အီတလီကို ရောက်သွားပြီဖြစ်တဲ့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် တတိယပွဲစဉ် မတိုင်ခင် မဲဝုဒ်မှာတော့ ကွင်းဖွင့် လေ့ကျင့်ရေးအစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။

ဒီအပတ်တွေမှာ အဓိက ကစားသမားတွေကို လက်လွတ်ထားရတဲ့ လီဗာပူးဟာ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို အသင်းလူစာရင်းထဲ မထည့်နိုင်သေးပါဘူး။ ဒဏ်ရာက ပြန်သက်သာလာသူတွေထဲမှာ သီယာဂိုကို ထပ်မံ ချန်လှပ်ခဲ့ပြီး စပိန်သားဟာ တစ်ဦးချင်း လေ့ကျင့်ရေး ပရိုဂရမ်တွေကိုပဲ လုပ်ဆောင်နေရတယ်။

မန်နေဂျာကလော့ပ်အတွက် အားတက်စရာက ကိုစတက်၊ မာတစ်၊ ကိတ်တာတို့တွေကို ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ လေ့ကျင့်ရေးထဲ ထည့်သုံးခဲ့တာပါပဲ။ သူတို့ သုံးဦးလုံးဟာ ဒဏ်ရာပြဿနာတွေကြောင့် သီတင်းပတ် အတန်ကြာအောင် အနားယူနေခဲ့ရသူဖြစ်တယ်။

ဒဏ်ရာကြောင့် လေ့ကျင့်ရေးမှာ မပါထားတဲ့ ခံစစ်သမား ကိုမတ်တီယိုကလည်း ပထမအသင်းနဲ့ လေ့ကျင့်နိုင်ခဲ့တယ်။ ဝက်ဟမ်းပွဲမှာ ပါခဲ့ပြီး ချန်ပီယံလိဂ် လူစာရင်းမှာ မပါတဲ့ ခံစစ်သမား နက်ဖီးလစ်လည်း အတူဝင်ရောက်ပြီး လေ့ကျင့်သွားပါတယ်။ သူတို့ နှစ်ဦးဟာ ချန်ပီယံလိဂ် လူစာရင်းမှာ မပါထားသူတွေ ဖြစ်ကြပါတယ်။

ကြားရက်ပွဲမှာ မာတစ်နဲ့ ရိုင်းစ်တို့ထဲက တစ်ဦးကို ဂိုးမက်စ်နဲ့ တွဲဘက်ပြီး ခံစစ်ကို ကစားစေမှာပါ။ ကိတ်တာကတော့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ထက် အရန်ခုံကနေပဲ ပါဝင်သွားဦးမယ်လို့ ယူဆရတယ်။ ကိုစတက်စ်ကလည်း တူညီတဲ့ အနေအထားအဖြစ် အရန်စာရင်းမှာပဲ ပါဝင်သွားဦးမှာပါ။

ခပ်မြန်မြန် ကစားဖို့ ရည်ရွယ်ရင်တော့ ပွဲနေ့ ၁၉ ဦး လူစာရင်းမှာ ဂျိမ်းမီလ်နာကို ထုတ်သုံးမှာ မဟုတ်ဘူး။ မီလ်နာဟာ နောက်ထပ် အဝါတစ်ကဒ်ရရင် ချန်ပီယံလိဂ် ပွဲစဉ် ၁ ပွဲကို လွဲချော်မှာဖြစ်တယ်။ ကွင်းလယ်မှာတော့ လူငယ်လေး ဂျိတ်ကိန်းကိုလည်း ထပ်မံ ခေါ်ယူသွားပါတယ်။ သူဟာ ပွဲနေ့ လူစာရင်းမှာ အရန်ခုံက ပါဝင်ဖွယ်ရှိတယ်။

ဂိုးသမား နှစ်ဦးဖြစ်တဲ့ အယ်လီဆန်နဲ့ အတ်ဒရီယန်တို့ ပုံမှန်အတိုင်း လေ့ကျင့်ခဲ့ကြတယ်။ ဗန်ဒိုက်၊ ချိန်ဘာလိန်တို့ ကာလရှည် နားရဦးမှာဖြစ်ပြီး ဖာဘင်ညိုနဲ့ သီယာဂိုတို့ကတော့ နိုင်ငံတကာ သီတင်းပတ် အပြီးမှာ ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

Liverpool squad – Atalanta

Goalkeepers: Alisson, Adrian, Kelleher

Defenders: Gomez, Matip, R.Williams, Alexander-Arnold, Robertson, Tsimikas, N.Williams

Midfielders: Henderson, Wijnaldum, Milner, Keita, Jones, Cain

Forwards: Salah, Mane, Firmino, Jota, Minamino, Shaqiri, Origi

ZAWGYI

အီတလီကို ေရာက္သြားျပီျဖစ္တဲ့ လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ တတိယပြဲစဥ္ မတိုင္ခင္ မဲဝုဒ္မွာေတာ့ ကြင္းဖြင့္ ေလ့က်င့္ေရးအစီအစဥ္ကို ျပဳလုပ္ခဲ့ပါတယ္။

ဒီအပတ္ေတြမွာ အဓိက ကစားသမားေတြကို လက္လြတ္ထားရတဲ့ လီဗာပူးဟာ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ကို အသင္းလူစာရင္းထဲ မထည့္ႏုိင္ေသးပါဘူး။ ဒဏ္ရာက ျပန္သက္သာလာသူေတြထဲမွာ သီယာဂိုကို ထပ္မံ ခ်န္လွပ္ခဲ့ျပီး စပိန္သားဟာ တစ္ဦးခ်င္း ေလ့က်င့္ေရး ပရိုဂရမ္ေတြကိုပဲ လုပ္ေဆာင္ေနရတယ္။

မန္ေနဂ်ာကေလာ့ပ္အတြက္ အားတက္စရာက ကိုစတက္၊ မာတစ္၊ ကိတ္တာတို႔ေတြကို ၾကံ႕ခိုင္မႈ ေကာင္းေကာင္းနဲ႔ ေလ့က်င့္ေရးထဲ ထည့္သံုးခဲ့တာပါပဲ။ သူတို႔ သံုးဦးလံုးဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ သီတင္းပတ္ အတန္ၾကာေအာင္ အနားယူေနခဲ့ရသူျဖစ္တယ္။

ဒဏ္ရာေၾကာင့္ ေလ့က်င့္ေရးမွာ မပါထားတဲ့ ခံစစ္သမား ကိုမတ္တီယိုကလည္း ပထမအသင္းနဲ႔ ေလ့က်င့္ႏုိင္ခဲ့တယ္။ ဝက္ဟမ္းပြဲမွာ ပါခဲ့ျပီး ခ်န္ပီယံလိဂ္ လူစာရင္းမွာ မပါတဲ့ ခံစစ္သမား နက္ဖီးလစ္လည္း အတူဝင္ေရာက္ျပီး ေလ့က်င့္သြားပါတယ္။ သူတို႔ ႏွစ္ဦးဟာ ခ်န္ပီယံလိဂ္ လူစာရင္းမွာ မပါထားသူေတြ ျဖစ္ၾကပါတယ္။

ၾကားရက္ပြဲမွာ မာတစ္နဲ႔ ရိုင္းစ္တို႔ထဲက တစ္ဦးကို ဂိုးမက္စ္နဲ႔ တြဲဘက္ျပီး ခံစစ္ကို ကစားေစမွာပါ။ ကိတ္တာကေတာ့ ပြဲထြက္လူစာရင္းမွာ ပါဝင္ခြင့္ထက္ အရန္ခံုကေနပဲ ပါဝင္သြားဦးမယ္လို႔ ယူဆရတယ္။ ကိုစတက္စ္ကလည္း တူညီတဲ့ အေနအထားအျဖစ္ အရန္စာရင္းမွာပဲ ပါဝင္သြားဦးမွာပါ။

ခပ္ျမန္ျမန္ ကစားဖို႔ ရည္ရြယ္ရင္ေတာ့ ပြဲေန႔ ၁၉ ဦး လူစာရင္းမွာ ဂ်ိမ္းမီလ္နာကို ထုတ္သံုးမွာ မဟုတ္ဘူး။ မီလ္နာဟာ ေနာက္ထပ္ အဝါတစ္ကဒ္ရရင္ ခ်န္ပီယံလိဂ္ ပြဲစဥ္ ၁ ပြဲကို လြဲေခ်ာ္မွာျဖစ္တယ္။ ကြင္းလယ္မွာေတာ့ လူငယ္ေလး ဂ်ိတ္ကိန္းကိုလည္း ထပ္မံ ေခၚယူသြားပါတယ္။ သူဟာ ပြဲေန႔ လူစာရင္းမွာ အရန္ခံုက ပါဝင္ဖြယ္ရွိတယ္။

ဂိုးသမား ႏွစ္ဦးျဖစ္တဲ့ အယ္လီဆန္နဲ႔ အတ္ဒရီယန္တို႔ ပံုမွန္အတိုင္း ေလ့က်င့္ခဲ့ၾကတယ္။ ဗန္ဒိုက္၊ ခ်ိန္ဘာလိန္တို႔ ကာလရွည္ နားရဦးမွာျဖစ္ျပီး ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ကေတာ့ ႏုိင္ငံတကာ သီတင္းပတ္ အျပီးမွာ ျပန္လာႏုိင္မွာ ျဖစ္ပါတယ္။