လီဗာပူး နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ ရှက်ဖီးနဲ့ ဝက်ဟမ်းပွဲတွေမှာ အမြင့်ဘော လွမ်းမိုးနိုင်မှုက ဘာလို့ အရေးပါသလဲဆိုတာကို မြင်လာရပါတယ်။

လီဗာပူးအသင်းဟာ ရှက်ဖီးကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့စဉ် ခရစ်ဝိုက်ဒါရဲ့ အသင်းဟာ ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံးထိချက် ၂၉ ကြိမ်တိုင် လုပ်နိုင်ခဲ့တယ်။ ဒါဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီနောက်ပိုင်း စတုတ္ထမြောက် အမြင့်ဆုံး လုပ်နိုင်ခြင်းဖြစ်တယ်။ ရှက်ဖီးဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၃ ကြိမ်တောင် လုပ်နိုင်ခဲ့ကာ လီဗာပူးထက် ၄ ကြိမ်ပဲ လျော့နည်းခဲ့ပါတယ်။

လီဗာပူးအသင်းကို တစ်ဦးကောင်းဖြင့် တည်ဆောက်ထားခြင်း မဟုတ်လို့ ဗန်ဒိုက် မရှိတာက ရလဒ်တွေ ထိုးဆင်စေမယ်လို့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။ ဒါပေမယ့် ဗန်ဒိုက် မရှိတဲ့နောက် အသင်း ဆိုးရွားစွာ ကျားကန်ရင်ဆိုင်နေရတာက အမြင့်ဘော အောင်နိုင်မှုပိုင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ကို အသုံးချပြီး ရှက်ဖီးက အမြင့်ဘောတွေကို အသာစီးယူကာ တွဲဘက်တွေနဲ့ ချိတ်ဆက်ပြီး အသင်းရဲ့ ဧရိယာထဲ ဝင်ရောက်ကစားနိုင်ခဲ့တယ်။

အင်္ဂလန်ဟာ ရုပ်ပိုင်းဆိုင်ရာကို အားပြုတဲ့လိဂ်ဖြစ်ပြီး ရှက်ဖီးအသင်းလို အရပ်အမောင်း မြင့်မားတဲ့ ကစားသမားတွေများတဲ့ ကလပ်တွေ အများကြီး ရှိပါတယ်။ ဒီလို အသင်းတွေကို ရင်ဆိုင်ရာမှာ လူကောင်းကြီးပြီး သန်မာလွန်းသလို အမြင့်ဘော လွှမ်းမိုးနိုင်စွမ်းလည်းရှိ ရုပ်ပိုင်းဆိုင်ရာအရလည်း ယှဉ်ပြိုင်နိုင်လွန်းတဲ့ ဗန်ဒိုက်ရဲ့ အရည်အချင်းတွေက လွမ်းစရာဖြစ်ခဲ့တယ်။

လီဗာပူးရဲ့ ခံစစ်သမား ဂိုးမက်စ်ဟာ အရှိန်နဲ့ ကစားနိုင်မှုမှာ ထိပ်တန်းထဲမှာတောင် ပါသူဖြစ်တယ်။ ဗန်ဒိုက်ကတော့ အမြင့်ဘော အကောင်းဆုံးထဲမှာ ထိပ်ဆုံးက ပါဝင်ကာ တစ်ရာသီလုံး အမြင့်ဘော အောင်နိုင်မှုက ၇၅% ဖြစ်ပါတယ်။ သူတို့နှစ်ဦး ပူးတွဲမှုကနေ လီဗာပူးခံစစ်က အလုပ်ဖြစ်နေခဲ့တာပါ။

ဖာဘင်ညိုက အမြင့်ဘော အောင်နိုင်မှု ၆၅% ဖြစ်ကာ ဗန်ဒိုက်လိုတော့ အမြင့်ဘော လွှမ်းမိုးမှုကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ ဂိုးမက်စ်ကလည်း ဖာဘင်ညိုထက် အမြင့်ဘော အားနည်းပါတယ်။ ကွင်းလယ်လူတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်ကလည်း အဆိုပါ အပိုင်းမှာ ၄၀% ဖြစ်ပါတယ်။ ဒါကြောင့် အမြင့်ဘောပိုင်းဟာ လီဗာပူးရဲ့ ကျဆင်းသွားတဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့်လို့ နက်ဖီးလစ်ရဲ့ မနှစ်ကရာသီ အမြင့်ဘော အောင်နိုင်မှုက ၇၂% ဖြစ်ပါတယ်။ ဝက်ဟမ်းနဲ့ပွဲမှာ နက်ဖီးလစ်က အမြင့်ဘော ယှဉ်လုမှု ၃ ကြိမ် အောင်မြင်ခဲ့တယ်။ ရှင်းထုတ်မှု ၉ ကြိမ်မှာ ၆ ကြိမ်က အမြင့်ဘောဖြစ်ပါတယ်။ ဝက်ဟမ်းမှာ ဟေလာလို အမြင့်ဘောကောင်းလွန်းတဲ့ ကစားသမား ပါခဲ့ပေမယ့် နက်ဖီးလစ်ကို အမြင့်ဘောမှာကော ရုပ်ပိုင်းဆိုင်ရာမှာပါ ဖိအားမပေးနိုင်ခဲ့ဘူး။

အမြင့်ဘောကောင်းခြင်းဟာ ပထမဘောကို ဦးဖို့တင် မဟုတ်ဘဲ ဒုတိယဘောအတွက် အသင်းဖော်တွေကို ပြန်ချပေးနိုင်ဖို့မှာလည်း အရေးပါပါတယ်။ ပထမဘောနဲ့ ဒုတိယဘော အောင်နိုင်မှုက ပိုင်ဆိုင်မှု ထိန်းသိမ်းခြင်းတွေအတွက် တိုက်ရိုက် အရေးပါတယ်။ ရှက်ဖီးနဲ့ပွဲမှာ Berge က ဒုတိယဘောကို တာဝန်ယူမယ့် ဝိုက်နယ်ဒမ်ကို မိုးထားမှုမှာ သူတို့က တိုက်စစ်ကို ၇ ယောက်လောက်ထိ လိုက်ပါဖို့ အခွင့်အရေးရခဲ့ပါတယ်။

ဗန်ဒိုက်နဲ့ဆိုရင် အမြင့်ဘောတွေကို သူရဲ့တာဝန်ယူပေးမှုကြောင့် ရှက်ဖီးက အဲ့လောက် အခွင့်အရေးတွေ မရနိုင်ဘူးလို့ ပြောစရာ ရှိပါတယ်။ ခံစစ်မှူးတစ်ဦးရဲ့ တာဝန်က အမြင့်ဘော ရှင်းထုတ်မှုပဲတော့ မဟုတ်ဘဲ ဘောလုံး ဖြန့်ဝေနိုင်မှုတွေ၊ ပွဲကို မြင်တတ်ဖို့တွေလည်း ပါဝင်နေပါတယ်။

ဒါပေမယ့်လို့ နက်ဖီးလစ်ရဲ့ အမြင့်ဘော အားကောင်းမှုတွေက လီဗာပူးခံစစ်ရဲ့ အားနည်းချက်တွေကို ဖာထေးနိုင်ဖို့ မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ေနာက္ဆံုးယွဥ္ျပိဳင္ထားတဲ့ ပရီးမီးယားလိဂ္ပြဲေတြျဖစ္တဲ့ ရွက္ဖီးနဲ႔ ဝက္ဟမ္းပြဲေတြမွာ အျမင့္ေဘာ လြမ္းမိုးႏုိင္မႈက ဘာလို႔ အေရးပါသလဲဆိုတာကို ျမင္လာရပါတယ္။

လီဗာပူးအသင္းဟာ ရွက္ဖီးကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားခဲ့စဥ္ ခရစ္ဝိုက္ဒါရဲ႕ အသင္းဟာ ပင္နယ္တီ ဧရိယာထဲမွာ ေဘာလံုးထိခ်က္ ၂၉ ၾကိမ္တိုင္ လုပ္ႏုိင္ခဲ့တယ္။ ဒါဟာ ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီေနာက္ပိုင္း စတုတၳေျမာက္ အျမင့္ဆံုး လုပ္ႏုိင္ျခင္းျဖစ္တယ္။ ရွက္ဖီးဟာ ဂိုးေပါက္ ျခိမ္းေျခာက္မႈ ၁၃ ၾကိမ္ေတာင္ လုပ္ႏုိင္ခဲ့ကာ လီဗာပူးထက္ ၄ ၾကိမ္ပဲ ေလ်ာ့နည္းခဲ့ပါတယ္။

လီဗာပူးအသင္းကို တစ္ဦးေကာင္းျဖင့္ တည္ေဆာက္ထားျခင္း မဟုတ္လို႔ ဗန္ဒိုက္ မရွိတာက ရလဒ္ေတြ ထိုးဆင္ေစမယ္လို႔ အဓိပၸာယ္ မသက္ေရာက္ပါဘူး။ ဒါေပမယ့္ ဗန္ဒိုက္ မရွိတဲ့ေနာက္ အသင္း ဆိုးရြားစြာ က်ားကန္ရင္ဆိုင္ေနရတာက အျမင့္ေဘာ ေအာင္ႏုိင္မႈပိုင္းပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကို အသံုးခ်ျပီး ရွက္ဖီးက အျမင့္ေဘာေတြကို အသာစီးယူကာ တြဲဘက္ေတြနဲ႔ ခ်ိတ္ဆက္ျပီး အသင္းရဲ႕ ဧရိယာထဲ ဝင္ေရာက္ကစားႏုိင္ခဲ့တယ္။

အဂၤလန္ဟာ ရုပ္ပိုင္းဆိုင္ရာကို အားျပဳတဲ့လိဂ္ျဖစ္ျပီး ရွက္ဖီးအသင္းလို အရပ္အေမာင္း ျမင့္မားတဲ့ ကစားသမားေတြမ်ားတဲ့ ကလပ္ေတြ အမ်ားၾကီး ရွိပါတယ္။ ဒီလို အသင္းေတြကို ရင္ဆိုင္ရာမွာ လူေကာင္းၾကီးျပီး သန္မာလြန္းသလို အျမင့္ေဘာ လႊမ္းမိုးႏုိင္စြမ္းလည္းရွိ ရုပ္ပိုင္းဆိုင္ရာအရလည္း ယွဥ္ျပိဳင္ႏုိင္လြန္းတဲ့ ဗန္ဒိုက္ရဲ႕ အရည္အခ်င္းေတြက လြမ္းစရာျဖစ္ခဲ့တယ္။

လီဗာပူးရဲ႕ ခံစစ္သမား ဂိုးမက္စ္ဟာ အရွိန္နဲ႔ ကစားႏုိင္မႈမွာ ထိပ္တန္းထဲမွာေတာင္ ပါသူျဖစ္တယ္။ ဗန္ဒိုက္ကေတာ့ အျမင့္ေဘာ အေကာင္းဆံုးထဲမွာ ထိပ္ဆံုးက ပါဝင္ကာ တစ္ရာသီလံုး အျမင့္ေဘာ ေအာင္ႏိုင္မႈက ၇၅% ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး ပူးတြဲမႈကေန လီဗာပူးခံစစ္က အလုပ္ျဖစ္ေနခဲ့တာပါ။

ဖာဘင္ညိဳက အျမင့္ေဘာ ေအာင္ႏုိင္မႈ ၆၅% ျဖစ္ကာ ဗန္ဒိုက္လိုေတာ့ အျမင့္ေဘာ လႊမ္းမိုးမႈကို အျပည့္အဝ မကာကြယ္ႏုိင္ပါဘူး။ ဂိုးမက္စ္ကလည္း ဖာဘင္ညိဳထက္ အျမင့္ေဘာ အားနည္းပါတယ္။ ကြင္းလယ္လူေတြျဖစ္တဲ့ ဟန္ဒါဆန္နဲ႔ ဝိုက္နယ္ဒမ္ကလည္း အဆိုပါ အပိုင္းမွာ ၄၀% ျဖစ္ပါတယ္။ ဒါေၾကာင့္ အျမင့္ေဘာပိုင္းဟာ လီဗာပူးရဲ႕ က်ဆင္းသြားတဲ့ နယ္ပယ္တစ္ခု ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ နက္ဖီးလစ္ရဲ႕ မႏွစ္ကရာသီ အျမင့္ေဘာ ေအာင္ႏုိင္မႈက ၇၂% ျဖစ္ပါတယ္။ ဝက္ဟမ္းနဲ႔ပြဲမွာ နက္ဖီးလစ္က အျမင့္ေဘာ ယွဥ္လုမႈ ၃ ၾကိမ္ ေအာင္ျမင္ခဲ့တယ္။ ရွင္းထုတ္မႈ ၉ ၾကိမ္မွာ ၆ ၾကိမ္က အျမင့္ေဘာျဖစ္ပါတယ္။ ဝက္ဟမ္းမွာ ေဟလာလို အျမင့္ေဘာေကာင္းလြန္းတဲ့ ကစားသမား ပါခဲ့ေပမယ့္ နက္ဖီးလစ္ကို အျမင့္ေဘာမွာေကာ ရုပ္ပိုင္းဆိုင္ရာမွာပါ ဖိအားမေပးႏုိင္ခဲ့ဘူး။

အျမင့္ေဘာေကာင္းျခင္းဟာ ပထမေဘာကို ဦးဖို႔တင္ မဟုတ္ဘဲ ဒုတိယေဘာအတြက္ အသင္းေဖာ္ေတြကို ျပန္ခ်ေပးႏုိင္ဖို႔မွာလည္း အေရးပါပါတယ္။ ပထမေဘာနဲ႔ ဒုတိယေဘာ ေအာင္ႏုိင္မႈက ပိုင္ဆုိင္မႈ ထိန္းသိမ္းျခင္းေတြအတြက္ တိုက္ရိုက္ အေရးပါတယ္။ ရွက္ဖီးနဲ႔ပြဲမွာ Berge က ဒုတိယေဘာကို တာဝန္ယူမယ့္ ဝိုက္နယ္ဒမ္ကို မိုးထားမႈမွာ သူတို႔က တိုက္စစ္ကို ၇ ေယာက္ေလာက္ထိ လိုက္ပါဖို႔ အခြင့္အေရးရခဲ့ပါတယ္။

ဗန္ဒိုက္နဲ႔ဆိုရင္ အျမင့္ေဘာေတြကို သူရဲ႕တာဝန္ယူေပးမႈေၾကာင့္ ရွက္ဖီးက အဲ့ေလာက္ အခြင့္အေရးေတြ မရႏုိင္ဘူးလို႔ ေျပာစရာ ရွိပါတယ္။ ခံစစ္မွဴးတစ္ဦးရဲ႕ တာဝန္က အျမင့္ေဘာ ရွင္းထုတ္မႈပဲေတာ့ မဟုတ္ဘဲ ေဘာလံုး ျဖန္႔ေဝႏုိင္မႈေတြ၊ ပြဲကို ျမင္တတ္ဖို႔ေတြလည္း ပါဝင္ေနပါတယ္။

ဒါေပမယ့္လို႔ နက္ဖီးလစ္ရဲ႕ အျမင့္ေဘာ အားေကာင္းမႈေတြက လီဗာပူးခံစစ္ရဲ႕ အားနည္းခ်က္ေတြကို ဖာေထးႏုိင္ဖို႔ ေမွ်ာ္လင့္ရမွာပဲ ျဖစ္ပါတယ္။