အဖွင့်ပွဲ ၂ ပွဲမှာ အနိုင်ရလဒ်တွေ ရယူပြီး ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးကို ရင်ဆိုင်ပြီး အန္တရာယ်တွေ ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အတ္တလန္တာတိုက်စစ်သမား ဇာပါတာက ထုတ်ပြောလိုက်ပါတယ်။

မနှစ်ကရာသီမှာ အတ္တလန္တာအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ဖို့ အတော်လေး နီးစပ်ခဲ့သေးတာပါ။ ပီအက်စ်ဂျီအသင်းက နာကျင်မိနစ်တွေမှာ ဂိုးသွင်းခဲ့တာကြောင့် ၎င်းတို့ဟာ ကွာတားအဆင့်မှာတင် ကျန်ရစ်ခဲ့ရတယ်။ သူတို့ လူစာရင်းကလည်း သိပ်မပြောင်းသေးတာကြောင့် လီဗာပူးအတွက် ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။

အတ္တလန္တာအသင်း တိုက်စစ်သမား ဇာပါတာက ” လွယ်ကူမယ့်ပွဲတစ်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး ” ဆိုပြီး ဒီအပတ် ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့ ရင်ဆိုင်ကစားရမယ့်အပေါ် မှတ်ချက်ပေးပါတယ်။

တိုက်စစ်သမားက ဆက်ပြီး ပြောတာက ” အရင် ၂ နှစ်ကပဲ သူတို့ ချန်ပီယံလိဂ်ကို အနိုင်ရခဲ့တယ်။ မနှစ်ကရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့တယ်။ ဒါကြောင့် သူတို့က နိုင်ငံတကာ အတိုင်းအတာနဲ့ကို အသင်းကြီးတစ်သင်း ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ ခံစစ်အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်လာမှာပါ။ ကျနေ်ာတို့ရဲ့ တိုက်စစ်က အရည်အချင်းရှိပြီး ကျနေ်ာတို့က ကိုယ်ရလာတဲ့ အခွင့်အရေးကို အရယူမှာပါ။ ကိုယ်ကစားနေကျအတိုင်း အကောင်းဆုံး ကစားနိုင်မယ်ဆိုရင် ကျနေ်ာတို့တွေ လီဗာပူးကို နာကျင်အောင် လုပ်နိုင်ပါတယ်။

ကျနေ်ာတို့ ဘယ်လို တိုက်စစ်ကစားတယ်ဆိုတာ သူတို့သိတယ်။ တိုက်စစ်နဲ့ ခံစစ်ကို မျှတအောင် ကစားနိုင်တာက ကျနေ်ာတို့အတွက် အခြေခံကျတဲ့ အလုပ်ဖြစ်ပါတယ်။ ကျနေ်ာတို့ရဲ့ တိုက်စစ်ကလည်း သူတို့ တိုက်စစ်လိုပဲ ပြင်းထန်တဲ့ ကစားနိုင်စွမ်းရှိတယ်။ လီဗာပူးကို အနိုင်ရဖို့ဆိုရင် အခြေခံကျတဲ့ ကိစ္စတွေကို လုပ်နိုင်ဖို့ လိုပါတယ်” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အတ္တလန္တာဟာ အုပ်စုတွင်းမှာ ရမှတ် ၄ မှတ်ဖြင့် ဒုတိယနေရာမှာ ရှိနေတဲ့အသင်းဖြစ်ပြီး ဒီပွဲစဉ်ကို အနိုင်ရထားမယ်ဆိုရင် အုပ်စုတွင်း ဒုတိယအကျော့တွေ မတိုင်ခင်မှာ လီဗာပူးဟာ နောက်တစ်ဆင့်ကို တက်ဖို့ အတော်လး အလေးသာသွားဖို့ ရှိနေပါတယ်။

ZAWGYI

အဖြင့္ပြဲ ၂ ပြဲမွာ အႏုိင္ရလဒ္ေတြ ရယူျပီး ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ ထိပ္ဆံုးက ဦးေဆာင္ေနတဲ့ လီဗာပူးကို ရင္ဆိုင္ျပီး အႏၱရာယ္ေတြ ေပးဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ အတၱလႏၱာတိုက္စစ္သမား ဇာပါတာက ထုတ္ေျပာလိုက္ပါတယ္။

မႏွစ္ကရာသီမွာ အတၱလႏၱာအသင္းဟာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ကို ေရာက္ဖုိ႔ အေတာ္ေလး နီးစပ္ခဲ့ေသးတာပါ။ ပီအက္စ္ဂ်ီအသင္းက နာက်င္မိနစ္ေတြမွာ ဂိုးသြင္းခဲ့တာေၾကာင့္ ၄င္းတို႔ဟာ ကြာတားအဆင့္မွာတင္ က်န္ရစ္ခဲ့ရတယ္။ သူတို႔ လူစာရင္းကလည္း သိပ္မေျပာင္းေသးတာေၾကာင့္ လီဗာပူးအတြက္ ခက္ခဲမယ့္ ပြဲတစ္ပြဲ ျဖစ္လာႏုိင္ပါတယ္။

အတၱလႏၱာအသင္း တိုက္စစ္သမား ဇာပါတာက ” လြယ္ကူမယ့္ပြဲတစ္ပြဲ ျဖစ္လာမွာ မဟုတ္ပါဘူး ” ဆိုျပီး ဒီအပတ္ ခ်န္ပီယံလိဂ္မွာ လီဗာပူးနဲ႔ ရင္ဆုိင္ကစားရမယ့္အေပၚ မွတ္ခ်က္ေပးပါတယ္။

တိုက္စစ္သမားက ဆက္ျပီး ေျပာတာက ” အရင္ ၂ ႏွစ္ကပဲ သူတို႔ ခ်န္ပီယံလိဂ္ကို အႏုိင္ရခဲ့တယ္။ မႏွစ္ကရာသီမွာ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရခဲ့တယ္။ ဒါေၾကာင့္ သူတို႔က ႏုိင္ငံတကာ အတိုင္းအတာနဲ႔ကို အသင္းၾကီးတစ္သင္း ျဖစ္ပါတယ္။

ဒါေပမယ့္ သူတို႔ ခံစစ္အတြက္ ခက္ခဲတဲ့ စိန္ေခၚမႈျဖစ္လာမွာပါ။ က်ေန္ာတို႔ရဲ႕ တိုက္စစ္က အရည္အခ်င္းရွိျပီး က်ေန္ာတို႔က ကိုယ္ရလာတဲ့ အခြင့္အေရးကို အရယူမွာပါ။ ကိုယ္ကစားေနက်အတိုင္း အေကာင္းဆံုး ကစားႏုိင္မယ္ဆိုရင္ က်ေန္ာတို႔ေတြ လီဗာပူးကို နာက်င္ေအာင္ လုပ္ႏုိင္ပါတယ္။

က်ေန္ာတို႔ ဘယ္လို တိုက္စစ္ကစားတယ္ဆိုတာ သူတို႔သိတယ္။ တိုက္စစ္နဲ႔ ခံစစ္ကို မွ်တေအာင္ ကစားႏုိင္တာက က်ေန္ာတို႔အတြက္ အေျခခံက်တဲ့ အလုပ္ျဖစ္ပါတယ္။ က်ေန္ာတို႔ရဲ႕ တိုက္စစ္ကလည္း သူတို႔ တိုက္စစ္လိုပဲ ျပင္းထန္တဲ့ ကစားႏုိင္စြမ္းရွိတယ္။ လီဗာပူးကို အႏုိင္ရဖို႔ဆိုရင္ အေျခခံက်တဲ့ ကိစၥေတြကို လုပ္ႏုိင္ဖို႔ လိုပါတယ္” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အတၱလႏၱာဟာ အုပ္စုတြင္းမွာ ရမွတ္ ၄ မွတ္ျဖင့္ ဒုတိယေနရာမွာ ရွိေနတဲ့အသင္းျဖစ္ျပီး ဒီပြဲစဥ္ကို အႏုိင္ရထားမယ္ဆိုရင္ အုပ္စုတြင္း ဒုတိယအေက်ာ့ေတြ မတိုင္ခင္မွာ လီဗာပူးဟာ ေနာက္တစ္ဆင့္ကို တက္ဖို႔ အေတာ္လး အေလးသာသြားဖို႔ ရွိေနပါတယ္။