ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးရဲ့ ကစားသမား ၁၁ ဦးဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

ဘလက်ပူးလ်အသင်းကို အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ဝုဒ်ဘမ်းဟာ ကိုဗစ်ပိုးတွေ့ရှိတာကြောင့် သီးသန့် နေနေပါတယ်။

အင်္ဂလန်မှာ ကိုဗစ်ပိုးကူးစက်မှု မြင့်တက်ခြင်းကြောင့် တစ်နိုင်ငံလုံးကို ၄ ပတ်ကြာ လော့ဒေါင်း ပြုလုပ်ခဲ့ပြီဖြစ်ပေမယ့် ဘောလုံးပွဲတွေကိုတော့ ဆက်ကစားခွင့် ပြုမှာဖြစ်ပါတယ်။

ဝက်ဟမ်းမန်နေဂျာ မိုယက်စ်က လီဗာပူးကို အရန်တိုက်စစ်သမား ဂျိုတာရဲ့ သွင်းဂိုးကြောင့် အရေးနိမ့်အပြီးမှာ လူစားလဲမှု ၅ ခုကို ပြုလုပ်ခွင့်အတွက် ကြီး ၆ ကြီးရဲ့ ကြိုးစားနေမှုကို သတိထားဖို့ အသင်းငယ်တွေကို သတိပေးလိုက်ပါတယ်။

လီဗာပူးရဲ့ နောက်ဆုံး ၂ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်လာပြီး အသင်းကို အကျိုးဖြစ်နေစေတဲ့ ကွင်းလယ်လူ ရှာကွီရီက ပွဲကစားခွင့်တွေ ပြန်ရလာတဲ့အတွက် ပျော်ရွှင်ကျေနပ်ပါကြောင်း ပွဲအပြီးမှာ ထုတ်ပြောပါတယ်။

ဝက်ဟမ်းကို အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ အိမ်ကွင်း စံချိန်ကောင်းတစ်ခုအဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲ ၆၃ ပွဲဆက်တိုက် ရံှူးပွဲမရှိ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး အိမ်ကွင်းမှတ်တမ်းကို လိုက်မှီခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေကို ဆာလက်၊ မာနေးတို့က အဓိက တာဝန်ယူနေပြီး တွဲဘက် တိုက်စစ်သမား ဖာမင်နိုက ဂိုးရယူနိုင်မှု အားနည်းနေပေမယ့် လူစာရင်းကနေ ဖယ်ထုတ်လိုက်လို့ မရပါကြောင်းနဲ့ လိုအပ်ရင် ဂျိုတာကိုထည့်ပြီး တိုက်စစ် လေးယောက်ကစားဖို့ ကာရေဂါက တိုက်တွန်းပါတယ်။

လီဗာပူးအသင်းဟာ ဗဟိုခံစစ်သမားနေရာအတွက် ရှာဖွေနေရင်းက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြထားတဲ့ လူငယ်ခံစစ်သမားလေး Perr Schuurs ကို သဘောကျနေပါတယ်။

လီဗာပူး လူငယ်ခံစစ်သမား နက်ဖီးလစ်ဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ပွဲထွက်မှုကို ဝက်ဟမ်းနဲ့ပွဲမှာ လုပ်နိုင်ခဲ့ပြီး မိသားစုဝင်တွေကော သူကိုယ်တိုင်ပါ သိပ်ကို ပျော်နေပါတယ်လို့ ဖွင့်ပြောပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြမွာ ထိပ္ဆံုးက ဦးေဆာင္ေနတဲ့ လီဗာပူးရဲ႕ ကစားသမား ၁၁ ဦးဟာ ဒီရာသီမွာ ဒဏ္ရာ ျပႆနာေတြ ရင္ဆုိင္ခဲ့ရျပီျဖစ္ပါတယ္။

ဘလက္ပူးလ္အသင္းကို အငွားထြက္ကစားေနတဲ့ ကြင္းလယ္လူ ဝုဒ္ဘမ္းဟာ ကိုဗစ္ပိုးေတြ႔ရွိတာေၾကာင့္ သီးသန္႔ ေနေနပါတယ္။

အဂၤလန္မွာ ကိုဗစ္ပိုးကူးစက္မႈ ျမင့္တက္ျခင္းေၾကာင့္ တစ္ႏုိင္ငံလံုးကို ၄ ပတ္ၾကာ ေလာ့ေဒါင္း ျပဳလုပ္ခဲ့ျပီျဖစ္ေပမယ့္ ေဘာလံုးပြဲေတြကိုေတာ့ ဆက္ကစားခြင့္ ျပဳမွာျဖစ္ပါတယ္။

ဝက္ဟမ္းမန္ေနဂ်ာ မိုယက္စ္က လီဗာပူးကို အရန္တိုက္စစ္သမား ဂ်ိဳတာရဲ႕ သြင္းဂိုးေၾကာင့္ အေရးနိမ့္အျပီးမွာ လူစားလဲမႈ ၅ ခုကို ျပဳလုပ္ခြင့္အတြက္ ၾကီး ၆ ၾကီးရဲ႕ ၾကိဳးစားေနမႈကို သတိထားဖို႔ အသင္းငယ္ေတြကို သတိေပးလုိက္ပါတယ္။

လီဗာပူးရဲ႕ ေနာက္ဆံုး ၂ ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္လာျပီး အသင္းကုိ အက်ိဳးျဖစ္ေနေစတဲ့ ကြင္းလယ္လူ ရွာကီြရီက ပြဲကစားခြင့္ေတြ ျပန္ရလာတဲ့အတြက္ ေပ်ာ္ရႊင္ေက်နပ္ပါေၾကာင္း ပြဲအျပီးမွာ ထုတ္ေျပာပါတယ္။

ဝက္ဟမ္းကို အႏိုင္ရခဲ့တဲ့ လီဗာပူးအသင္းဟာ အိမ္ကြင္း စံခ်ိန္ေကာင္းတစ္ခုအျဖစ္ အန္ဖီးမွာ ယွဥ္ၿပိဳင္တဲ့ ပရီးမီးယားလိဂ္ပြဲ ၆၃ ပြဲဆက္တိုက္ ရံႉးပြဲမရွိ ရလဒ္ကို ပိုင္ဆိုင္ခဲ့ျပီး အသင္းသမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုး အိမ္ကြင္းမွတ္တမ္းကို လုိက္မွီခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ သြင္းဂိုးေတြကို ဆာလက္၊ မာေနးတို႔က အဓိက တာဝန္ယူေနျပီး တြဲဘက္ တိုက္စစ္သမား ဖာမင္ႏိုက ဂိုးရယူႏုိင္မႈ အားနည္းေနေပမယ့္ လူစာရင္းကေန ဖယ္ထုတ္လိုက္လို႔ မရပါေၾကာင္းနဲ႔ လိုအပ္ရင္ ဂ်ိဳတာကိုထည့္ျပီး တိုက္စစ္ ေလးေယာက္ကစားဖို႔ ကာေရဂါက တိုက္တြန္းပါတယ္။

လီဗာပူးအသင္းဟာ ဗဟိုခံစစ္သမားေနရာအတြက္ ရွာေဖြေနရင္းက ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ေျခစြမ္းျပထားတဲ့ လူငယ္ခံစစ္သမားေလး Perr Schuurs ကို သေဘာက်ေနပါတယ္။

လီဗာပူး လူငယ္ခံစစ္သမား နက္ဖီးလစ္ဟာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ ပြဲထြက္မႈကို ဝက္ဟမ္းနဲ႔ပြဲမွာ လုပ္ႏုိင္ခဲ့ျပီး မိသားစုဝင္ေတြေကာ သူကိုယ္တိုင္ပါ သိပ္ကို ေပ်ာ္ေနပါတယ္လို႔ ဖြင့္ေျပာပါတယ္။