လီဗာပူးပရိသတ်တွေဟာ ဘောလုံးပွဲတွေကို တစ်ပွဲ ၁၅ ပေါင်ပေးပြီး ကြည့်ရမယ့် အနေအထားမှာ အဆိုပါ ငွေကြေးကို စုဆောင်းလိုက်ပြီး မြို့ရဲ့ foodbank တွေကို လှူဒါန်းမှုတွေ လုပ်ခဲ့ကြပါတယ်။

ဟန်ဒါဆန်က ပရိသတ်တွေရဲ့ စိတ်ဓါတ်ကောင်းမှုနဲ့ အများအကျိုးအတွက် လုပ်ဆောင်ပေးမှုတွေကို ဂုဏ်ယူကြောင်း ပြောဆိုတယ်။ အန်ဖီးကွင်းမှာ အသင်းပရိသတ်တွေ လူကိုယ်တိုင် လာရောက် အားမပေးနိုင်ကြပေမယ့် အားလုံးအတွက် အဝတ်လဲခန်းက အသင်းသားတွေက ကြိုးစားနေကြောင်းနဲ့ မြက်ခင်းပြင်ပေါ်က ကြိုးစားမှုတိုင်းဟာ ပရိသတ်တွေအတွက် ရည်ရွယ်ပါတယ်လို့ အသင်းခေါင်းဆောင်က အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောခဲ့ပါတယ်။

ဟန်ဒါဆန်က “ ဒါကို အကြိမ်အများကြီး ပြောခဲ့ဖူးပါတယ်။ ရိုးအီလည်း မသွားဘူး။ အသင်းပရိသတ်တွေက ကျနေ်ာတို့ကို ခြားနားမှုတွေ ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း လီဗာပူးရဲ့ foodbank တွေကို ထောက်ပံ့ပေးနိုင်ဖို့လည်း ပရိသတ်တွေကပဲ ငွေကြေးတွေရဖို့ ကူညီ မြင့်တင်ပေးခဲ့ကြတယ်။

အသင်းအနေနဲ့ကော ကလပ်အနေနဲ့ပါ ဒီကိစ္စတွေကပဲ ကျနေ်ာတို့ရဲ့ နှလုံးသားတွေကို နီးကပ်လာစေတယ်။ ပွဲနေ့တွေမှာ အလွမ်းရဆုံးက ပရိသတ်တွေရဲ့ ထောက်ပံ့မှုနဲ့အတူ foodbank တွေအတွက် လှူဒါန်းဖို့ကို စုဆောင်းရတဲ့ ကိစ္စတွေပါ။ အဲ့တာက အမြဲတမ်း တက်ကြွ လှုပ်ရှားနေကြတဲ့ ကိစ္စလည်းဖြစ်ပါတယ်။

ပရိသတ်တွေက ဘောလုံးပွဲတွေကို တစ်ပွဲချင်းပေးပြီး ကြည့်ရတာကို မကြိုက်ဘူးဆိုတာကို ကျနော် သိပါတယ်။ ဒါပေမယ့် မကောင်းမြင်စရာ အဲ့ကိစ္စတွေကို အကောင်းမြင်စရာ ကိစ္စတွေဖြစ်အောင် ပရိသတ်တွေက ပြောင်းလဲခဲ့ကြတယ်။ ဒီလို ပရိသတ်တွေအတွက် ကစားပေးရတာ ဘယ်လောက်ထိ ပျော်တယ်ဆိုတာနဲ့ ဘယ်လောက်တောင် ဂုဏ်ယူပါတယ်ဆိုတာ ပြောမပြနိုင်အောင်ပါပဲ။

ကစားသမားတွေ အနေနဲ့ ပရိသတ်တွေရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတယ်။ ဒါပေမယ့် အခုချိန်မှာ ကျနေ်ာတို့ရဲ့ ပရိသတ်တွေကို အသိအမှတ်ပြုမှုက ယခင်ကထက် ပိုတယ်ဆိုတာ သိစေချင်ပါတယ်။

ကျနေ်ာတို့ရဲ့ အသိအမှတ်ပြုမှုကို ပြသဖို့အတွက် ကွင်းထဲမှာ အစွမ်းကုန် ကြိုးစားပေးနေပါတယ်။ ဒါကြောင့် လီဗာပူးပရိသတ်တိုင်း အိမ်တွေမှာနေထိုင်ပြီး စည်းကမ်းလိုက်နာပေးကြပါ။ အားလုံးက ကျနေ်ာတို့နဲ့အတူ လူပုဂ္ဂိုလ်တွေအဖြစ် ရှိမနေကြပေမယ့် အားလုံးအတွက် ကျနေ်ာတို့ ကစားပေးနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြဟာ ေဘာလံုးပြဲေတြကို တစ္ပြဲ ၁၅ ေပါင္ေပးျပီး ၾကည့္ရမယ့္ အေနအထားမွာ အဆိုပါ ေငြေၾကးကို စုေဆာင္းလိုက္ျပီး ျမိဳ႕ရဲ႕ foodbank ေတြကို လွဴဒါန္းမႈေတြ လုပ္ခဲ့ၾကပါတယ္။

ဟန္ဒါဆန္က ပရိသတ္ေတြရဲ႕ စိတ္ဓါတ္ေကာင္းမႈနဲ႔ အမ်ားအက်ိဳးအတြက္ လုပ္ေဆာင္ေပးမႈေတြကို ဂုဏ္ယူေၾကာင္း ေျပာဆိုတယ္။ အန္ဖီးကြင္းမွာ အသင္းပရိသတ္ေတြ လူကိုယ္တိုင္ လာေရာက္ အားမေပးႏုိင္ၾကေပမယ့္ အားလံုးအတြက္ အဝတ္လဲခန္းက အသင္းသားေတြက ၾကိဳးစားေနေၾကာင္းနဲ႔ ျမက္ခင္းျပင္ေပၚက ၾကိဳးစားမႈတိုင္းဟာ ပရိသတ္ေတြအတြက္ ရည္ရြယ္ပါတယ္လို႔ အသင္းေခါင္းေဆာင္က အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေျပာခဲ့ပါတယ္။

ဟန္ဒါဆန္က “ ဒါကို အၾကိမ္အမ်ားၾကီး ေျပာခဲ့ဖူးပါတယ္။ ရိုးအီလည္း မသြားဘူး။ အသင္းပရိသတ္ေတြက က်ေန္ာတို႔ကို ျခားနားမႈေတြ ျဖစ္ေစပါတယ္။ ျပီးခဲ့တဲ့ အပတ္ကလည္း လီဗာပူးရဲ႕ foodbank ေတြကို ေထာက္ပံ့ေပးႏုိင္ဖို႔လည္း ပရိသတ္ေတြကပဲ ေငြေၾကးေတြရဖို႔ ကူညီ ျမင့္တင္ေပးခဲ့ၾကတယ္။

အသင္းအေနနဲ႔ေကာ ကလပ္အေနနဲ႔ပါ ဒီကိစၥေတြကပဲ က်ေန္ာတို႔ရဲ႕ ႏွလံုးသားေတြကို နီးကပ္လာေစတယ္။ ပြဲေန႔ေတြမွာ အလြမ္းရဆံုးက ပရိသတ္ေတြရဲ႕ ေထာက္ပံ့မႈနဲ႔အတူ foodbank ေတြအတြက္ လွဴဒါန္းဖို႔ကို စုေဆာင္းရတဲ့ ကိစၥေတြပါ။ အဲ့တာက အျမဲတမ္း တက္ၾကြ လႈပ္ရွားေနၾကတဲ့ ကိစၥလည္းျဖစ္ပါတယ္။

ပရိသတ္ေတြက ေဘာလံုးပြဲေတြကို တစ္ပြဲခ်င္းေပးျပီး ၾကည့္ရတာကို မၾကိဳက္ဘူးဆိုတာကို က်ေနာ္ သိပါတယ္။ ဒါေပမယ့္ မေကာင္းျမင္စရာ အဲ့ကိစၥေတြကို အေကာင္းျမင္စရာ ကိစၥေတြျဖစ္ေအာင္ ပရိသတ္ေတြက ေျပာင္းလဲခဲ့ၾကတယ္။ ဒီလို ပရိသတ္ေတြအတြက္ ကစားေပးရတာ ဘယ္ေလာက္ထိ ေပ်ာ္တယ္ဆိုတာနဲ႔ ဘယ္ေလာက္ေတာင္ ဂုဏ္ယူပါတယ္ဆိုတာ ေျပာမျပႏုိင္ေအာင္ပါပဲ။

ကစားသမားေတြ အေနနဲ႔ ပရိသတ္ေတြရဲ႕ လုပ္ေဆာင္မႈေတြကို အသိအမွတ္ျပဳတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ က်ေန္ာတို႔ရဲ႕ ပရိသတ္ေတြကို အသိအမွတ္ျပဳမႈက ယခင္ကထက္ ပိုတယ္ဆိုတာ သိေစခ်င္ပါတယ္။

က်ေန္ာတို႔ရဲ႕ အသိအမွတ္ျပဳမႈကို ျပသဖို႔အတြက္ ကြင္းထဲမွာ အစြမ္းကုန္ ၾကိဳးစားေပးေနပါတယ္။ ဒါေၾကာင့္ လီဗာပူးပရိသတ္တိုင္း အိမ္ေတြမွာေနထိုင္ျပီး စည္းကမ္းလိုက္နာေပးၾကပါ။ အားလံုးက က်ေန္ာတို႔နဲ႔အတူ လူပုဂၢိဳလ္ေတြအျဖစ္ ရွိမေနၾကေပမယ့္ အားလံုးအတြက္ က်ေန္ာတို႔ ကစားေပးေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။