ဒီကနေ့မှာတော့ ချန်ပီယံလိဂ် အုပ်စု D ရဲ့ တတိယမြောက်ပွဲအဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ဖို့ရာ လီဗာပူးအသင်းဟာ အီတလီမြေကို ထွက်ခွာမှာဖြစ်ပါတယ်။

ဝက်ဟမ်းကို အနိုင်ယူပြီးနောက် အသင်းရဲ့ လေ့ကျင့်ရေးမှာတော့ ကီတာနဲ့ မာတစ်တို့ ပါဝင်သွားခဲ့တယ်လို့ ကလော့ပ်က အတည်ပြုပေးတယ်။ သို့သော် သီယာဂိုကတော့ မပါနိုင်ခဲ့တာကြောင့် အီတလီကို လိုက်ပါသွားတော့မှာ မဟုတ်ပါဘး။

ဒဏ်ရာအခြေအနေတွေနဲ့ ပက်သက်လို့ မန်နေဂျာကလော့ပ်က “ ဒဏ်ရာရနေတာတော့ အများကြီးပါပဲ။ ဒါပေမယ့် ဒဏ်ရာရတဲ့ အသင်းသား အသစ်ထပ်ရှိလားဆိုတာ မသေချာပါဘူး။ စောင့်ကြည့်ရပါမယ်။

မနေ့က အချို့ကို ပြန်လည်အားဖြည့်မှုတွေ လုပ်စေခဲ့ပြီး ကျန်တဲ့သူတွေနဲ့ လေ့ကျင့်ရေး ဆင်းခဲ့တယ်။ ကောင်လေးတွေရဲ့ အနေအထားက ဒီကနေ့မှာ သိရပါမယ်။ အခုကတော့ ပြောဖို့ စောသေးတာပေါ့။ ဆေးအဖွဲ့ထံက အချက်အလက်တွေ ရမလာသေးဘူး ဒါပေမယ့် စိတ်ပူစရာကိစ္စတွေ မရှိဘူးလို့ ထင်ပါတယ် ” လို့ ပြောခဲ့တယ်။

ကိတ်တာ၊ မာတစ်၊ သီယာဂိုတို့ရဲ့ ဒဏ်ရာနဲ့ ပက်သက်လို့လည်း “ ကိတ်တာနဲ့ မာတစ်တို့က မနေ့က လေ့ကျင့်ရေး လုပ်ခဲ့ပါတယ်။ အချိန်ပြည့်ကို လုပ်ခဲ့တာပါ။ သီယာဂိုကတော့ မပါခဲ့ပါဘူး။ ဒါက သူတို့ရဲ့ အခြေအနေပေါ့။

ဒီအခြေအနေမှာတော့ အဲ့ အချက်အလက်တွေကို ဘာလုပ်ရမယ် မသိသေးပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့လေ့ကျင့်ထားတယ်၊ အခြေအနေကောင်းတယ်။ လေ့ကျင့်တာ မလုပ်နိုင်တာထက် လေ့ကျင့်ရေးမှာ ပါခဲ့နိုင်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် ဘာလုပ်ရမယ်ဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။

ဆုံးဖြတ်ချက်တွေလုပ်ဖို့ နောက်ထပ် တစ်ရက် အချိန်ရပါမယ်။ အသင်းသား အများအပြားက လေယာဉ်နဲ့အတူ လိုက်ပါနိုင်ကြဖို့ မျှော်လင့်ထားတယ်။ နောက်ဆုံး အချိန်မှ ဆုံးဖြတ်ချက်တွေ လုပ်ပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စု D ရဲ႕ တတိယေျမာက္ပြဲအျဖစ္ အတၱလန္တာအသင္းနဲ႔ ယွဥ္ျပိဳင္ဖို႔ရာ လီဗာပူးအသင္းဟာ အီတလီေျမကို ထြက္ခြာမွာျဖစ္ပါတယ္။

ဝက္ဟမ္းကို အႏုိင္ယူျပီးေနာက္ အသင္းရဲ႕ ေလ့က်င့္ေရးမွာေတာ့ ကီတာနဲ႔ မာတစ္တို႔ ပါဝင္သြားခဲ့တယ္လို႔ ကေလာ့ပ္က အတည္ျပဳေပးတယ္။ သို႔ေသာ္ သီယာဂိုကေတာ့ မပါႏုိင္ခဲ့တာေၾကာင့္ အီတလီကို လိုက္ပါသြားေတာ့မွာ မဟုတ္ပါဘး။

ဒဏ္ရာအေျခအေနေတြနဲ႔ ပက္သက္လို႔ မန္ေနဂ်ာကေလာ့ပ္က “ ဒဏ္ရာရေနတာေတာ့ အမ်ားၾကီးပါပဲ။ ဒါေပမယ့္ ဒဏ္ရာရတဲ့ အသင္းသား အသစ္ထပ္ရွိလားဆိုတာ မေသခ်ာပါဘူး။ ေစာင့္ၾကည့္ရပါမယ္။

မေန႔က အခ်ိဳ႔ကို ျပန္လည္အားျဖည့္မႈေတြ လုပ္ေစခဲ့ျပီး က်န္တဲ့သူေတြနဲ႔ ေလ့က်င့္ေရး ဆင္းခဲ့တယ္။ ေကာင္ေလးေတြရဲ႕ အေနအထားက ဒီကေန႔မွာ သိရပါမယ္။ အခုကေတာ့ ေျပာဖို႔ ေစာေသးတာေပါ့။ ေဆးအဖြဲ႔ထံက အခ်က္အလက္ေတြ ရမလာေသးဘူး ဒါေပမယ့္ စိတ္ပူစရာကိစၥေတြ မရွိဘူးလို႔ ထင္ပါတယ္ ” လို႔ ေျပာခဲ့တယ္။

ကိတ္တာ၊ မာတစ္၊ သီယာဂိုတို႔ရဲ႕ ဒဏ္ရာနဲ႔ ပက္သက္လို႔လည္း “ ကိတ္တာနဲ႔ မာတစ္တို႔က မေန႔က ေလ့က်င့္ေရး လုပ္ခဲ့ပါတယ္။ အခ်ိန္ျပည့္ကို လုပ္ခဲ့တာပါ။ သီယာဂိုကေတာ့ မပါခဲ့ပါဘူး။ ဒါက သူတို႔ရဲ႕ အေျခအေနေပါ့။

ဒီအေျခအေနမွာေတာ့ အဲ့ အခ်က္အလက္ေတြကို ဘာလုပ္ရမယ္ မသိေသးပါဘူး။ ဘာလို႔လည္းဆိုေတာ့ သူတို႔ေလ့က်င့္ထားတယ္၊ အေျခအေနေကာင္းတယ္။ ေလ့က်င့္တာ မလုပ္ႏုိင္တာထက္ ေလ့က်င့္ေရးမွာ ပါခဲ့ႏုိင္တာက ပိုေကာင္းပါတယ္။ ဒါေပမယ့္ ဘာလုပ္ရမယ္ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရပါမယ္။

ဆံုးျဖတ္ခ်က္ေတြလုပ္ဖို႔ ေနာက္ထပ္ တစ္ရက္ အခ်ိန္ရပါမယ္။ အသင္းသား အမ်ားအျပားက ေလယာဥ္နဲ႔အတူ လိုက္ပါႏုိင္ၾကဖို႔ ေမွ်ာ္လင့္ထားတယ္။ ေနာက္ဆံုး အခ်ိန္မွ ဆံုးျဖတ္ခ်က္ေတြ လုပ္ပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။