ဒီကနေ့ည မြန်မာစံတော်ချိန် ၂း၃၀ မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ် ပွဲစဉ် ၃ အဖြစ် အတ္တလန္တာအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အတ္တလန္တာဟာလည်း လီဗာပူးနဲ့ တူညီစွာပဲ ဒီရာသီ စီးရီးအေလိဂ်ရဲ့ ဒုတိယ တိုက်စစ်အကောင်းဆုံး အသင်းဖြစ်သလို၊ ခံစစ် ပေးဂိုး အများဆုံး အသင်းတွေထဲမှာလည်း ပါနေပါတယ်။ ဒါ့အပြင် သူတို့ အသင်းကလည်း အဓိက ကစားသမား အချို့ကို လက်လွတ်ထားရမှာဖြစ်တယ်။ ဒီတစ်ကြိမ် နှစ်သင်း ထိပ်တိုက်တွေ့မှုမှာတော့ သွင်းဂိုး အများအပြားကို မြင်တွေ့ရမယ်လို့ မျှော်လင့်စရာ ရှိလာတယ်။

ပွဲနဲ့ ပက်သက်လို့ အိုဝင်က ” ဒီရာသီမှာ အတ္တလန္တာက ကြည့်လို့ကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ သူတို့က အန္တရာယ်ရှိတဲ့ အသင်းဖြစ်ပြီး လီဗာပူးကလည်း အခုချိန်မှာ ခ့စစ်ပိုင်းက အားနည်းနေတဲ့ အသင်းဖြစ်တယ်။ အီတလီကလပ်ဟာ လီဗာပူးကို ပြဿနာတွေပေးဖို့ စိတ်ကူးနေမှာ ဖြစ်ပါတယ်။

ဂိုးတွေ ပေးနေရပေမယ့် လီဗာပူးက နိုင်ပွဲတွေကိုတော့ ရှာဖွေနိုင်စွမ်း ရှိနေပါတယ်။ ဒါက ချန်ပီယံတွေရဲ့ အမှတ်အသားပဲ ဖြစ်တယ်။ အတ္တလန္တာက ခက်ခဲတဲ့ စိန်ခေါ်မှု ဆိုပေမယ့်လည်း ကျနော်ကတော့ လီဗာပူးက ဇယားထိပ်ဆုံးကို ဦးဆောင်သွားမယ်လို့ ခန့်မှန်းထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချန်ပီယံလိဂ် အဝေးကွင်းပွဲဖြစ်မှာတော့ လီဗာပူးက အတ္တလန္တာကို ၂-၁ နဲ့ အနိုင်ရမယ်လို့လည်း အိုဝင်က ရလဒ် ခန့်မှန်းသွားပါတယ်။

ZAWGYI

ဒီကေန႔ည ျမန္မာစံေတာ္ခ်ိန္ ၂း၃၀ မွာေတာ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္ ပြဲစဥ္ ၃ အျဖစ္ အတၱလႏၱာအသင္းကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

အတၱလႏၱာဟာလည္း လီဗာပူးနဲ႔ တူညီစြာပဲ ဒီရာသီ စီးရီးေအလိဂ္ရဲ႕ ဒုတိယ တိုက္စစ္အေကာင္းဆံုး အသင္းျဖစ္သလို၊ ခံစစ္ ေပးဂိုး အမ်ားဆံုး အသင္းေတြထဲမွာလည္း ပါေနပါတယ္။ ဒါ့အျပင္ သူတို႔ အသင္းကလည္း အဓိက ကစားသမား အခ်ိဳ႔ကို လက္လြတ္ထားရမွာျဖစ္တယ္။ ဒီတစ္ၾကိမ္ ႏွစ္သင္း ထိပ္တိုက္ေတြ႔မႈမွာေတာ့ သြင္းဂိုး အမ်ားအျပားကို ျမင္ေတြ႔ရမယ္လို႔ ေမွ်ာ္လင့္စရာ ရွိလာတယ္။

ပြဲနဲ႔ ပက္သက္လို႔ အိုဝင္က ” ဒီရာသီမွာ အတၱလႏၱာက ၾကည့္လို႔ေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ သူတို႔က အႏၱရာယ္ရွိတဲ့ အသင္းျဖစ္ျပီး လီဗာပူးကလည္း အခုခ်ိန္မွာ ခ့စစ္ပိုင္းက အားနည္းေနတဲ့ အသင္းျဖစ္တယ္။ အီတလီကလပ္ဟာ လီဗာပူးကို ျပႆနာေတြေပးဖို႔ စိတ္ကူးေနမွာ ျဖစ္ပါတယ္။

ဂိုးေတြ ေပးေနရေပမယ့္ လီဗာပူးက ႏုိင္ပြဲေတြကိုေတာ့ ရွာေဖြႏုိင္စြမ္း ရွိေနပါတယ္။ ဒါက ခ်န္ပီယံေတြရဲ႕ အမွတ္အသားပဲ ျဖစ္တယ္။ အတၱလႏၱာက ခက္ခဲတဲ့ စိန္ေခၚမႈ ဆိုေပမယ့္လည္း က်ေနာ္ကေတာ့ လီဗာပူးက ဇယားထိပ္ဆံုးကို ဦးေဆာင္သြားမယ္လို႔ ခန္႔မွန္းထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲျဖစ္မွာေတာ့ လီဗာပူးက အတၱလႏၱာကို ၂-၁ နဲ႔ အႏုိင္ရမယ္လို႔လည္း အိုဝင္က ရလဒ္ ခန္႔မွန္းသြားပါတယ္။