နွေအပြောင်းအရွှေ့မှာ အထမမြောက်တဲ့ ကိစ္စအချို့ ရှိခဲ့ပြီး အဆိုပါ အပြောင်းအရွှေ့တွေက လက်ရှိမှာ လီဗာပူးအသင်းကို အကျိုးဖြစ်လာစေခဲ့ပြီဖြစ်ပါတယ်။ ဒီအကြောင်းတွေကို The Athletic သတင်းထောက် ဂျိမ်းပီရက်စ်က အခုလို ဖော်ပြပါတယ်။

ရှာကွီရီဟာ လက်တလောမှာ လီဗာပူးအတွက် အရန်ခုံကနေ လူစားဝင်လာပြီး သက်ရောက်မှု ကြီးနေစေသူဖြစ်တယ်။ မနှစ်ကရာသီမှာ ရှာကွီရီဟာ ရာသီတစ်ခုလုံးနည်းပါး ကြွက်သားဒဏ်ရာကြောင့် မကြာခဏ ဒဏ်ရာရနေခဲ့တယ်။ ဒါကြောင့်လည်း နေရာမရဖြစ်ခဲ့ကာ ဒီနွေမှာ ဘွန်ဒက်လီဂါကို ပြောင်းဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။

ဒါပေမယ့်လို့ နောက်ဆုံးအချိန်ထိ ရှာကွီရီ ယုံကြည်ခဲ့တာက လီဗာပူးကနေ ထွက်ပြီဆိုရင် သူ့ကစားသမားဘဝက နောက်ပြန်ဆုတ်ပြီဖြစ်တယ်။ ဒါကြောင့် အသင်းပြောင်းခြင်းကို ဖယ်ထယတ်ပြီး လီဗာပူးအသင်းမှာ ဆက်နေဖို့ကို ဆုံးဖြတ်ခဲ့တယ်။ မန်နေဂျာကလော့ပ်က ရှာကွီရီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အသင်းအတွက် ဆက်လက် ကြိုးစားပေးလိုစိတ်ကို အသိအမှတ်ပြုခဲ့တယ်။

ခံစစ်မှူး ဖီးလစ်ကလည်း အပြောင်းအရွှေ နောက်ဆုံးရက်မှာ ဆွမ်ဆီးကို ပြောင်းဖို့ ပြီးပြတ်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ သူက ဆွမ်ဆီးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေထိတောင် သဘောတူထားခဲ့ပါပြီ။ စပါးက ဆွမ်းဆီးမှ ၂၃ နှစ်သား ဂျိုးရန်ဒန်ကို ခေါ်ယူခဲ့ပြီး ဆွမ်ဆီးကလည်း ဖီးလစ်ကို ခေါ်ယူခြင်းဖြင့် ပြန်လည် အစားထိုးလိုခဲ့တာပါ။

ဒါပေမယ့်လို့ နောက်ဆုံးရက်မှာ ဆွမ်ဆီးက ဝုဗ်မှ ရိုင်ယန် ဘာနက်နဲ့ မန်စီးတီးမှ ဂျိုရယ်တို့ကို ခေါ်ယူခဲ့တယ်။ ဖီးလစ်ကို ဆွမ်ဆီးရဲ့ ဆက်ဆံမှုကို လီဗာပူးဘက်က စိတ်ပျက်ခဲ့ပါတယ်။

နောက်ထပ် အပြောင်းအရွှေ့က လီဗာပူးဟာ နွေဈေးကွက်မှာ ဝတ်ဖိုဒ့်တိုက်စစ်သမား ဆာကို ဦးစားပေး ချိတ်ဆက်ခဲ့တာဖြစ်တယ်။ ဝတ်ဖိုဒ့်က လီဗာပူးကို ဆက်ဆံပုံက အနည်းငယ် မာရေကျောရေနိုင်ခဲ့သလို သူတို့ ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းခံရာက လီဗာပူးက ဝုဗ်က ဂျိုတာကို ပြောင်းလဲ ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်။

ဂျိုတာဟာ လီဗာပူးတိုက်စစ်မှာ ခပ်မြန်မြန် အံဝင်နေသူဖြစ်ပြီး သွင်းဂိုးတွေနဲ့ပါ အကျိုးပြုနေပြီ ဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔မွာ အထမေျမာက္တဲ့ ကိစၥအခ်ိဳ႔ ရွိခဲ့ျပီး အဆိုပါ အေျပာင္းအေရႊ႔ေတြက လက္ရွိမွာ လီဗာပူးအသင္းကို အက်ိဳးျဖစ္လာေစခဲ့ျပီျဖစ္ပါတယ္။ ဒီအေၾကာင္းေတြကို The Athletic သတင္းေထာက္ ဂ်ိမ္းပီရက္စ္က အခုလို ေဖာ္ျပပါတယ္။

ရွာကီြရီဟာ လက္တေလာမွာ လီဗာပူးအတြက္ အရန္ခံုကေန လူစားဝင္လာျပီး သက္ေရာက္မႈ ၾကီးေနေစသူျဖစ္တယ္။ မႏွစ္ကရာသီမွာ ရွာကီြရီဟာ ရာသီတစ္ခုလံုးနည္းပါး ၾကြက္သားဒဏ္ရာေၾကာင့္ မၾကာခဏ ဒဏ္ရာရေနခဲ့တယ္။ ဒါေၾကာင့္လည္း ေနရာမရျဖစ္ခဲ့ကာ ဒီေႏြမွာ ဘြန္ဒက္လီဂါကို ေျပာင္းဖို႔ အေတာ္ေလး နီးစပ္ခဲ့ပါတယ္။

ဒါေပမယ့္လို႔ ေနာက္ဆံုးအခ်ိန္ထိ ရွာကီြရီ ယံုၾကည္ခဲ့တာက လီဗာပူးကေန ထြက္ျပီဆိုရင္ သူ႔ကစားသမားဘဝက ေနာက္ျပန္ဆုတ္ျပီျဖစ္တယ္။ ဒါေၾကာင့္ အသင္းေျပာင္းျခင္းကို ဖယ္ထယတ္ျပီး လီဗာပူးအသင္းမွာ ဆက္ေနဖို႔ကို ဆံုးျဖတ္ခဲ့တယ္။ မန္ေနဂ်ာကေလာ့ပ္က ရွာကီြရီရဲ႕ ဆံုးျဖတ္ခ်က္ကို ၾကိဳဆိုခဲ့ျပီး အသင္းအတြက္ ဆက္လက္ ၾကိဳးစားေပးလိုစိတ္ကို အသိအမွတ္ျပဳခဲ့တယ္။

ခံစစ္မွဴး ဖီးလစ္ကလည္း အေျပာင္းအေရႊ ေနာက္ဆံုးရက္မွာ ဆြမ္ဆီးကို ေျပာင္းဖို႔ ျပီးျပတ္ဖို႔ နီးစပ္ခဲ့ပါေသးတယ္။ သူက ဆြမ္ဆီးနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ ကိစၥေတြထိေတာင္ သေဘာတူထားခဲ့ပါျပီ။ စပါးက ဆြမ္းဆီးမွ ၂၃ ႏွစ္သား ဂ်ိဳးရန္ဒန္ကို ေခၚယူခဲ့ျပီး ဆြမ္ဆီးကလည္း ဖီးလစ္ကို ေခၚယူျခင္းျဖင့္ ျပန္လည္ အစားထိုးလိုခဲ့တာပါ။

ဒါေပမယ့္လို႔ ေနာက္ဆံုးရက္မွာ ဆြမ္ဆီးက ဝုဗ္မွ ရိုင္ယန္ ဘာနက္နဲ႔ မန္စီးတီးမွ ဂ်ိဳရယ္တို႔ကို ေခၚယူခဲ့တယ္။ ဖီးလစ္ကို ဆြမ္ဆီးရဲ႕ ဆက္ဆံမႈကို လီဗာပူးဘက္က စိတ္ပ်က္ခဲ့ပါတယ္။

ေနာက္ထပ္ အေျပာင္းအေရႊ႔က လီဗာပူးဟာ ေႏြေစ်းကြက္မွာ ဝတ္ဖိုဒ့္တိုက္စစ္သမား ဆာကို ဦးစားေပး ခ်ိတ္ဆက္ခဲ့တာျဖစ္တယ္။ ဝတ္ဖိုဒ့္က လီဗာပူးကို ဆက္ဆံပံုက အနည္းငယ္ မာေရေက်ာေရႏုိင္ခဲ့သလို သူတို႔ ကစားသမားအတြက္ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးကို ေတာင္းခံရာက လီဗာပူးက ဝုဗ္က ဂ်ိဳတာကို ေျပာင္းလဲ ကမ္းလွမ္းခဲ့ျခင္းျဖစ္တယ္။

ဂ်ိဳတာဟာ လီဗာပူးတိုက္စစ္မွာ ခပ္ျမန္ျမန္ အံဝင္ေနသူျဖစ္ျပီး သြင္းဂိုးေတြနဲ႔ပါ အက်ိဳးျပဳေနျပီ ျဖစ္ပါတယ္။