ဘီဘီစီ အားကစားသတင်းဌာနမှ ဂါရတ်ကွတ်က ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအပြီးမှာ သူ့ရဲ့ တစ်ပတ်တာ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပြီး လီဗာပူးမှ ဟန်ဒါဆန်ကို ထည့်သွင်းခဲ့တယ်။

ဒါပေမယ့်လို့ အကောင်းဆုံးအသင်းရွေးချယ်မှုမှာ ဟန်ဒါဆန်ကို ဘာလို့ သူရွေးရပါတယ်ဆိုပြီး ပြောတဲ့ အပိုင်းမှာတော့ ဟန်ဒါဆန်ကို ချီးကျူးဖို့ထက် ဆာလက်ကို ဝေဖန်လိုမှုက ပိုမို အဓိကကျခဲ့တာကို မြင်ခဲ့ရတယ်။

ဂါရတ်ကွတ်က ” ဝက်ဟမ်းနဲ့ပွဲ လီဗာပူးရတဲ့ ပင်နယ်တီက ပေးသင့်တယ်လို့ မထင်ပါဘူး။ အခုထိ ဘာလို့ အဲ့ပင်နယ်တီကို ပေးလိုက်လဲ နားမလည်ဘူး။ ဧရိယာထဲမှာ လူမထိဘဲ လဲချလေ့ရှိတဲ့ ဆာလက်ကို အတိတ်ကလည်း ကျနော် ဝေဖန်ထားတယ်။ ဝက်ဟမ်းနဲ့ပွဲမှာ အာသာက သူ့နဲ့ ထိတွေ့မှုတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ထိတွေ့မှုပြီး ဘောလုံးဆက်ကစားရင် အဲ့တာက ပြစ်ဒဏ် မဟုတ်တော့ဘူး။ ဒါပေမယ့် ဒိုင်လူကြီးက အဲ့တာကို ထည့်တွက်ခဲ့တယ်။

ဂျော်ဒန်ဟန်ဒါဆန်က ဝက်ဟမ်းကို ရင်ဆိုင်တဲ့ ခက်ခဲတဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် အရေးပါခဲ့တယ်။ လီဗာပူးရဲ့ အနိုင်ဂိုးကို ဂျိုတာသွင်းယူမှု မတိုင်ခင်မှာ ဟန်ဒါဆန်က ဘောလုံးကို အကောင်းဆုံး ထိန်းသိမ်းပြီး ရှာကွီရီကို ပေးခဲ့တယ်။

ဟန်ဒါဆန်က ဆာလက်ရဲ့ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကို မထောက်ပြပါဘဲ အီဂျစ်သားကို လီဗာပူးရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ကြောင်း လူကြီးလူကောင်းစကားမျိုးတွေ ပြောနေမယ်ဆိုရင် ကျနော်ကတော့ အံ့သြမိမှာပါပဲ ” လို့ ဆိုခဲ့တာပါ။

သူ့ရဲ့ ပြောစကားတွေမှာတော့ ဟန်ဒါဆန်ကို ချီးကျူးဖို့ထက် ဆာလက်ကို ဝေဖန်လိုတဲ့စိတ်က ထိန်းမရတာကို မြင်ရမှာဖြစ်တယ်။ လီဗာပူးဟာ အက်စတွန်ဗီလာနဲ့ပွဲကစလို့ အဲဗာတန်၊ ရှက်ဖီး၊ ဝက်ဟမ်းပွဲတွေထိ VAR ရဲ့ ဆုံးဖြတ်ချက်အမှားတွေ ဆက်တိုက် ပိုင်ဆိုင်ထားတာပါ။

အဲဗာတန်နဲ့ပွဲ အနိုင်ဂိုး၊ ရှက်ဖီးနဲ့ပွဲ ဦးဆောင်ဂိုး၊ ဝက်ဟမ်းနဲ့ပွဲ ဦးဆောင်ဂိုးတွေမှာဆိုရင်လည်း ပြန်လည် ပယ်ဖျက်ခံထားရတာဖြစ်တယ်။ လီဗာပူးရဲ့ ထိခိုက်မှုတွေတုန်းက နှုတ်ပိတ်နေကြသလောက် ဆာလက်နဲ့ ပက်သက်ပြီး ပေးသင့်တဲ့ ပင်နယ်တီကို ပေးချိန်မှာ ဟန်ဆောင်လဲချပါတယ်ဆိုပြီး ဖိအားပေးလာတာကတော့ မျက်ခုံးပင့်စရာပဲ ဖြစ်နေပါလိမ့်မယ်။

ဒါ့အပြင် ၎င်းတို့ အင်္ဂလန်ဘောလုံး သုံးသပ်သူတွေကပဲ နယူးကာဆယ်မှ ဝဲလ်ဆန်နဲ့ စပါးမှ ဟယ်ရီကိန်းတို့ရဲ့ ပင်နယ်တီရဖို့ တမင်ဖန်တီးယူမှုတွေကိုတော့ ပါးနပ်တဲ့ လှုပ်ရှားမှုပါလို့ ချီးကျူးထားကြသေးတာ ဖြစ်ပါတယ်။

ZAWGYI

ဘီဘီစီ အားကစားသတင္းဌာနမွ ဂါရတ္ကြတ္က ဒီအပတ္ ပရီးမီးယားလိဂ္ပြဲေတြအျပီးမွာ သူ႔ရဲ႕ တစ္ပတ္တာ အေကာင္းဆံုးအသင္းကို ေရြးခ်ယ္ခဲ့ျပီး လီဗာပူးမွ ဟန္ဒါဆန္ကို ထည့္သြင္းခဲ့တယ္။

ဒါေပမယ့္လို႔ အေကာင္းဆံုးအသင္းေရြးခ်ယ္မႈမွာ ဟန္ဒါဆန္ကို ဘာလို႔ သူေရြးရပါတယ္ဆိုျပီး ေျပာတဲ့ အပိုင္းမွာေတာ့ ဟန္ဒါဆန္ကို ခ်ီးက်ဴးဖို႔ထက္ ဆာလက္ကို ေဝဖန္လိုမႈက ပိုမို အဓိကက်ခဲ့တာကို ျမင္ခဲ့ရတယ္။

ဂါရတ္ကြတ္က ” ဝက္ဟမ္းနဲ႔ပြဲ လီဗာပူးရတဲ့ ပင္နယ္တီက ေပးသင့္တယ္လို႔ မထင္ပါဘူး။ အခုထိ ဘာလို႔ အဲ့ပင္နယ္တီကို ေပးလိုက္လဲ နားမလည္ဘူး။ ဧရိယာထဲမွာ လူမထိဘဲ လဲခ်ေလ့ရွိတဲ့ ဆာလက္ကို အတိတ္ကလည္း က်ေနာ္ ေဝဖန္ထားတယ္။ ဝက္ဟမ္းနဲ႔ပြဲမွာ အာသာက သူ႔နဲ႔ ထိေတြ႔မႈေတာ့ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ထိေတြ႔မႈျပီး ေဘာလံုးဆက္ကစားရင္ အဲ့တာက ျပစ္ဒဏ္ မဟုတ္ေတာ့ဘူး။ ဒါေပမယ့္ ဒိုင္လူၾကီးက အဲ့တာကို ထည့္တြက္ခဲ့တယ္။

ေဂ်ာ္ဒန္ဟန္ဒါဆန္က ဝက္ဟမ္းကို ရင္ဆိုင္တဲ့ ခက္ခဲတဲ့ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ အေရးပါခဲ့တယ္။ လီဗာပူးရဲ႕ အႏုိင္ဂိုးကို ဂ်ိဳတာသြင္းယူမႈ မတိုင္ခင္မွာ ဟန္ဒါဆန္က ေဘာလံုးကို အေကာင္းဆံုး ထိန္းသိမ္းျပီး ရွာကီြရီကို ေပးခဲ့တယ္။

ဟန္ဒါဆန္က ဆာလက္ရဲ႕ ဟန္ေဆာင္ဒိုင္ဗင္ထိုးမႈကို မေထာက္ျပပါဘဲ အီဂ်စ္သားကို လီဗာပူးရဲ႕ အေကာင္းဆံုးေတြထဲက တစ္ဦးျဖစ္ေၾကာင္း လူၾကီးလူေကာင္းစကားမ်ိဳးေတြ ေျပာေနမယ္ဆိုရင္ က်ေနာ္ကေတာ့ အံ့ၾသမိမွာပါပဲ ” လို႔ ဆိုခဲ့တာပါ။

သူ႔ရဲ႕ ေျပာစကားေတြမွာေတာ့ ဟန္ဒါဆန္ကို ခ်ီးက်ဴးဖို႔ထက္ ဆာလက္ကို ေဝဖန္လိုတဲ့စိတ္က ထိန္းမရတာကို ျမင္ရမွာျဖစ္တယ္။ လီဗာပူးဟာ အက္စတြန္ဗီလာနဲ႔ပြဲကစလို႔ အဲဗာတန္၊ ရွက္ဖီး၊ ဝက္ဟမ္းပြဲေတြထိ VAR ရဲ႕ ဆံုးျဖတ္ခ်က္အမွားေတြ ဆက္တိုက္ ပိုင္ဆုိင္ထားတာပါ။

အဲဗာတန္နဲ႔ပြဲ အႏုိင္ဂိုး၊ ရွက္ဖီးနဲ႔ပြဲ ဦးေဆာင္ဂိုး၊ ဝက္ဟမ္းနဲ႔ပြဲ ဦးေဆာင္ဂိုးေတြမွာဆိုရင္လည္း ျပန္လည္ ပယ္ဖ်က္ခံထားရတာျဖစ္တယ္။ လီဗာပူးရဲ႕ ထိခိုက္မႈေတြတုန္းက ႏႈတ္ပိတ္ေနၾကသေလာက္ ဆာလက္နဲ႔ ပက္သက္ျပီး ေပးသင့္တဲ့ ပင္နယ္တီကို ေပးခ်ိန္မွာ ဟန္ေဆာင္လဲခ်ပါတယ္ဆိုျပီး ဖိအားေပးလာတာကေတာ့ မ်က္ခံုးပင့္စရာပဲ ျဖစ္ေနပါလိမ့္မယ္။

ဒါ့အျပင္ ၄င္းတို႔ အဂၤလန္ေဘာလံုး သံုးသပ္သူေတြကပဲ နယူးကာဆယ္မွ ဝဲလ္ဆန္နဲ႔ စပါးမွ ဟယ္ရီကိန္းတို႔ရဲ႕ ပင္နယ္တီရဖို႔ တမင္ဖန္တီးယူမႈေတြကိုေတာ့ ပါးနပ္တဲ့ လႈပ္ရွားမႈပါလို႔ ခ်ီးက်ဴးထားၾကေသးတာ ျဖစ္ပါတယ္။