ယာဂင်ကလော့ပ်ရဲ့ လီဗာပူးဟာ နိုင်ငံတကာသီတင်းပတ်အပြီးမှာ မာဆေးဆိုဒ်ဒါဘီ တစ်ခုတည်းမှာ နိုင်ပွဲမရခဲ့တာကလွဲလို့ ကျန်ပွဲအားလုံးမှာ အနိုင်ရထားခဲ့တယ်။ ဒဏ်ရာပြဿနာတွေက လီဗာပူးကို အကြီးအကျယ် နှိပ်စက်နေပေမယ့် အသင်းသားတွေရဲ့ ကြိုးစားလိုမှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေကိုတော့ မရပ်တန့်နိုင်ပါဘူး။

ကစားရခက်တဲ့ ရှက်ဖီး၊ တောင့်တင်းတဲ့ ဝက်ဟမ်းတို့ကို အိမ်ကွင်းတွေမှာ အနိုင်ယူခဲ့အပြီးမှာ လီဗာပူးက ၇ ပွဲကစား ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်ရောက်လာခဲ့တယ်။ အက်စတွန်ဗီလာကို ၇-၂ ဖြင့် ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ပေမယ့် လက်ရှိ ချန်ပီယံတွေက အလွယ်တကူ ပြိုလဲမယ့်အသင်း မဟုတ်ဘူးဆိုတာကို ပြသနိုင်ခဲ့တယ်။

တဘက်မှာလည်း ဗန်ဒိုက် မရှိပေမယ့် ချန်ပီယံလိဂ်မှာ အကောင်းဆုံး ရလဒ်တွေ ရနေခဲ့ပါတယ်။ အုပ်စုတွင်း ပြိုင်ဘက် နှစ်သင်းကို ရင်ဆိုင်အပြီး ပေးဂိုးမရှိ ရမှတ် ၆ မှတ်ဖြင့် အခြေအနေ ကောင်းနေဆဲဖြစ်တယ်။ ခံစစ်မှာဆိုရင် ရိုင်းဝီလီယမ်နဲ့ ဖာဘင်ညိုတို့ကို အလှည့်ကျျ သုံးထားသလို ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်တို့ကိုပါ ဗဟိုခံစစ်မှာ သုံးဖို့ထိ ကြိုတင် ပြင်ဆင်ထားခဲ့တယ်။

လက်ရှိ လီဗာပူးမှာ ဗန်ဒိုက် ကာလရှည် ဒဏ်ရာရနေတာဖြစ်ပြီး မာတစ်၊ ဖာဘင်ညို၊ သီယာဂို၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ကိုစတက်တို့ မကစားထားနိုင်ဘူး။ ဒါ့အပြင် ဒီရာသီမှာ အယ်လီဆန်၊ ဟန်ဒါဆန်၊ ဂိုးမက်စ်၊ မာနေး၊ ရှာကွီရီတို့ကလည်း ဒဏ်ရာတွေကြောင့် ပွဲတွေ လွဲချော်မှုတွေ ရှိထားခဲ့သေးတယ်။

အသင်းရဲ့ အဝတ်လဲခန်းဟာ စွမ်းဆောင်ရည် မကောင်းချိန်မှာ ပြင်ပကလာတဲ့ ဖိအားတွေကို တုန့်ပြန်ဖို့ထက် ကွင်းတွင်း အခြေအနေတွေကိုပဲ အာရုံစိုက်နေတယ်။ လိဂ်ရဲ့ ခံစစ်ပိုင်း ပေးဂိုး အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ပေမယ့် တိုက်စစ်အကောင်းဆုံး နှစ်သင်းထဲက တစ်သင်းအဖြစ်လည်း ဆက်ရှိနေပါသေးတယ်။

ဒါပေမယ့်လို့ အဓိက စိန်ခေါ်မှုတွေက ဒီအပတ်မှာ စတင်လာမှာဖြစ်ပါတယ်။ လီဗာပူးဟာ အတ္တလန်တာကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အင်္ဂလန်ကို ပြန်ရောက်လာရင်လည်း ပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီးကို အဝေးကွင်းမှာ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ အသင်းသားတွေက စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ မွန်းစတာတွေဆိုတာကို အဆိုပါပွဲတွေမှာ ပြသဖို့လိုတယ်။ ဒီလ နိုဝင်ဘာနိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ပွဲစဉ် ၂ ပွဲကို ရလဒ်ကောင်းမယ်ဆိုရင် အဓိက ကစားသမားအချို့ ပြန်သက်သာလာမှုနဲ့အတူ ဒီရာသီကို ပိုမို အားကောင်းစွာ ယှဉ်ပြိုင်လာနိုင်မှာဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးဟာ ႏုိင္ငံတကာသီတင္းပတ္အျပီးမွာ မာေဆးဆိုဒ္ဒါဘီ တစ္ခုတည္းမွာ ႏုိင္ပြဲမရခဲ့တာကလြဲလို႔ က်န္ပြဲအားလံုးမွာ အႏုိင္ရထားခဲ့တယ္။ ဒဏ္ရာျပႆနာေတြက လီဗာပူးကို အၾကီးအက်ယ္ ႏွိပ္စက္ေနေပမယ့္ အသင္းသားေတြရဲ႕ ၾကိဳးစားလိုမႈနဲ႔ စိတ္ပိုင္းျဖတ္မႈေတြကိုေတာ့ မရပ္တန္႔ႏုိင္ပါဘူး။

ကစားရခက္တဲ့ ရွက္ဖီး၊ ေတာင့္တင္းတဲ့ ဝက္ဟမ္းတို႔ကို အိမ္ကြင္းေတြမွာ အႏုိင္ယူခဲ့အျပီးမွာ လီဗာပူးက ၇ ပြဲကစား ရမွတ္ ၁၆ မွတ္ျဖင့္ အမွတ္ေပးဇယား ထိပ္ဆံုးကို ျပန္ေရာက္လာခဲ့တယ္။ အက္စတြန္ဗီလာကို ၇-၂ ျဖင့္ ဆိုးဆိုးရြားရြား အေရးနိမ့္ခဲ့ေပမယ့္ လက္ရွိ ခ်န္ပီယံေတြက အလြယ္တကူ ျပိဳလဲမယ့္အသင္း မဟုတ္ဘူးဆိုတာကို ျပသႏုိင္ခဲ့တယ္။

တဘက္မွာလည္း ဗန္ဒိုက္ မရွိေပမယ့္ ခ်န္ပီယံလိဂ္မွာ အေကာင္းဆံုး ရလဒ္ေတြ ရေနခဲ့ပါတယ္။ အုပ္စုတြင္း ျပိဳင္ဘက္ ႏွစ္သင္းကို ရင္ဆိုင္အျပီး ေပးဂိုးမရွိ ရမွတ္ ၆ မွတ္ျဖင့္ အေျခအေန ေကာင္းေနဆဲျဖစ္တယ္။ ခံစစ္မွာဆိုရင္ ရိုင္းဝီလီယမ္နဲ႔ ဖာဘင္ညိဳတို႔ကို အလွည့္က်် သံုးထားသလို ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္တို႔ကိုပါ ဗဟိုခံစစ္မွာ သံုးဖို႔ထိ ၾကိဳတင္ ျပင္ဆင္ထားခဲ့တယ္။

လက္ရွိ လီဗာပူးမွာ ဗန္ဒိုက္ ကာလရွည္ ဒဏ္ရာရေနတာျဖစ္ျပီး မာတစ္၊ ဖာဘင္ညိဳ၊ သီယာဂို၊ ကိတ္တာ၊ ခ်ိန္ဘာလိန္၊ ကိုစတက္တို႔ မကစားထားႏုိင္ဘူး။ ဒါ့အျပင္ ဒီရာသီမွာ အယ္လီဆန္၊ ဟန္ဒါဆန္၊ ဂိုးမက္စ္၊ မာေနး၊ ရွာကီြရီတို႔ကလည္း ဒဏ္ရာေတြေၾကာင့္ ပြဲေတြ လြဲေခ်ာ္မႈေတြ ရွိထားခဲ့ေသးတယ္။

အသင္းရဲ႕ အဝတ္လဲခန္းဟာ စြမ္းေဆာင္ရည္ မေကာင္းခ်ိန္မွာ ျပင္ပကလာတဲ့ ဖိအားေတြကို တုန္႔ျပန္ဖို႔ထက္ ကြင္းတြင္း အေျခအေနေတြကိုပဲ အာရံုစိုက္ေနတယ္။ လိဂ္ရဲ႕ ခံစစ္ပိုင္း ေပးဂိုး အမ်ားဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ေပမယ့္ တိုက္စစ္အေကာင္းဆံုး နွစ္သင္းထဲက တစ္သင္းအျဖစ္လည္း ဆက္ရွိေနပါေသးတယ္။

ဒါေပမယ့္လို႔ အဓိက စိန္ေခၚမႈေတြက ဒီအပတ္မွာ စတင္လာမွာျဖစ္ပါတယ္။ လီဗာပူးဟာ အတၱလန္တာကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အဂၤလန္ကို ျပန္ေရာက္လာရင္လည္း ပရီးမီးယားလိဂ္ပြဲအျဖစ္ မန္စီးတီးကို အေဝးကြင္းမွာ ထပ္မံ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕ အသင္းသားေတြက စိတ္ဓါတ္ပိုင္းဆိုင္ရာမွာ မြန္းစတာေတြဆိုတာကို အဆိုပါပြဲေတြမွာ ျပသဖို႔လိုတယ္။ ဒီလ ႏိုဝင္ဘာႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ ပြဲစဥ္ ၂ ပြဲကို ရလဒ္ေကာင္းမယ္ဆိုရင္ အဓိက ကစားသမားအခ်ိဳ႔ ျပန္သက္သာလာမႈနဲ႔အတူ ဒီရာသီကို ပိုမို အားေကာင္းစြာ ယွဥ္ျပိဳင္လာႏုိင္မွာျဖစ္ပါတယ္။