လီဗာပူးရဲ့ နောက်ဆုံး ၂ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်လာပြီး အသင်းကို အကျိုးဖြစ်နေစေတဲ့ ကွင်းလယ်လူ ရှာကွီရီက သူ့ရဲ့ ပျော်ရွှင်ကျေနပ်မှုကို ပွဲအပြီးမှာ ထုတ်ပြောပါတယ်။

ရှာကွီရီဟာ ကိုဗစ်ဆိုင်ရာ စစ်ဆေးချက် အမှားတွေ၊ ကြွက်သား ပြဿနာတွေနဲ့အတူ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပေမယ့် လက်တလောမှာ အရန်စာရင်းကနေ အသင်းကို ပြန်လည် ပံ့ပိုးမှုတွေ လုပ်ပေးလာနိုင်ပါပြီ။ ရှာကွီရီက နေရာပြန်ရဖို့ ကြိုးစားရတော့မယ်ဆိုတာ နားလည်ပေမယ့် ပွဲကစားခွင့် မိနစ်တွေ ရလာတာကို ပျော်ရွှင်နေပါတယ်။

သူကပဲ “ အသင်းလူစာရင်းမှာ ပြန်ပါလာရတာက အမြဲတမ်း ကောင်းပါတယ်။ ဒဏ်ရာတွေ ရနေခဲ့ပြီး အခုလို ပြန်လာနိုင်ဖို့က ကျနော်အတွက် အမြဲတမ်း ခက်ခဲခဲ့တယ်။ ပွဲကစားချိန် မိနစ်တွေ ပြန်ရလာတာအတွက် ပျော်ပါတယ်။ ကြံ့ခိုင်နေအောင် ဆက်နေပြီး အသင်းကို ကူညီပေးရတာကို ကြိုက်ပါတယ်။ ” လို့ ပြောပြခဲ့တယ်။

ဂျိုတာ ဂိုးသွင်းနိုင်ဖို့ ရှာကွီရီက သိပ်ကောင်းတဲ့ ဖန်တီးပေးမှု လုပ်ပေးခဲ့တယ်။ ဒါဟာ ၂၀၁၉ ခုနှစ် မေလမှာ လီဗာပူးက နယူးကာဆယ်ကို ၃-၂ ဖြင့် အနိုင်ရခဲ့စဉ် အနိုင်ဂိုးသွင်းခဲ့တဲ့ အိုရီဂီအတွက် သူလုပ်ပေးခဲ့တဲ့ ဖြတ်တင်ဘောနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ရိုက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။

ကွင်းလယ်လူက “ မယုံနိုင်စရာပါပဲ။ လူစားဝင် ကစားသမားဆိုတာက ပွဲအဖြေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားရပြီး ပွဲတွေနဲ့ ပက်သက်လို့ ဆုံးဖြတ်နိုင်အောင်လည်း လုပ်ရပါတယ်။ ဂျိုတာက ပွဲကို အဆုံးအဖြတ်ဖြစ်စေသူဖြစ်ပြီး ကျနော်က သူ့အတွက် စီစဉ်ပေးခဲ့ရတယ်။ ဒါကို ကျနေ်ာတို့ လိုနေပါတယ်။ ပြည့်စုံတဲ့ ကိစ္စ ဖြစ်ခဲ့တယ်။

ဒုတိယသွင်းဂိုးမှာ ကျနေ်ာတို့ နှစ်ယောက် ပါဝင်ပက်သက်ခဲ့ကြတယ်။ သိပ်ကောင်းတဲ့ သွင်းဂိုးပါပဲ။ အန်ဖီးမှာ အနိုင်သုံးမှတ် ရတာအတွက် သိပ်ပျော်ပါတယ် ” လို့ ပြောပါတယ်။

ချန်ပီယံလိဂ်ပွဲအဖြစ် ဒိန်းမတ်ကလပ်ကို ရင်ဆိုင်ကစားရာမှာလည်း ရှာကွီရီဟာ ထရန့်ကို အကွက်မြင့်မြင့် ဘောလုံးပေးခဲ့ပြီး ထရန့်က ဧရိယာထဲ ချပေးမှုကို ဂျိုတာကပဲ အဆုံးသတ်ခဲ့သေးတာပါ။ သူတို့ နှစ်ဦး လူစားဝင်လာမှုက လီဗာပူးအတွက် အကျိုးတွေ ဖြစ်နေခဲ့တယ်လို့ပဲ ဆိုရပါလိမ့်မယ်။

ZAwGYI

လီဗာပူးရဲ႕ ေနာက္ဆံုး ၂ ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္လာျပီး အသင္းကုိ အက်ိဳးျဖစ္ေနေစတဲ့ ကြင္းလယ္လူ ရွာကီြရီက သူ႔ရဲ႕ ေပ်ာ္ရႊင္ေက်နပ္မႈကို ပြဲအျပီးမွာ ထုတ္ေျပာပါတယ္။

ရွာကီြရီဟာ ကိုဗစ္ဆုိင္ရာ စစ္ေဆးခ်က္ အမွားေတြ၊ ၾကြက္သား ျပႆနာေတြနဲ႔အတူ ပြဲထြက္ခြင့္အတြက္ ရုန္းကန္ေနရေပမယ့္ လက္တေလာမွာ အရန္စာရင္းကေန အသင္းကို ျပန္လည္ ပံ့ပိုးမႈေတြ လုပ္ေပးလာႏုိင္ပါျပီ။ ရွာကီြရီက ေနရာျပန္ရဖို႔ ၾကိဳးစားရေတာ့မယ္ဆိုတာ နားလည္ေပမယ့္ ပြဲကစားခြင့္ မိနစ္ေတြ ရလာတာကို ေပ်ာ္ရႊင္ေနပါတယ္။

သူကပဲ “ အသင္းလူစာရင္းမွာ ျပန္ပါလာရတာက အျမဲတမ္း ေကာင္းပါတယ္။ ဒဏ္ရာေတြ ရေနခဲ့ျပီး အခုလို ျပန္လာႏုိင္ဖို႔က က်ေနာ္အတြက္ အျမဲတမ္း ခက္ခဲခဲ့တယ္။ ပြဲကစားခ်ိန္ မိနစ္ေတြ ျပန္ရလာတာအတြက္ ေပ်ာ္ပါတယ္။ ၾကံ႕ခိုင္ေနေအာင္ ဆက္ေနျပီး အသင္းကို ကူညီေပးရတာကို ၾကိဳက္ပါတယ္။ ” လို႔ ေျပာျပခဲ့တယ္။

ဂ်ိဳတာ ဂိုးသြင္းႏုိင္ဖို႔ ရွာကီြရီက သိပ္ေကာင္းတဲ့ ဖန္တီးေပးမႈ လုပ္ေပးခဲ့တယ္။ ဒါဟာ ၂၀၁၉ ခုႏွစ္ ေမလမွာ လီဗာပူးက နယူးကာဆယ္ကို ၃-၂ ျဖင့္ အႏုိင္ရခဲ့စဥ္ အႏုိင္ဂိုးသြင္းခဲ့တဲ့ အိုရီဂီအတြက္ သူလုပ္ေပးခဲ့တဲ့ ျဖတ္တင္ေဘာေနာက္ပိုင္း ပထမဆံုးအၾကိမ္ တိုက္ရိုက္ ဂိုးေထာက္ပံ့မႈ လုပ္ေပးႏုိင္ျခင္း ျဖစ္ပါတယ္။

ကြင္းလယ္လူက “ မယံုႏုိင္စရာပါပဲ။ လူစားဝင္ ကစားသမားဆိုတာက ပြဲအေျဖကို ေျပာင္းလဲႏုိင္ဖို႔ ၾကိဳးစားရျပီး ပြဲေတြနဲ႔ ပက္သက္လို႔ ဆံုးျဖတ္ႏုိင္ေအာင္လည္း လုပ္ရပါတယ္။ ဂ်ိဳတာက ပြဲကို အဆံုးအျဖတ္ျဖစ္ေစသူျဖစ္ျပီး က်ေနာ္က သူ႔အတြက္ စီစဥ္ေပးခဲ့ရတယ္။ ဒါကို က်ေန္ာတို႔ လိုေနပါတယ္။ ျပည့္စံုတ့ဲ ကိစၥ ျဖစ္ခဲ့တယ္။

ဒုတိယသြင္းဂိုးမွာ က်ေန္ာတို႔ ႏွစ္ေယာက္ ပါဝင္ပက္သက္ခဲ့ၾကတယ္။ သိပ္ေကာင္းတဲ့ သြင္းဂိုးပါပဲ။ အန္ဖီးမွာ အႏုိင္သံုးမွတ္ ရတာအတြက္ သိပ္ေပ်ာ္ပါတယ္ ” လို႔ ေျပာပါတယ္။

ခ်န္ပီယံလိဂ္ပြဲအျဖစ္ ဒိန္းမတ္ကလပ္ကို ရင္ဆိုင္ကစားရာမွာလည္း ရွာကီြရီဟာ ထရန္႔ကို အကြက္ျမင့္ျမင့္ ေဘာလံုးေပးခဲ့ျပီး ထရန္႔က ဧရိယာထဲ ခ်ေပးမႈကို ဂ်ိဳတာကပဲ အဆံုးသတ္ခဲ့ေသးတာပါ။ သူတို႔ ႏွစ္ဦး လူစားဝင္လာမႈက လီဗာပူးအတြက္ အက်ိဳးေတြ ျဖစ္ေနခဲ့တယ္လို႔ပဲ ဆိုရပါလိမ့္မယ္။