အတ္တလန်တာပွဲကြို မီဒီယာတွေ့ဆံမှုမှာတော့ သတင်းသမားတွေ ထိပ်ဆုံးမေးခဲ့ကြတဲ့ မေးခွန်းတွေထဲက တစ်ခုကတော့ ဆာလက်ရဲ့ ပင်နယ်တီ ကိစ္စပဲဖြစ်ပါတယ်။

လီဗာပူးက ဝက်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ ခြေပဂိုးအတွက် ဆာလက်က ပင်နယ်တီကနေ သွင်းယူပေးခဲ့တာပါ။ အဆိုပါ ပွဲအပြီးမှာ အင်္ဂလန် သုံးသပ်သူတွေက ဆာလက်ကို ဟန်ဆောင်ဒိုင်ဗစ်လုပ်သူ၊ ခပ်လွယ်လွယ် လဲချခဲ့သူ စသဖြင့် ဝေဖန်မှုတွေ လုပ်ခဲ့ကြတာပါ။

ပွဲကြိုမှာတော့ သတင်းသမားတွေက ဆာလက်ရဲ့ အပြုအမှုက မှားလား မှန်လား ဘယ်လိုမြင်လဲဆိုတဲ့ အဆင့်ကိုတောင် မမေးဘဲ အဆင့်ကျော်ပြီး ဆာလက်ရဲ့ လုပ်ရပ်ကို ဝေဖန်မှာလားဆိုတဲ့ မေးခွန်းကို ကျော်ပြီး မေးမြန်းခဲ့တယ်။

ကလော့ပ်က ” မဝေဖန်ပါဘူး။ ငါဘာပြောရမလဲ။ အဲ့တာက ပြစ်ဒဏ်ဘောပဲလေ။ လူတိုင်းလည်း ဒါကို ကောင်းကောင်းမြင်ခဲ့တာပါပဲ။ ” လို့ ပင်နယ်တီကိစ္စ မေးခံရမှုကို ပြန်ဖြေတယ်။

မန်နေဂျာကပဲ ” မင်းတို့ဘာသာ ယုံချင်ယုံ မယုံချင်နေ မနေ့ မနက်တုန်းက ပြစ်ဒဏ် ကျူးလွန်ခံရတဲ့ အနေအထားကို ဘယ်လို ခံစားရလဲ မိုကို မေးတော့ သူက ပွဲထဲမှာ သုံးကြိမ်လောက် လူချခံရပြီး တစ်ကြိမ်က ပင်နယ်တီဖြစ်ရပ်လို့ ပြန်ဖြေခဲ့တယ်။ ယုံမယုံကတော့ မင်းတို့အပိုင်းပေါ့။

ဒီကာလတွေအတွင်း ပင်နယ်တီအကြောင်း ငါတို့ စကားသိပ်မပြောခဲ့ရဘူး။ အရင် နှစ်ရက်ကထိ ပင်နယ်တီအကြောင်း မပြောခဲ့ရဘူး။ အခု ငါတို့ ပင်နယ်တီလေး တစ်ကြိမ်ရတာနဲ့ ဒီအကြောင်းကို ငါတို့ စကားပြောနေရတယ်။ ဆာလက်ကို ဘာအကြောင်းနဲ့ ဝေဖန်ဖို့ မရှိပါဘူး ” လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

တူညီတဲ့ သတင်းပတ်မှာပဲ အင်္ဂလန်သား တိုက်စစ်သမား ဝဲလ်ဆန်က အဲဗာတန်နဲ့ပွဲမှာ ပြိုင်ဘက်ရဲ့ ဘောလုံး ရှင်းထုတ်မှုကို ခြေထောက် သွားခံပြီး ပင်နယ်တီ ရခဲ့တယ်။ စပါးတိုက်စစ်သမား ကိန်းကလည်း လယ်လာနာရဲ့ ခေါင်းတိုင်းရှင်းမှုကို ခန္ဓာကိုယ် သွားခုခဲ့ပြီး ပင်နယ်တီ ယူခဲ့တယ်။ ဒါပေမယ့်လို့ အင်္ဂလန် သုံးသပ်သူတွေနဲ့ မီဒီယာတွေကတော့ နိုင်ငံခြားသား ကစားသမားဖြစ်တဲ့ ဆာလက်ကိုပဲ ဦးတည် ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ZAWGYI

အတၱလန္တာပြဲၾကိဳ မီဒီယာေတြ႔ဆံမႈမွာေတာ့ သတင္းသမားေတြ ထိပ္ဆံုးေမးခဲ့ၾကတဲ့ ေမးခြန္းေတြထဲက တစ္ခုကေတာ့ ဆာလက္ရဲ႕ ပင္နယ္တီ ကိစၥပဲျဖစ္ပါတယ္။

လီဗာပူးက ဝက္ဟမ္းကို အႏုိင္ရတဲ့ပြဲမွာ ေျခပဂိုးအတြက္ ဆာလက္က ပင္နယ္တီကေန သြင္းယူေပးခဲ့တာပါ။ အဆိုပါ ပြဲအျပီးမွာ အဂၤလန္ သံုးသပ္သူေတြက ဆာလက္ကို ဟန္ေဆာင္ဒိုင္ဗစ္လုပ္သူ၊ ခပ္လြယ္လြယ္ လဲခ်ခဲ့သူ စသျဖင့္ ေဝဖန္မႈေတြ လုပ္ခဲ့ၾကတာပါ။

ပြဲၾကိဳမွာေတာ့ သတင္းသမားေတြက ဆာလက္ရဲ႕ အျပဳအမႈက မွားလား မွန္လား ဘယ္လိုျမင္လဲဆိုတဲ့ အဆင့္ကိုေတာင္ မေမးဘဲ အဆင့္ေက်ာ္ျပီး ဆာလက္ရဲ႕ လုပ္ရပ္ကို ေဝဖန္မွာလားဆိုတဲ့ ေမးခြန္းကို ေက်ာ္ျပီး ေမးျမန္းခဲ့တယ္။

ကေလာ့ပ္က ” မေဝဖန္ပါဘူး။ ငါဘာေျပာရမလဲ။ အဲ့တာက ျပစ္ဒဏ္ေဘာပဲေလ။ လူတိုင္းလည္း ဒါကို ေကာင္းေကာင္းျမင္ခဲ့တာပါပဲ။ ” လို႔ ပင္နယ္တီကိစၥ ေမးခံရမႈကို ျပန္ေျဖတယ္။

မန္ေနဂ်ာကပဲ ” မင္းတို႔ဘာသာ ယံုခ်င္ယံု မယံုခ်င္ေန မေန႔ မနက္တုန္းက ျပစ္ဒဏ္ က်ဴးလြန္ခံရတဲ့ အေနအထားကို ဘယ္လို ခံစားရလဲ မိုကို ေမးေတာ့ သူက ပြဲထဲမွာ သံုးၾကိမ္ေလာက္ လူခ်ခံရျပီး တစ္ၾကိမ္က ပင္နယ္တီျဖစ္ရပ္လုိ႔ ျပန္ေျဖခဲ့တယ္။ ယံုမယံုကေတာ့ မင္းတို႔အပိုင္းေပါ့။

ဒီကာလေတြအတြင္း ပင္နယ္တီအေၾကာင္း ငါတို႔ စကားသိပ္မေျပာခဲ့ရဘူး။ အရင္ ႏွစ္ရက္ကထိ ပင္နယ္တီအေၾကာင္း မေျပာခဲ့ရဘူး။ အခု ငါတို႔ ပင္နယ္တီေလး တစ္ၾကိမ္ရတာနဲ႔ ဒီအေၾကာင္းကို ငါတို႔ စကားေျပာေနရတယ္။ ဆာလက္ကို ဘာအေၾကာင္းနဲ႔ ေဝဖန္ဖို႔ မရွိပါဘူး ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္ပါတယ္။

တူညီတဲ့ သတင္းပတ္မွာပဲ အဂၤလန္သား တိုက္စစ္သမား ဝဲလ္ဆန္က အဲဗာတန္နဲ႔ပြဲမွာ ျပိဳင္ဘက္ရဲ႕ ေဘာလံုး ရွင္းထုတ္မႈကို ေျခေထာက္ သြားခံျပီး ပင္နယ္တီ ရခဲ့တယ္။ စပါးတိုက္စစ္သမား ကိန္းကလည္း လယ္လာနာရဲ႕ ေခါင္းတိုင္းရွင္းမႈကို ခႏၶာကိုယ္ သြားခုခဲ့ျပီး ပင္နယ္တီ ယူခဲ့တယ္။ ဒါေပမယ့္လို႔ အဂၤလန္ သံုးသပ္သူေတြနဲ႔ မီဒီယာေတြကေတာ့ ႏုိင္ငံျခားသား ကစားသမားျဖစ္တဲ့ ဆာလက္ကိုပဲ ဦးတည္ ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။