ဆဲလ်ဘတ်အသင်း အားကစားဒါရိုက်တာ Christoph Freund က ၎င်းတို့အသင်း ကစားသမားဟောင်း ဟာလန်နဲ့ လီဗာပူးကြား သုံးသပ်ချက်တစ်ခုကို ထုတ်ပြောလိုက်ပါတယ်။

တီဗီပရိုဂရမ်မှာ အနာဂတ်မှာ ဟာလန် ဘယ်အသင်းတွေမှာ အခြေချကစားနိုင်သေးလဲဆိုပြီး သူ့ကို မေးမြန်းခဲ့တာပါ။ Christoph Freund က ဒေါ့မွန်ကနေ ခြားနားတဲ့ ကလပ်တွေထံ ပြောင်းရွှေ့နိုင်တာကို ဝန်ခံခဲ့တယ်။ လီဗာပူးထံကောလို့ မေးခံရရာမှာတော့ Freund က ‘အဲ့တာက သူအခြေချမယ့် နေရာဖြစ်လာမှာပါ ‘ ပါလို့ ဆိုခဲ့တာပါ။

တစ်ဆက်တည်းမှာ ဆဲလ်ဘတ်ရဲ့ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ လီဗာပူးနဲ့ မဲကျခဲ့စဉ် ဗီဒီယိုအတိုလည်း ထွက်လာခဲ့ပြီး ဟာလန်က လီဗာပူးနဲ့အတူ တစ်အုပ်စုတည်း ကျခဲ့တာကို အတော်လေး ပျော်ရွှင်နေခဲ့တာကိုလည်း မြင်တွေ့ထားရတယ်။

ဒါ့အပြင် အန်ဖီးကွင်းကို လာရောက်စဉ်က ဟာလန်က ကွင်းရဲ့ ကြီးမားမှုနဲ့ ခမ်းနားမှုကို အတော်လေး စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့တယ်။ ဟာလန်က ” ကမ္ဘာအကောင်းဆုံးအသင်းကို ရောက်နေတာပါ။ ပရိသတ်တွေ၊ အန်ဖီးကွင်းနဲ့ အငွေ့အသက်က သိပ်ကောင်းတယ်ဗျာ။ ” လို့ ကျေနပ်စွာ ပျော်နေတဲ့ ဗီဒီယို အတိုတွေလည်း ထွက်လာခဲ့တယ်။

ဟာလန်ဟာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့နောက် ကာလရှည် စာချုပ် ချုပ်ဆိုထားပါတယ်။ သို့သော် စာချုပ်ထဲမှာတော့ စာချုပ်ပါကြေး ပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ် နောက်ပိုင်းမှာမှ အခြားသော ကလပ်တစ်သင်းထံ ပြောင်းရွှေ့ခွင့် ပါဝင်ထားပါတယ်။

ZAWGYI

ဆဲလ္ဘတ္အသင္း အားကစားဒါရိုက္တာ Christoph Freund က ၄င္းတို႔အသင္း ကစားသမားေဟာင္း ဟာလန္နဲ႔ လီဗာပူးၾကား သံုးသပ္ခ်က္တစ္ခုကို ထုတ္ေျပာလိုက္ပါတယ္။

တီဗီပရိုဂရမ္မွာ အနာဂတ္မွာ ဟာလန္ ဘယ္အသင္းေတြမွာ အေျခခ်ကစားႏုိင္ေသးလဲဆိုျပီး သူ႔ကို ေမးျမန္းခဲ့တာပါ။ Christoph Freund က ေဒါ့မြန္ကေန ျခားနားတဲ့ ကလပ္ေတြထံ ေျပာင္းေရႊ႔ႏုိင္တာကို ဝန္ခံခဲ့တယ္။ လီဗာပူးထံေကာလို႔ ေမးခံရရာမွာေတာ့ Freund က ‘အဲ့တာက သူအေျခခ်မယ့္ ေနရာျဖစ္လာမွာပါ ‘ ပါလို႔ ဆိုခဲ့တာပါ။

တစ္ဆက္တည္းမွာ ဆဲလ္ဘတ္ရဲ႕ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ လီဗာပူးနဲ႔ မဲက်ခဲ့စဥ္ ဗီဒီယိုအတိုလည္း ထြက္လာခဲ့ျပီး ဟာလန္က လီဗာပူးနဲ႔အတူ တစ္အုပ္စုတည္း က်ခဲ့တာကို အေတာ္ေလး ေပ်ာ္ရႊင္ေနခဲ့တာကိုလည္း ျမင္ေတြ႔ထားရတယ္။

ဒါ့အျပင္ အန္ဖီးကြင္းကို လာေရာက္စဥ္က ဟာလန္က ကြင္းရဲ႕ ၾကီးမားမႈနဲ႔ ခမ္းနားမႈကို အေတာ္ေလး စိတ္လႈပ္ရွား ေပ်ာ္ရႊင္ေနခဲ့တယ္။ ဟာလန္က ” ကမၻာအေကာင္းဆံုးအသင္းကို ေရာက္ေနတာပါ။ ပရိသတ္ေတြ၊ အန္ဖီးကြင္းနဲ႔ အေငြ႔အသက္က သိပ္ေကာင္းတယ္ဗ်ာ။ ” လို႔ ေက်နပ္စြာ ေပ်ာ္ေနတဲ့ ဗီဒီယို အတိုေတြလည္း ထြက္လာခဲ့တယ္။

ဟာလန္ဟာ ေဒါ့မြန္အသင္းကို ေျပာင္းေရႊ႔ခဲ့တဲ့ေနာက္ ကာလရွည္ စာခ်ဳပ္ ခ်ဳပ္ဆိုထားပါတယ္။ သို႔ေသာ္ စာခ်ဳပ္ထဲမွာေတာ့ စာခ်ဳပ္ပါေၾကး ပါဝင္ခဲ့ျပီး ၂၀၂၂ ခုႏွစ္ ေနာက္ပိုင္းမွာမွ အျခားေသာ ကလပ္တစ္သင္းထံ ေျပာင္းေရႊ႔ခြင့္ ပါဝင္ထားပါတယ္။