ဝက်ဟမ်းနဲ့ပွဲမှာတော့ လီဗာပူးသားလေး ထရန့်ဟာ ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်ကို ကစားခဲ့ပြီဖြစ်ပါတယ်။

ထရန့်ကပဲ ” အမှတ်ပေးပွဲ ၁၀၀ ပြည့်ခဲ့ပြီဆိုတာက အိပ်မက်တစ်ခုလိုပါပဲ။ ကျနော် အရမ်း ဂုဏ်ယူတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကလေးဘဝမှာတုန်းက ပရီးမီးယားလိဂ်ပွဲ ၁၀၀ ပြည့်ဖို့ဆိုတာမျိုးက အိပ်မက်ပဲ မက်ခွင့်ရှိတာမျိုးပါ၊ တကယ်ဖြစ်လာမယ်လို့ ဘယ်သူကမှ ထင်မိကြမှာ မဟုတ်ပါဘူး။

ကျနော်အတွက်တော့ သိပ်ကောင်းတဲ့ ဂုဏ်ယူစရာကိစ္စ ဖြစ်ပါတယ်။ ကိုယ်ဘာသာ ဂုဏ်ယူတယ်။ ဒီအခွင့်အရေးကို အရယူနိုင်တာအတွက်လည်း ကျေနပ်တယ်။ ဒီလို လျှောက်လမ်းလာတဲ့ လမ်းကြောင်းတစ်လျှောက် များစွာသော လူတွေရဲ့ အကူအညီ မပါဘဲလည်း ဒီအနေအထားကို ကျနော် ရလာမှာ မဟုတ်ပါဘူး ” လို့ ပြောခဲ့တယ်။

ထရန့်ဟာ ချန်ပီယံလိဂ်ပွဲကြိုမှာ ကလော့ပ်နဲ့အတူ မီဒီယာတွေ့ဆုံမှုကို တက်ရောက်ခဲ့တာပါ။ အသက် ၂၂ နှစ်အရွယ် ညာအစွန်လူဟာ လီဗာပူးရဲ့ ခေါင်းဆောင်ပိုင်း တာဝန်တွေကို စတင်ရယူဖို့ ကြိုးစားချိန်တန်ပြီလို့လည်း ယုံကြည်နေပါတယ်။

ထရန့်က ” ခေါင်းဆောင်နိုင်မှုပိုင်းက ကိုယ်ဘာသာလည်း တွေးထားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်က လုံလောက်တဲ့ ပါဝင်ပက်သက်မှုတွေ ရှိနေပြီဖြစ်ကာ လူငယ်ကစားသမား တစ်ဦးလည်း မဟုတ်တော့ပါဘူး။ ခေါင်းဆောင်မှုပိုင်းအတွက် ပါဝင်ပက်သက်ဖို့ လိုလာတဲ့သူ ဖြစ်လာနေပါပြီ။

နောက်တန်း လေးယောက်အတွက် အသင်းခေါင်းဆောင်လို ပုဂ္ဂိုလ်ဖြစ်တဲ့ ဗန်ဒိုက် မရှိချိန်မှာ ကျန်တဲ့ ခံစစ်သမား လေးယောက်လုံးက ဒီတာဝန်ကို ရယူဖို့အတွက် အခွင့်အရေး ရှိလာနေခဲ့ပါပြီ။ ဂျိုးနဲ့ ရိုဘိုက ဗန်ဒိုက် လုပ်ခဲ့တဲ့အတိုင်း ဒီနေရာတွေကို ယူနိုင်တယ်လို့လည်း ပြောဖို့ ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျနေ်ာတို့ မတူညီတဲ့ ကစားသမားတွေပါ။

ဗန်ဒိုက်နေရာမှာ အစားထိုးဖို့က လွဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခံစစ်က ကစားသမားတွေက တည်ငြိမ်မှုကို ပြသပြီး ရှေ့ဆက်တိုးနိုင်မယ်ဆိုရင်၊ အတူတကွ လုပ်ဆောင်နိုင်မယ်ဆိုရင် အစားထိုးဖို့ မလွယ်တဲ့ ဒီကိစ္စကို ကြိုးစားလုပ်ဆောင် နိုင်ပါမယ်။ ဒါကလည်း ကျနေ်ာတို့ကို ပိုကောင်းတဲ့ နေရာကို ရောက်စေပါမယ်။ ဒီအခြေအနေအထိတော့ ကျနေ်ာတို့ အကောင်းဆုံး လုပ်နိုင်နေတယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ လီဗာပူးသားေလး ထရန္႔ဟာ ပရီးမီးယားလိဂ္ ပြဲ ၁၀၀ ျပည့္ကို ကစားခဲ့ျပီျဖစ္ပါတယ္။

ထရန္႔ကပဲ ” အမွတ္ေပးပြဲ ၁၀၀ ျပည့္ခဲ့ျပီဆိုတာက အိပ္မက္တစ္ခုလိုပါပဲ။ က်ေနာ္ အရမ္း ဂုဏ္ယူတဲ့ ကိစၥလည္း ျဖစ္ပါတယ္။ ကေလးဘဝမွာတုန္းက ပရီးမီးယားလိဂ္ပြဲ ၁၀၀ ျပည့္ဖို႔ဆိုတာမ်ိဳးက အိပ္မက္ပဲ မက္ခြင့္ရွိတာမ်ိဳးပါ၊ တကယ္ျဖစ္လာမယ္လို႔ ဘယ္သူကမွ ထင္မိၾကမွာ မဟုတ္ပါဘူး။

က်ေနာ္အတြက္ေတာ့ သိပ္ေကာင္းတဲ့ ဂုဏ္ယူစရာကိစၥ ျဖစ္ပါတယ္။ ကိုယ္ဘာသာ ဂုဏ္ယူတယ္။ ဒီအခြင့္အေရးကို အရယူႏုိင္တာအတြက္လည္း ေက်နပ္တယ္။ ဒီလို ေလွ်ာက္လမ္းလာတဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္ မ်ားစြာေသာ လူေတြရဲ႕ အကူအညီ မပါဘဲလည္း ဒီအေနအထားကို က်ေနာ္ ရလာမွာ မဟုတ္ပါဘူး ” လို႔ ေျပာခဲ့တယ္။

ထရန္႔ဟာ ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ ကေလာ့ပ္နဲ႔အတူ မီဒီယာေတြ႔ဆံုမႈကို တက္ေရာက္ခဲ့တာပါ။ အသက္ ၂၂ ႏွစ္အရြယ္ ညာအစြန္လူဟာ လီဗာပူးရဲ႕ ေခါင္းေဆာင္ပိုင္း တာဝန္ေတြကို စတင္ရယူဖို႔ ၾကိဳးစားခ်ိန္တန္ျပီလို႔လည္း ယံုၾကည္ေနပါတယ္။

ထရန္႔က ” ေခါင္းေဆာင္ႏုိင္မႈပိုင္းက ကိုယ္ဘာသာလည္း ေတြးထားတဲ့ ကိစၥပဲ ျဖစ္ပါတယ္။ အခုဆိုရင္ က်ေနာ္က လံုေလာက္တဲ့ ပါဝင္ပက္သက္မႈေတြ ရွိေနျပီျဖစ္ကာ လူငယ္ကစားသမား တစ္ဦးလည္း မဟုတ္ေတာ့ပါဘူး။ ေခါင္းေဆာင္မႈပိုင္းအတြက္ ပါဝင္ပက္သက္ဖို႔ လိုလာတဲ့သူ ျဖစ္လာေနပါျပီ။

ေနာက္တန္း ေလးေယာက္အတြက္ အသင္းေခါင္းေဆာင္လို ပုဂၢိဳလ္ျဖစ္တဲ့ ဗန္ဒိုက္ မရွိခ်ိန္မွာ က်န္တဲ့ ခံစစ္သမား ေလးေယာက္လံုးက ဒီတာဝန္ကို ရယူဖို႔အတြက္ အခြင့္အေရး ရွိလာေနခဲ့ပါျပီ။ ဂ်ိဳးနဲ႔ ရိုဘိုက ဗန္ဒိုက္ လုပ္ခဲ့တဲ့အတိုင္း ဒီေနရာေတြကို ယူႏုိင္တယ္လို႔လည္း ေျပာဖို႔ ခက္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေန္ာတို႔ မတူညီတဲ့ ကစားသမားေတြပါ။

ဗန္ဒိုက္ေနရာမွာ အစားထိုးဖို႔က လြဲတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ခံစစ္က ကစားသမားေတြက တည္ျငိမ္မႈကို ျပသျပီး ေရွ႔ဆက္တိုးႏုိင္မယ္ဆိုရင္၊ အတူတကြ လုပ္ေဆာင္ႏုိင္မယ္ဆိုရင္ အစားထိုးဖို႔ မလြယ္တဲ့ ဒီကိစၥကို ၾကိဳးစားလုပ္ေဆာင္ ႏုိင္ပါမယ္။ ဒါကလည္း က်ေန္ာတို႔ကို ပိုေကာင္းတဲ့ ေနရာကို ေရာက္ေစပါမယ္။ ဒီအေျခအေနအထိေတာ့ က်ေန္ာတို႔ အေကာင္းဆံုး လုပ္ႏုိင္ေနတယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။