စကိုင်းစပေါ့မှ သုံးသပ်သူ ဂယ်ရီနဗီးက ဒီရာသီ လီဗာပူးရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရနေပြီး အကောင်းဆုံး စွမ်းဆောင်ရည် မပြသနိုင်ရင်တောင် နိုင်ပွဲရယူနေတဲ့ အနေအထားတွေက ချန်ပီယံတွေမှာ ရှိသင့်တဲ့ လက္ခဏာပါလို့ ဝန်ခံ ချီးကျူးသွားပါတယ်။

အဂွယ်ရိုဟာ အခြေအနေ ပိုကောင်းလာနေပြီး လီဗာပူးနဲ့ပွဲမှာ ပါဝင်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မန်နေဂျာဂွာဒီယိုလာက ထုတ်ပြောလိုက်ပါတယ်။

လီဗာပူး ခံစစ်သမား ထရန့်က သူဟာ လူငယ်ကစားသမား မဟုတ်တော့ကြောင်းနဲ့ အသင်းရဲ့ ခေါင်းဆောင်ပိုင်း တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ထုတ်ပြောပါတယ်။

ဂျိုတာနဲ့ ပက်သက်ပြီး ကလော့ပ်က ” သူက အကောင်းဆုံး အသက်အရွယ်ပါပဲ။ ၂၃ နှစ်ဆိုတာ အတွေ့အကြုံ ရှိနေပါပြီ။ သိပ်ကောင်းတဲ့ လက်မှတ်ထိုးမှုပါ။ ကစားသမားတွေက အထိုင်ကျဖို့အတွက် အချိန်လိုပေမယ့် ဂျိုတာအတွက် အချိန်သိပ်မလိုဘူးဆိုတာလည်း ကျနော် သိတယ်။ အဲ့တာကတော့ ဝုဗ်ကလည်း ပြင်းထန်စွာ ကစားခြင်းကြောင့် ဖြစ်ပါတယ် ” လို့ ဆိုခဲ့တယ်။

လီဗာပူးက ပရီးမီးယားလိဂ်မှာ အဆင့် ၁ ၊ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ အုပ်စုဗိုလ်ဆိုတဲ့ အနေအထားတွေ ဖြစ်ပေမယ့်လည်း ရာသီက အရမ်းစောစော ကာလမှာပဲ ရှိနေသေးတာကြောင့် မစဉ်းစားသင့်တဲ့ ကိစ္စတွေကို မစဉ်းစားသေးဖို့ သတိပေးခဲ့ပါတယ်။

လီဗာပူးက ဝက်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ ခြေပဂိုးအတွက် ဆာလက်က ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုပါ ပင်နယ်တီ အနေအထားက ပေးကိုပေးရမယ့် အနေအထားလို့ ကလော့ပ်က ပြောပါတယ်။

ချန်ပီယံလိဂ် အုပ်စု D ရဲ့ တတိယမြောက်ပွဲအဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ဖို့ရာ လီဗာပူးအသင်းဟာ အီတလီမြေကို ထွက်ခွာမှာဖြစ်ပြီး ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးမှာတော့ ကီတာ၊ မာတစ်နဲ့ ကိုစတက်တို့ ပါဝင်လာပါတယ်။

လီဗာပူးဟာ နွေဈေးကွက်မှာ ဝတ်ဖိုဒ့်တိုက်စစ်သမား ဆာကို ဦးစားပေး ချိတ်ဆက်ခဲ့တာဖြစ်ပြီး ဝတ်ဖိုဒ့်က လီဗာပူးကို ဆက်ဆံပုံက အနည်းငယ် မာရေကျောရေနိုင်ခဲ့သလို သူတို့ ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းခံရာက ဝုဗ်က ဂျိုတာကို ပြောင်းလဲ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ သံုးသပ္သူ ဂယ္ရီနဗီးက ဒီရာသီ လီဗာပူးရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရေနျပီး အေကာင္းဆံုး စြမ္းေဆာင္ရည္ မျပသႏုိင္ရင္ေတာင္ ႏုိင္ပြဲရယူေနတဲ့ အေနအထားေတြက ခ်န္ပီယံေတြမွာ ရွိသင့္တဲ့ လကၡဏာပါလို႔ ဝန္ခံ ခ်ီးက်ဴးသြားပါတယ္။

အဂြယ္ရိုဟာ အေျခအေန ပိုေကာင္းလာေနျပီး လီဗာပူးနဲ႔ပြဲမွာ ပါဝင္လာတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္လို႔ မန္ေနဂ်ာဂြာဒီယိုလာက ထုတ္ေျပာလုိက္ပါတယ္။

လီဗာပူး ခံစစ္သမား ထရန္႔က သူဟာ လူငယ္ကစားသမား မဟုတ္ေတာ့ေၾကာင္းနဲ႔ အသင္းရဲ႕ ေခါင္းေဆာင္ပိုင္း တာဝန္ေတြကို ထမ္းေဆာင္ဖုိ႔ အဆင္သင့္ျဖစ္ေနပါျပီလို႔ ထုတ္ေျပာပါတယ္။

ဂ်ိဳတာနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ” သူက အေကာင္းဆံုး အသက္အရြယ္ပါပဲ။ ၂၃ ႏွစ္ဆိုတာ အေတြ႔အၾကံဳ ရွိေနပါျပီ။ သိပ္ေကာင္းတဲ့ လက္မွတ္ထိုးမႈပါ။ ကစားသမားေတြက အထိုင္က်ဖို႔အတြက္ အခ်ိန္လိုေပမယ့္ ဂ်ိဳတာအတြက္ အခ်ိန္သိပ္မလိုဘူးဆိုတာလည္း က်ေနာ္ သိတယ္။ အဲ့တာကေတာ့ ဝုဗ္ကလည္း ျပင္းထန္စြာ ကစားျခင္းေၾကာင့္ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တယ္။

လီဗာပူးက ပရီးမီးယားလိဂ္မွာ အဆင့္ ၁ ၊ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ အုပ္စုဗိုလ္ဆိုတဲ့ အေနအထားေတြ ျဖစ္ေပမယ့္လည္း ရာသီက အရမ္းေစာေစာ ကာလမွာပဲ ရွိေနေသးတာေၾကာင့္ မစဥ္းစားသင့္တဲ့ ကိစၥေတြကို မစဥ္းစားေသးဖို႔ သတိေပးခဲ့ပါတယ္။

လီဗာပူးက ဝက္ဟမ္းကို အႏုိင္ရတဲ့ပြဲမွာ ေျခပဂိုးအတြက္ ဆာလက္က ပင္နယ္တီကေန သြင္းယူေပးခဲ့တာျဖစ္ျပီး အဆိုပါ ပင္နယ္တီ အေနအထားက ေပးကိုေပးရမယ့္ အေနအထားလို႔ ကေလာ့ပ္က ေျပာပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စု D ရဲ႕ တတိယေျမာက္ပြဲအျဖစ္ အတၱလန္တာအသင္းနဲ႔ ယွဥ္ျပိဳင္ဖို႔ရာ လီဗာပူးအသင္းဟာ အီတလီေျမကို ထြက္ခြာမွာျဖစ္ျပီး ပြဲၾကိဳ အသင္းရဲ႕ ေလ့က်င့္ေရးမွာေတာ့ ကီတာ၊ မာတစ္နဲ႔ ကိုစတက္တို႔ ပါဝင္လာပါတယ္။

လီဗာပူးဟာ ေႏြေစ်းကြက္မွာ ဝတ္ဖိုဒ့္တိုက္စစ္သမား ဆာကို ဦးစားေပး ခ်ိတ္ဆက္ခဲ့တာျဖစ္ျပီး ဝတ္ဖိုဒ့္က လီဗာပူးကို ဆက္ဆံပံုက အနည္းငယ္ မာေရေက်ာေရႏုိင္ခဲ့သလို သူတို႔ ကစားသမားအတြက္ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးကို ေတာင္းခံရာက ဝုဗ္က ဂ်ိဳတာကို ေျပာင္းလဲ ကမ္းလွမ္းခဲ့ျခင္းျဖစ္ပါတယ္။