ဝက်ဟမ်းမန်နေဂျာ မိုယက်စ်က လီဗာပူးကို အရန်တိုက်စစ်သမား ဂျိုတာရဲ့ သွင်းဂိုးကြောင့် အရေးနိမ့်အပြီးမှာ လူစားလဲမှု ၅ ခုကို ပြုလုပ်ခွင့်အတွက် ကြီး ၆ ကြီးရဲ့ ကြိုးစားနေမှုကို သတိထားဖို့ အသင်းငယ်တွေကို သတိပေးလိုက်ပါတယ်။

ဒီရာသီမှာ ကလပ် အများအပြားက ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရပြီး အဓိကအားဖြင့် ပွဲဆက်တွေရဲ့ ရိုက်ခတ်မှုကို ခံနေရတာပါ။ အထူးသဖြင့်ကတော့ ပြည်တွင်းကော ဥရောပပွဲတွေမှာပါ ယှဉ်ပြိုင်နေရတဲ့ အသင်းကြီးတွေက အထိနာနေတာဖြစ်တယ်။

လူစားလဲမှု ၅ ခုကို လုပ်ခွင့်ပေးရင် အသင်းကြီးတွေရဲ့ အရန်အင်အားနဲ့ ကစားသမား ပြုစုမှုပိုင်းတွေကြောင့် တစ်ပန်းရံှူးမယ်လို့ အသင်းငယ်တွေက ယုံကြည်တယ်။ တစ်ဘက်မှာ အသင်းကြီးတွေကလည်း အသင်းငယ်တွေရဲ့ တယူသန်မှုကြောင့် ဒဏ်ရာကစားသမား မြင့်တက်မှုတွေကို ထောက်ပြလာနေတယ်။

ရှာကွီရီ၊ ဂျိုတာလို လူစားဝင် ကစားသမားတွေကြောင့် အရှူံးရလဒ် ရင်ဆိုင်ခဲ့ရတဲ့ ဝက်ဟမ်းမန်နေဂျာ မိုယက်စ်ကတော့ “ လီဗာပူးအနိုင်ရလိုက်တာက ကလပ်တွေ အများအပြားက ဘာလို့ အပိုလူစားလဲမှုကို ခွင့်မပြုလိုရသလဲဆိုတာရဲ့ အကြောင်းရင်းပါပဲ။ ဘာလို့လည်းဆိုတော့ ဒီလို အရည်အချင်းရှိ အသင်းတွေက ကစားသမားကောင်းတွေကို ထည့်သွင်းလို့ရတယ်လေ။

ကစားသမား စောင့်ရှောက်မှုပိုင်းကလည်း ကွာပါတယ်။ အသင်းကြီးတွေက လူစားလဲမှု ၅ ခုရမယ်ဆိုရင် ပိုကောင်းတဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ပြီး ပွဲထဲမှာလည်း ကျနေ်ာတို့ထက် ပိုကောင်းကောင်း လုပ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ကျနေ်ာတို့က အရန်စာရင်း တောင့်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ လုပ်တဲ့အခါမှာ အသင်းကြီးတွေက ပိုမို အားသာမယ်လို့ အသင်းငယ်တွေက တွေးထင်ထားတယ်။

ကစားသမား ပြုစုမှုပိုင်းတွေက အရေးကြီးသလို အကယ်လို့ ဆုံးဖြတ်ချက်ကို အပြောင်းအလဲလုပ်မယ်ဆိုရင်လည်း ကျနော်ကတော့ မကန့်ကွက်ပါဘူး။ ဒါပေမယ့် အဲ့တာက အသင်းကြီးတွေကို ပိုပြီး အကူအညီဖြစ်ပါတယ် ” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလထဲမှာတော့ လူစားလဲမှု ၅ ခုကို အခြားသော ဥရောပလိဂ်တွေနည်းတူ လုပ်နိုင်ဖို့ကို ကြီး ၆ ကြီးက စုစည်း ကြိုးစားမှာဖြစ်ပြီး အောင်မြင်ဖိုကတော့ ကလပ် ၁၄ သင်းထိ သဘောတူဖို့ လိုအပ်ပါမယ်။

ZAWGYI

ဝက္ဟမ္းမန္ေနဂ်ာ မိုယက္စ္က လီဗာပူးကို အရန္တိုက္စစ္သမား ဂ်ိဳတာရဲ႕ သြင္းဂိုးေၾကာင့္ အေရးနိမ့္အျပီးမွာ လူစားလဲမႈ ၅ ခုကို ျပဳလုပ္ခြင့္အတြက္ ၾကီး ၆ ၾကီးရဲ႕ ၾကိဳးစားေနမႈကို သတိထားဖို႔ အသင္းငယ္ေတြကို သတိေပးလုိက္ပါတယ္။

ဒီရာသီမွာ ကလပ္ အမ်ားအျပားက ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ေနရျပီး အဓိကအားျဖင့္ ပြဲဆက္ေတြရဲ႕ ရိုက္ခတ္မႈကို ခံေနရတာပါ။ အထူးသျဖင့္ကေတာ့ ျပည္တြင္းေကာ ဥေရာပပြဲေတြမွာပါ ယွဥ္ျပိဳင္ေနရတဲ့ အသင္းၾကီးေတြက အထိနာေနတာျဖစ္တယ္။

လူစားလဲမႈ ၅ ခုကို လုပ္ခြင့္ေပးရင္ အသင္းၾကီးေတြရဲ႕ အရန္အင္အားနဲ႔ ကစားသမား ျပဳစုမႈပိုင္းေတြေၾကာင့္ တစ္ပန္းရံွဴးမယ္လို႔ အသင္းငယ္ေတြက ယံုၾကည္တယ္။ တစ္ဘက္မွာ အသင္းၾကီးေတြကလည္း အသင္းငယ္ေတြရဲ႕ တယူသန္မႈေၾကာင့္ ဒဏ္ရာကစားသမား ျမင့္တက္မႈေတြကို ေထာက္ျပလာေနတယ္။

ရွာကီြရီ၊ ဂ်ိဳတာလို လူစားဝင္ ကစားသမားေတြေၾကာင့္ အရွံဴးရလဒ္ ရင္ဆိုင္ခဲ့ရတဲ့ ဝက္ဟမ္းမန္ေနဂ်ာ မိုယက္စ္ကေတာ့ “ လီဗာပူးအႏိုင္ရလိုက္တာက ကလပ္ေတြ အမ်ားအျပားက ဘာလုိ႔ အပိုလူစားလဲမႈကို ခြင့္မျပဳလိုရသလဲဆိုတာရဲ႕ အေၾကာင္းရင္းပါပဲ။ ဘာလို႔လည္းဆိုေတာ့ ဒီလို အရည္အခ်င္းရွိ အသင္းေတြက ကစားသမားေကာင္းေတြကို ထည့္သြင္းလုိ႔ရတယ္ေလ။

ကစားသမား ေစာင့္ေရွာက္မႈပိုင္းကလည္း ကြာပါတယ္။ အသင္းၾကီးေတြက လူစားလဲမႈ ၅ ခုရမယ္ဆိုရင္ ပိုေကာင္းတဲ့ ေရြးခ်ယ္မႈေတြ လုပ္ႏုိင္ျပီး ပြဲထဲမွာလည္း က်ေန္ာတို႔ထက္ ပိုေကာင္းေကာင္း လုပ္ႏုိင္ပါတယ္။ ဒီအေျခအေနမွာ က်ေန္ာတို႔က အရန္စာရင္း ေတာင့္ပါတယ္။ ဒါေပမယ့္ ဆံုးျဖတ္ခ်က္ေတြ လုပ္တဲ့အခါမွာ အသင္းၾကီးေတြက ပိုမို အားသာမယ္လို႔ အသင္းငယ္ေတြက ေတြးထင္ထားတယ္။

ကစားသမား ျပဳစုမႈပိုင္းေတြက အေရးၾကီးသလို အကယ္လို႔ ဆံုးျဖတ္ခ်က္ကို အေျပာင္းအလဲလုပ္မယ္ဆိုရင္လည္း က်ေနာ္ကေတာ့ မကန္႔ကြက္ပါဘူး။ ဒါေပမယ့္ အဲ့တာက အသင္းၾကီးေတြကို ပိုျပီး အကူအညီျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ဒီလထဲမွာေတာ့ လူစားလဲမႈ ၅ ခုကို အျခားေသာ ဥေရာပလိဂ္ေတြနည္းတူ လုပ္ႏုိင္ဖို႔ကို ၾကီး ၆ ၾကီးက စုစည္း ၾကိဳးစားမွာျဖစ္ျပီး ေအာင္ျမင္ဖိုကေတာ့ ကလပ္ ၁၄ သင္းထိ သေဘာတူဖို႔ လိုအပ္ပါမယ္။