မန်နေဂျာကလော့ပ်က နွေရာသီ လက်မှတ်ထိုး ခေါ်ယူမှုအသစ်ဖြစ်တဲ့ ဂျိုတာရဲ့ တောက်ပမှုကို ကျေနပ်နေပြီး အစောပိုင်းကာလပဲ ရှိသေးပေမယ့် အသားကျလာနေပြီလို့ မန်နေဂျာက ပြောပါတယ်။

ကလော့ပ်က ” သူက အကောင်းဆုံး အသက်အရွယ်ပါပဲ။ ၂၃ နှစ်ဆိုတာ အတွေ့အကြုံ ရှိနေပါပြီ။ သိပ်ကောင်းတဲ့ ကောင်လေးဖြစ်ပြီး သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှုဖြစ်ပါတယ်။ ကစားသမားတွေက အထိုင်ကျဖို့အတွက် အချိန်လိုတယ်ဆိုတာကို ကျနေ်ာတို့ သိပါတယ်။ ဒါပေမယ့် ဂျိုတာအတွက် အချိန်သိပ်မလိုဘူးဆိုတာလည်း ကျနော် သိတယ်။ အဲ့တာကတော့ ဝုဗ်ကလည်း ပြင်းထန်စွာ ကစားခြင်းကြောင့် ဖြစ်ပါတယ် ” လို့ ဆိုခဲ့တယ်။

လက်ရှိမှာ လီဗာပူးက ပရီးမီးယားလိဂ်မှာ အဆင့် ၁ ၊ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ အုပ်စုဗိုလ်ဆိုတဲ့ အနေအထားတွေ ဖြစ်ပေမယ့်လည်း အဲ့ကိစ္စတွေကို အာရုံမထားဖို့ ကလော့ပ်က သတိပေးတယ်။ ရာသီက အရမ်းစောစော ကာလမှာပဲ ရှိနေသေးတာကြောင့် မစဉ်းစားသင့်တဲ့ ကိစ္စတွေကို မစဉ်းစားဖို့ သတိပေးခဲ့ပါတယ်။

ကလော့ပ်ကပဲ ” ခက်ခဲတဲ့ အချိန်တွေမှာ ရှာကွီရီက ကျနေ်ာတို့အတွက် မယုံနိုင်လောက်အောင် အရေးပါပါတယ်။ အသင်းမှာ ၁၁ ဦးထက်ပိုပြီး ကစားသမားကောင်းတွေ ရှိနေတာကတော့ ကျနေ်ာတို့အတွက် ကောင်းတာပေါ့။

ကျနေ်ာတို့မှာလည်း ရင်ဆိုင်ဖြေရှင်းရမယ့် ကိစ္စတွေ ရှိနေတယ်။ ဒါတွေကိုလည်း မျှော်လင့်ထားပါတယ်။ ကျနေ်ာတို့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကိုလည်း သိတယ်။ ကျနေ်ာတို့ ထိခိုက်မှုတွေ ရှိခဲ့ပြီး တုန့်ပြန်ပြခဲ့တယ်။ ရာသီက အစောပိုင်းကာလပဲ ရှိပါသေးတယ်။ ခြားနားတဲ့ ပြိုင်ပွဲတွေမှာ ကျနေ်ာတို့ ရောက်နေတဲ့ နေရာတွေအတွက် အများကြီး မစဉ်းစားသင့်သေးပါဘူး။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ေႏြရာသီ လက္မွတ္ထိုး ေခၚယူမႈအသစ္ျဖစ္တဲ့ ဂ်ိဳတာရဲ႕ ေတာက္ပမႈကို ေက်နပ္ေနျပီး အေစာပိုင္းကာလပဲ ရွိေသးေပမယ့္ အသားက်လာေနျပီလုိ႔ မန္ေနဂ်ာက ေျပာပါတယ္။

ကေလာ့ပ္က ” သူက အေကာင္းဆံုး အသက္အရြယ္ပါပဲ။ ၂၃ ႏွစ္ဆိုတာ အေတြ႔အၾကံဳ ရွိေနပါျပီ။ သိပ္ေကာင္းတဲ့ ေကာင္ေလးျဖစ္ျပီး သိပ္ေကာင္းတဲ့ လက္မွတ္ထိုးမႈျဖစ္ပါတယ္။ ကစားသမားေတြက အထိုင္က်ဖို႔အတြက္ အခ်ိန္လိုတယ္ဆိုတာကို က်ေန္ာတို႔ သိပါတယ္။ ဒါေပမယ့္ ဂ်ိဳတာအတြက္ အခ်ိန္သိပ္မလိုဘူးဆိုတာလည္း က်ေနာ္ သိတယ္။ အဲ့တာကေတာ့ ဝုဗ္ကလည္း ျပင္းထန္စြာ ကစားျခင္းေၾကာင့္ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တယ္။

လက္ရွိမွာ လီဗာပူးက ပရီးမီးယားလိဂ္မွာ အဆင့္ ၁ ၊ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ အုပ္စုဗိုလ္ဆိုတဲ့ အေနအထားေတြ ျဖစ္ေပမယ့္လည္း အဲ့ကိစၥေတြကို အာရံုမထားဖို႔ ကေလာ့ပ္က သတိေပးတယ္။ ရာသီက အရမ္းေစာေစာ ကာလမွာပဲ ရွိေနေသးတာေၾကာင့္ မစဥ္းစားသင့္တဲ့ ကိစၥေတြကို မစဥ္းစားဖို႔ သတိေပးခဲ့ပါတယ္။

ကေလာ့ပ္ကပဲ ” ခက္ခဲတဲ့ အခ်ိန္ေတြမွာ ရွာကီြရီက က်ေန္ာတို႔အတြက္ မယံုႏုိင္ေလာက္ေအာင္ အေရးပါပါတယ္။ အသင္းမွာ ၁၁ ဦးထက္ပိုျပီး ကစားသမားေကာင္းေတြ ရွိေနတာကေတာ့ က်ေန္ာတို႔အတြက္ ေကာင္းတာေပါ့။

က်ေန္ာတို႔မွာလည္း ရင္ဆိုင္ေျဖရွင္းရမယ့္ ကိစၥေတြ ရွိေနတယ္။ ဒါေတြကိုလည္း ေမွ်ာ္လင့္ထားပါတယ္။ က်ေန္ာတို႔ ဘယ္ေနရာမွာ ရွိေနတယ္ဆိုတာကိုလည္း သိတယ္။ က်ေန္ာတို႔ ထိခိုက္မႈေတြ ရွိခဲ့ျပီး တုန္႔ျပန္ျပခဲ့တယ္။ ရာသီက အေစာပိုင္းကာလပဲ ရွိပါေသးတယ္။ ျခားနားတဲ့ ျပိဳင္ပြဲေတြမွာ က်ေန္ာတို႔ ေရာက္ေနတဲ့ ေနရာေတြအတြက္ အမ်ားၾကီး မစဥ္းစားသင့္ေသးပါဘူး။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။