စကိုင်းစပေါ့မှ သုံးသပ်သူ ဂယ်ရီနဗီးက ဒီရာသီ လီဗာပူးပြသနေတဲ့ အနေအထားတွေက ချန်ပီယံတွေမှာ ရှိသင့်တဲ့ ပုံစံတွေပါလို့ ဝန်ခံ ချီးကျူးသွားပါတယ်။

လီဗာပူးအသင်းဟာ အက်စတွန်ဗီလာကို စိတ်ပျက်ဖွယ် ခြေစွမ်းနဲ့ အရေးနိမ့်ခဲ့တာကလွဲရင် VAR ရဲ့ လက်ခံဖို့ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကြောင့် အဲဗာတန်ကို သရေကျတဲ့ပွဲ တစ်ပွဲတည်းက အမှတ်ပေးလိဂ်မှာ ရမှတ်ဆုံးရံှူးထားတဲ့ပွဲ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အဓိက ကစားသမား ၁၁ ဦးထိကို ဒဏ်ရာတွေကြောင့် လွဲချော်ထားကာ လက်ရှိမှာ ဗန်ဒိုက်၊ ဖာဘင်ညို၊ သီယာဂို၊ မာတစ်တို့ကိုလည်း လက်လွတ်ထားရတာပါ။ ထိခိုက်မှုကြီးတွေ ရှိနေပေမယ့်လည်း လီဗာပူးအသင်းသားတွေက အနိုင်ရလဒ်အတွက် ကြိုးစားလုပ်ဆောင်လာခဲ့ကာ နောက်ကနေ လိုက်ကစားရင်း နိုင်ပွဲတွေ ရယူလာခဲ့တယ်။

နဗီးကပဲ ” လီဗာပူးက ဒီအခြေအနေ အချိန်အခါမှာ သူတို့ လုပ်နိုင်တဲ့ အကောင်းဆုံးရဲ့ အောက်မှာပဲ ကစားနိုင်နေပါတယ်။ ဘာလို့လည်းဆိုတာလည်း ကျနေ်ာတို့ သိတယ်။ ဗန်ဒိုက်ကို လက်လွတ်လိုက်ရတာက အရမ်းကြီးမားတဲ့ အထိနာမှုဖြစ်ပါတယ်။

ကျနော် ယူနိုက်တက်အတွက် ကစားပေးနေတုန်းက ကန်တိုနာက နာမည်ကျော် ကွန်ဖူးကန်ချက်ကြောင့် ပွဲပယ်ထားခဲ့ရတဲ့ ဘောလုံးရာသီ၊ ရိုင်ကိန်း ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့ ဘောလုံးရာသီနဲ့ ကစားသမားကောင်းတွေ လက်လွတ်ရတဲ့ ဘောလုံးရာသီတွေလည်း ရှိခဲ့ပါတယ်။

အဝတ်လဲခန်းမှာတော့ အဲ့လို အနေအထားတွေရဲ့ သက်ရောက်မှုက ကြီးမားပါတယ်။ ဒါပေမယ့် လီဗာပူးကတော့ သူတို့ အကောင်းဆုံး မကစားနိုင်နေတဲ့ အခိုက်အတန့်တွေမှာတော့ နိုင်ပွဲရအောင် ကြိုးစားရမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်စွမ်းရှိတယ်။

ဒါဟာ ချန်ပီယံအသင်းတွေ လုပ်နိုင်တဲ့ အမှတ်လက္ခဏာပါပဲ။ ဒီအခြေအနေမှာတော့ ဒီအကြောင်းပြချက်နဲ့ သူတို့က ချန်ပီယံဖြစ်နေပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ သံုးသပ္သူ ဂယ္ရီနဗီးက ဒီရာသီ လီဗာပူးျပသေနတဲ့ အေနအထားေတြက ခ်န္ပီယံေတြမွာ ရွိသင့္တဲ့ ပံုစံေတြပါလို႔ ဝန္ခံ ခ်ီးက်ဴးသြားပါတယ္။

လီဗာပူးအသင္းဟာ အက္စတြန္ဗီလာကို စိတ္ပ်က္ဖြယ္ ေျခစြမ္းနဲ႔ အေရးနိမ့္ခဲ့တာကလြဲရင္ VAR ရဲ႕ လက္ခံဖို႔ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ေၾကာင့္ အဲဗာတန္ကို သေရက်တဲ့ပြဲ တစ္ပြဲတည္းက အမွတ္ေပးလိဂ္မွာ ရမွတ္ဆံုးရံွဴးထားတဲ့ပြဲ ျဖစ္ပါတယ္။

ဒီကာလေတြအတြင္း အဓိက ကစားသမား ၁၁ ဦးထိကို ဒဏ္ရာေတြေၾကာင့္ လြဲေခ်ာ္ထားကာ လက္ရွိမွာ ဗန္ဒိုက္၊ ဖာဘင္ညိဳ၊ သီယာဂို၊ မာတစ္တို႔ကိုလည္း လက္လြတ္ထားရတာပါ။ ထိခိုက္မႈၾကီးေတြ ရွိေနေပမယ့္လည္း လီဗာပူးအသင္းသားေတြက အႏုိင္ရလဒ္အတြက္ ၾကိဳးစားလုပ္ေဆာင္လာခဲ့ကာ ေနာက္ကေန လိုက္ကစားရင္း ႏုိင္ပြဲေတြ ရယူလာခဲ့တယ္။

နဗီးကပဲ ” လီဗာပူးက ဒီအေျခအေန အခ်ိန္အခါမွာ သူတို႔ လုပ္ႏုိင္တဲ့ အေကာင္းဆံုးရဲ႕ ေအာက္မွာပဲ ကစားႏိုင္ေနပါတယ္။ ဘာလို႔လည္းဆိုတာလည္း က်ေန္ာတို႔ သိတယ္။ ဗန္ဒိုက္ကို လက္လြတ္လိုက္ရတာက အရမ္းၾကီးမားတဲ့ အထိနာမႈျဖစ္ပါတယ္။

က်ေနာ္ ယူႏုိက္တက္အတြက္ ကစားေပးေနတုန္းက ကန္တိုနာက နာမည္ေက်ာ္ ကြန္ဖူးကန္ခ်က္ေၾကာင့္ ပြဲပယ္ထားခဲ့ရတဲ့ ေဘာလံုးရာသီ၊ ရိုင္ကိန္း ဒဏ္ရာေၾကာင့္ မကစားႏုိင္ခဲ့တဲ့ ေဘာလံုးရာသီနဲ႔ ကစားသမားေကာင္းေတြ လက္လြတ္ရတဲ့ ေဘာလံုးရာသီေတြလည္း ရွိခဲ့ပါတယ္။

အဝတ္လဲခန္းမွာေတာ့ အဲ့လို အေနအထားေတြရဲ႕ သက္ေရာက္မႈက ၾကီးမားပါတယ္။ ဒါေပမယ့္ လီဗာပူးကေတာ့ သူတို႔ အေကာင္းဆံုး မကစားႏုိင္ေနတဲ့ အခိုက္အတန္႔ေတြမွာေတာ့ ႏုိင္ပြဲရေအာင္ ၾကိဳးစားရမယ့္ နည္းလမ္းေတြကို ရွာေဖြႏုိင္စြမ္းရွိတယ္။

ဒါဟာ ခ်န္ပီယံအသင္းေတြ လုပ္ႏုိင္တဲ့ အမွတ္လကၡဏာပါပဲ။ ဒီအေျခအေနမွာေတာ့ ဒီအေၾကာင္းျပခ်က္နဲ႔ သူတို႔က ခ်န္ပီယံျဖစ္ေနပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။