်စုဗိုလ်နေရာကို ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က အဓိက တိုက်စစ်တွဲလုံး တစ်ခုလုံးကို ချန်ခဲ့ပြီး မီနာမီနို၊ အိုရီဂီ၊ ရှာကွီရီတို့ကို ဂျိုတာနဲ့ တွဲဘက်ပေးပြီး ၄-၂-၃-၁ ပုံစံ ကစားခဲ့တယ်။ ခံစစ်နဲ့ ကွင်းလယ်ကိုပဲ အဓိက ကစားသမားတွေ ထုတ်သုံးခဲ့ကာ အလှည့်ကျစနစ်ဖြင့် အဓိက တိုက်စစ်သမားတွေကို အနားပေးခဲ့ခြင်း ဖြစ်ပါတယ်။

ပထမပိုင်းအဖွင့်မှာ အသင်းရဲ့ ကစားပုံက စိတ်လှုပ်ရှားဖို့ မကောင်းခဲ့ပါဘူး။ မစ်ဂျာရန်ရဲ့ ဖိအားပေးမှုတွေကိုတောင် ခံနေခဲ့ရပြီး တစ်သင်းလုံးက ထရန့်၊ ရိုဘိုနဲ့ ဟန်ဒါဆန်ရဲ့ ဘောလုံးထုတ်မှုကိုပဲ မှီခိုနေခဲ့ရတယ်။ တိုက်စစ်သမား ၄ ဦးက တစ်ဦးချင်း ကစားဖို့ပဲ လုပ်နိုင်ခဲ့ကာ တွဲဘက် လုပ်ဆောင်နိုင်စွမ်းတွေ လုံးဝ ပျောက်ဆုံးနေခဲ့တယ်။

လီဗာပူးက ကစားကွက် ပြန်မိလာချိန်မှာ မစ်ဂျာရန်အသင်းရဲ့ ခပ်ကြမ်းကြမ်း ကစားမှုကလည်း အခက်တွေ့စေခဲ့တယ်။ ဒိန်းမတ်ကလပ်ဟာ ဘောလုံးကို ကောင်းကောင်းကစား နေရင်းက ညစ်တဲ့ ပုံစံ ပြောင်းကစားခဲ့တာက မျက်ခုံးပင့်စရာ အနေအထားပါပဲ။ ကွင်းထဲမှာတော့ ကဒ်တွေ အတော်များခဲ့ပြီး ဒိန်းမတ်ကလပ်ရဲ့ ကစားဟန်အတွက် ကလော့ပ် ပေါက်ကွဲနေတာကို သိသာစွာ မြင်ခဲ့ရတယ်။

၄၅ မိနစ်စာ ခြေစွမ်းအရ လီဗာပူးရဲ့ တိုက်စစ် ကစားပုံက မကောင်းခဲ့ပါဘူး။ တစ်ဦးချင်း ထိုးဖောက်မှု၊ အသင်းလိုက် ထိုးဖောက်မှု မရှိခဲ့ကာ တိုက်စစ်ခြိမ်းခြောက်မှု ၁ ကြိမ်တောင်မရှိခဲ့ဘူး။ ဂိုးပေါက် ခြိမ်းခြောက်မှု လုံးဝမရှိဘူးလို့ ဆိုရပါမယ်။ ပထမပိုင်းမှာ ပြောစရာဆိုလို့ ထရန့်ရဲ့ တစ်ဦးချင်း ကျော်ဖြတ်မှုနဲ့ ဖာဘင်ညို ဒဏ်ရာရသွားတာလောက်ပဲ ရှိပါလိမ့်မယ်။

ဒဏ်ရာရသွားတဲ့ ဖာဘင်ညိုနေရာ လူငယ်လေး ရိုင်စ် ဝီလီယမ် လူစားဝင်ခဲ့ရတာကြောင့် ဝက်ဟမ်း၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲတွေအတွက် ဗဟိုခံစစ်ပြဿနာက ခေါင်းကိုက်စရာပါပဲ။

ဒုတိယပိုင်းမှာတော့ အစောပိုင်း ၄၅ မိနစ်မှာ မစ်ဂျာရန်ရဲ့ ပစ်မှတ်ထား လူချခြင်း ခံထားရတဲ့ ဟန်ဒါဆန်ကို ဝိုက်နယ်ဒမ်ဖြင့် လူစားလဲခဲ့တယ်။ ဒဏ်ရာကြောင့်ထပ် နည်းစနစ်ပိုင်းအရကော ဟန်ဒါဆန် ဒဏ်ရာ ပြင်းထန်မှာ စိုးရိမ်ခြင်းကြောင့်ပါ လူစားလဲခြင်းလို့ ယူဆရတယ်။ သိပ်မကြာခင်မှာပဲ အရန်ခုံပေါ် ဟန်ဒါဆန် တက်လာတာကို မြင်ရပါတယ်။

အသင်းက ဖိကစားနေရင်း ရှာကွီရီ၊ ထရန့်နဲ့ ဂျိုတာ တွဲလုံးကနေ သမိုင်းဝင် သွင်းဂိုး တစ်ဂိုးကို ဂျိုတာက သွင်းယူပါတယ်။ ဒီသွင်းဂိုးကြောင့် ဂျိုတာဟာ လီဗာပူးသမိုင်းမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀၀၀ မြောက်ကို သွင်းယူသူ ဖြစ်လာခဲ့တယ်။

ဖာဘင်ညိုနေရာ ရိုင်စ် ဝင်လာပြီးနောက်မှာ လီဗာပူးက ခံစစ်ကနေ ဘောလုံးထုတ်မှုတွေအစား ခံစစ်ကို အမှားမခံတဲ့ ပုံစံဖြင့် ကစားကွက် တည်ဆောက်လာခဲ့တယ်။ ရော်ဘတ်ဆန် တိုက်စစ်လိုက်မှု နည်းသွားခဲ့ပြီး ဆာလက်နဲ့ မာနေးတို့ အိုရီဂီနဲ့ မီနာမီနိုနေရာ ဝင်လာမှပဲ တိုက်စစ်ကို ပြန်လည် လိုက်ပါလာခဲ့တယ်။ မာနေးတို့ ဝင်လာပြီး နောက်မှာ ရှာကွီရီရဲ့ ကစားပုံက တက်လာခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က နောက်ပိုင်းပွဲတွေမှာ လုပ်လာတဲ့ အပြုအမှုအတိုင်း ပွဲပြီးခါနီးမှာ အဓိက ကစားသမားတွေ ထုတ်သုံးခဲ့တယ်။ မင်နယ်တီ စပေါ့ကနေ ဖာမင်နို မိုးပေါ်ထောင်ကန်ခဲ့တာကတော့ ရင်နာစရာပါပဲ။ အဓိက ကစားသမားတွေ ပါဝင်လာတဲ့နောက် အသင်းရဲ့ ကစားပုံက ထူးထူးခြားခြား တက်လာတယ်လို့ ပြောမရပေမယ့် ပိုမို လုပ်နိုင်စွမ်း ရှိလာခဲ့တယ်။

အသင်းဘက်က ထိုးဖောက်ဖို့ ကြိုးစားလိုက်၊ အခွင့်အရေးရှာလိုက်နဲ့ မိနစ် ၉၀ ပြီးဆုံးခါနီးမှာတော့ ဆာလက်ကို ပြိုင်ဘက် ခံစစ်သမား နောက်ကနေ ချိတ်ရာက ပင်နယ်တီ ရခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီကို ဆာလက်က တာဝန်ယူ ကန်သွင်းခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။

ဒီကနေ့ပွဲမှာ ဝန်ခံစရာက လီဗာပူးရဲ့ ကစားပုံက အရမ်း မကောင်းခဲ့ပါဘူး။ ဒါပေမယ့် နိုင်ပွဲရဖို့ အရမ်းကောင်းနေဖို့လည်း မလိုခဲ့ဘူး။ ပုံမှန်အတိုင်းပဲ ကစားရင်း အနိုင်ရခဲ့ကာ အခြားတစ်ဘက်မှာတော့ အေဂျက်နဲ့ အတ္တလန်တာက သရေကျခဲ့တာကြောင့် အုပ်စုတွင်းမှာ လီဗာပူးက ၆ မှတ်၊ အတ္တလန်တာက ၄ မှတ်နဲ့ အေဂျက်က ၁ မှတ်ဖြစ်ကာ မစ်ဂျာရန်က အမှတ်မရသေးကာ လီဗာပူးက အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အန္ဖီးကြင္းမွာ ဒိန္းမတ္ကလပ္ မစ္ဂ်ာရန္ကို ဧည့္ခံကစားျပီး ဂ်ိဳတာနဲ႔ ဆာလက္တို႔ရဲ႕ သြင္းဂိုးေတြျဖင့္ အႏုိင္ရကာ အုပ္စုဗိုလ္ေနရာကို ဆက္လက္ သိမ္းပိုက္ထားဆဲ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က အဓိက တိုက္စစ္တြဲလံုး တစ္ခုလံုးကို ခ်န္ခဲ့ျပီး မီနာမီႏို၊ အိုရီဂီ၊ ရွာကီြရီတို႔ကို ဂ်ိဳတာနဲ႔ တြဲဘက္ေပးျပီး ၄-၂-၃-၁ ပံုစံ ကစားခဲ့တယ္။ ခံစစ္နဲ႔ ကြင္းလယ္ကိုပဲ အဓိက ကစားသမားေတြ ထုတ္သံုးခဲ့ကာ အလွည့္က်စနစ္ျဖင့္ အဓိက တိုက္စစ္သမားေတြကို အနားေပးခဲ့ျခင္း ျဖစ္ပါတယ္။

ပထမပိုင္းအဖြင့္မွာ အသင္းရဲ႕ ကစားပံုက စိတ္လႈပ္ရွားဖို႔ မေကာင္းခဲ့ပါဘူး။ မစ္ဂ်ာရန္ရဲ႕ ဖိအားေပးမႈေတြကိုေတာင္ ခံေနခဲ့ရျပီး တစ္သင္းလံုးက ထရန္႔၊ ရိုဘိုနဲ႔ ဟန္ဒါဆန္ရဲ႕ ေဘာလံုးထုတ္မႈကိုပဲ မွီခိုေနခဲ့ရတယ္။ တိုက္စစ္သမား ၄ ဦးက တစ္ဦးခ်င္း ကစားဖို႔ပဲ လုပ္ႏုိင္ခဲ့ကာ တြဲဘက္ လုပ္ေဆာင္ႏုိင္စြမ္းေတြ လံုးဝ ေပ်ာက္ဆံုးေနခဲ့တယ္။

လီဗာပူးက ကစားကြက္ ျပန္မိလာခ်ိန္မွာ မစ္ဂ်ာရန္အသင္းရဲ႕ ခပ္ၾကမ္းၾကမ္း ကစားမႈကလည္း အခက္ေတြ႔ေစခဲ့တယ္။ ဒိန္းမတ္ကလပ္ဟာ ေဘာလံုးကို ေကာင္းေကာင္းကစား ေနရင္းက ညစ္တဲ့ ပံုစံ ေျပာင္းကစားခဲ့တာက မ်က္ခံုးပင့္စရာ အေနအထားပါပဲ။ ကြင္းထဲမွာေတာ့ ကဒ္ေတြ အေတာ္မ်ားခဲ့ျပီး ဒိန္းမတ္ကလပ္ရဲ႕ ကစားဟန္အတြက္ ကေလာ့ပ္ ေပါက္ကြဲေနတာကို သိသာစြာ ျမင္ခဲ့ရတယ္။

၄၅ မိနစ္စာ ေျခစြမ္းအရ လီဗာပူးရဲ႕ တိုက္စစ္ ကစားပံုက မေကာင္းခဲ့ပါဘူး။ တစ္ဦးခ်င္း ထိုးေဖာက္မႈ၊ အသင္းလိုက္ ထိုးေဖာက္မႈ မရွိခဲ့ကာ တိုက္စစ္ျခိမ္းေျခာက္မႈ ၁ ၾကိမ္ေတာင္မရွိခဲ့ဘူး။ ဂိုးေပါက္ ျခိမ္းေျခာက္မႈ လံုးဝမရွိဘူးလို႔ ဆိုရပါမယ္။ ပထမပိုင္းမွာ ေျပာစရာဆိုလို႔ ထရန္႔ရဲ႕ တစ္ဦးခ်င္း ေက်ာ္ျဖတ္မႈနဲ႔ ဖာဘင္ညိဳ ဒဏ္ရာရသြားတာေလာက္ပဲ ရွိပါလိမ့္မယ္။

ဒဏ္ရာရသြားတဲ့ ဖာဘင္ညိဳေနရာ လူငယ္ေလး ရိုင္စ္ ဝီလီယမ္ လူစားဝင္ခဲ့ရတာေၾကာင့္ ဝက္ဟမ္း၊ အတၱလန္တာ၊ မန္စီးတီးတို႔နဲ႔ ယွဥ္ျပိဳင္ရမယ့္ ပြဲေတြအတြက္ ဗဟိုခံစစ္ျပႆနာက ေခါင္းကိုက္စရာပါပဲ။

ဒုတိယပိုင္းမွာေတာ့ အေစာပိုင္း ၄၅ မိနစ္မွာ မစ္ဂ်ာရန္ရဲ႕ ပစ္မွတ္ထား လူခ်ျခင္း ခံထားရတဲ့ ဟန္ဒါဆန္ကို ဝိုက္နယ္ဒမ္ျဖင့္ လူစားလဲခဲ့တယ္။ ဒဏ္ရာေၾကာင့္ထပ္ နည္းစနစ္ပိုင္းအရေကာ ဟန္ဒါဆန္ ဒဏ္ရာ ျပင္းထန္မွာ စိုးရိမ္ျခင္းေၾကာင့္ပါ လူစားလဲျခင္းလို႔ ယူဆရတယ္။ သိပ္မၾကာခင္မွာပဲ အရန္ခံုေပၚ ဟန္ဒါဆန္ တက္လာတာကို ျမင္ရပါတယ္။

အသင္းက ဖိကစားေနရင္း ရွာကီြရီ၊ ထရန္႔နဲ႔ ဂ်ိဳတာ တြဲလံုးကေန သမိုင္းဝင္ သြင္းဂိုး တစ္ဂိုးကို ဂ်ိဳတာက သြင္းယူပါတယ္။ ဒီသြင္းဂိုးေၾကာင့္ ဂ်ိဳတာဟာ လီဗာပူးသမိုင္းမွာ ျပိဳင္ပြဲစံု သြင္းဂိုး ၁၀၀၀၀ ေျမာက္ကို သြင္းယူသူ ျဖစ္လာခဲ့တယ္။

ဖာဘင္ညိဳေနရာ ရိုင္စ္ ဝင္လာျပီးေနာက္မွာ လီဗာပူးက ခံစစ္ကေန ေဘာလံုးထုတ္မႈေတြအစား ခံစစ္ကို အမွားမခံတဲ့ ပံုစံျဖင့္ ကစားကြက္ တည္ေဆာက္လာခဲ့တယ္။ ေရာ္ဘတ္ဆန္ တိုက္စစ္လိုက္မႈ နည္းသြားခဲ့ျပီး ဆာလက္နဲ႔ မာေနးတို႔ အိုရီဂီနဲ႔ မီနာမီႏိုေနရာ ဝင္လာမွပဲ တိုက္စစ္ကို ျပန္လည္ လိုက္ပါလာခဲ့တယ္။ မာေနးတို႔ ဝင္လာျပီး ေနာက္မွာ ရွာကီြရီရဲ႕ ကစားပံုက တက္လာခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ေနာက္ပိုင္းပြဲေတြမွာ လုပ္လာတဲ့ အျပဳအမႈအတိုင္း ပြဲျပီးခါနီးမွာ အဓိက ကစားသမားေတြ ထုတ္သံုးခဲ့တယ္။ မင္နယ္တီ စေပါ့ကေန ဖာမင္ႏို မိုးေပၚေထာင္ကန္ခဲ့တာကေတာ့ ရင္နာစရာပါပဲ။ အဓိက ကစားသမားေတြ ပါဝင္လာတဲ့ေနာက္ အသင္းရဲ႕ ကစားပံုက ထူးထူးျခားျခား တက္လာတယ္လို႔ ေျပာမရေပမယ့္ ပိုမို လုပ္ႏုိင္စြမ္း ရွိလာခဲ့တယ္။

အသင္းဘက္က ထိုးေဖာက္ဖို႔ ၾကိဳးစားလိုက္၊ အခြင့္အေရးရွာလိုက္နဲ႔ မိနစ္ ၉၀ ျပီးဆံုးခါနီးမွာေတာ့ ဆာလက္ကို ျပိဳင္ဘက္ ခံစစ္သမား ေနာက္ကေန ခ်ိတ္ရာက ပင္နယ္တီ ရခဲ့ပါတယ္။ အဆိုပါ ပင္နယ္တီကို ဆာလက္က တာဝန္ယူ ကန္သြင္းခ့ဲျပီး ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့တယ္။

ဒီကေန႔ပြဲမွာ ဝန္ခံစရာက လီဗာပူးရဲ႕ ကစားပံုက အရမ္း မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္ ႏုိင္ပြဲရဖို႔ အရမ္းေကာင္းေနဖို႔လည္း မလိုခဲ့ဘူး။ ပံုမွန္အတိုင္းပဲ ကစားရင္း အႏုိင္ရခဲ့ကာ အျခားတစ္ဘက္မွာေတာ့ ေအဂ်က္နဲ႔ အတၱလန္တာက သေရက်ခဲ့တာေၾကာင့္ အုပ္စုတြင္းမွာ လီဗာပူးက ၆ မွတ္၊ အတၱလန္တာက ၄ မွတ္နဲ႔ ေအဂ်က္က ၁ မွတ္ျဖစ္ကာ မစ္ဂ်ာရန္က အမွတ္မရေသးကာ လီဗာပူးက အေျခအေနေကာင္းေနဆဲ ျဖစ္ပါတယ္။