လီဗာပူး ညာအစွန်လူ ထရန့်က လွန်ခဲ့တဲ့လက အက်စတွန်ဗီလာကို အရေးနိမ့်အပြီးမှာ အသင်းဟာ နိမ့်ချစွာ ပြုမှုဖို့လိုတယ်ဆိုတာ နားလည်ခဲ့ပါကြောင်း ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးဟာ ၅၇ နှစ်အတွင်း အဆိုးဆုံး ရံှူးပွဲအဖြစ် အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၇-၂ နဲ့ အရေးနိမ့်ခဲ့တာပါ။ အဲ့ပွဲစဉ်ပြီးနောက် ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁ ပွဲပဲ သရေကျကာ ကျန်ပွဲစဉ် ၄ ပွကို အနိုင်ရအောင် ကြိုးစားလာခဲ့တယ်။ အဓိက ကစားသမားတွေ ထိခိုက်နေသော်လည်း ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာ ထိပ်ဆုံးနေရာတွေက ရပ်တည်နေခဲ့ပါတယ်။

ထရန့်က ပြောရာမှာ ” အက်စတွန်ဗီလာ ပွဲပြီးသွားချိန်မှာ အစည်းအဝေးတစ်ခု ရှိခဲ့ပါတယ်။ ပွဲပြီးတိုင်း ပြန်သုံးသပ်မှု လုပ်တာပါပဲ။ ဒါပေမယ့် အဲ့အချိန်တုန်းက ကိုယ်ဘာသာ ဘဝင်မြင့်နေခဲ့ကျတယ်လို့ ထင်ပါတယ်။ အဲ့လို ဖြစ်လို့မရဘူးဆိုတာ သိခဲ့တယ်။

တစ်ပွဲတည်းနဲ့ ပေးဂိုး ၇ ဂိုးကို ခွင့်ပြုလိုက်ရတာက လက်မခံနိုင်စရာပါပဲ။ ဒါပေမယ့် ကျနေ်ာတို့ သင်ယူနိုင်ခဲ့ပါတယ်။ အသင်းအနေနဲ့ နှိမ့်ချမှုရှိရပါတယ်။ သမိုင်းကြောင်းကောင်းတဲ့ လီဗာပူးအသင်းဖြစ်တာနဲ့ ပွဲတွေကို အနိုင်မရနိုင်ဘူးဆိုတာ သိခဲ့တယ်။ ရလဒ်ကောင်းဖို့ ကြိုးစားတဲ့ စိတ်ဓါတ်ကောင်းနဲ့ အသင်းသားတွေ အတူတကွ လုပ်ဆောင်ဖို့ လိုပါတယ်။

ကျနေ်ာတို့ ရာနှုန်းပြည့် မရှိရင် အဲ့လို အရေးနိမ့်တာတွေ ဖြစ်နိုင်တယ်။ ကျနေ်ာတို့ထံက အရမ်းဆိုးတဲ့ စွမ်းဆောင်ရည် မဟုတ်ပေမယ့် စိတ်ဓါတ်ပိုင်းက အကောင်းဆုံးမှာ ရှိမနေခဲ့ဘူး။ ဒါကြောင့်လည်း အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ကတည်းက ကျနေ်ာတို့တွေ တကယ်ကို အာရုံစိုက်ပြီး ကုန်ခဲ့တဲ့ နှစ်နှစ်အတွင်းက ဒီအဆင့်ကို ရောက်လာဖို့ ကြိုးစားခဲ့ကြတဲ့ ကျနေ်ာတို့ရဲ့ စိတ်ဓါတ်ပိုင်းကို ပြန်လည် ရှာဖွေခဲ့တယ်။ လေးစားစွာနဲ့ ကြိုးစားယှဉ်ပြိုင်ပြီး ပိတ်ဆို့မှုတွေကို ဖောက်ထွက်ဖို့ ကြိုးစားခ့တယ်။ အဲ့ပွဲပြီးကတည်းက ကျနေ်ာတို့က ရလဒ်ကောင်းတွေ ပြန်ရလာအောင် ကြိုးစားလာနိုင်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ညာအစြန္လူ ထရန္႔က လြန္ခဲ့တဲ့လက အက္စတြန္ဗီလာကို အေရးနိမ့္အျပီးမွာ အသင္းဟာ နိမ့္ခ်စြာ ျပဳမႈဖို႔လိုတယ္ဆိုတာ နားလည္ခဲ့ပါေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးဟာ ၅၇ ႏွစ္အတြင္း အဆိုးဆံုး ရံွဴးပြဲအျဖစ္ အက္စတြန္ဗီလာကို အေဝးကြင္းမွာ ၇-၂ နဲ႔ အေရးနိမ့္ခဲ့တာပါ။ အဲ့ပြဲစဥ္ျပီးေနာက္ ျပိဳင္ပြဲစံု ၅ ပြဲမွာ ၁ ပြဲပဲ သေရက်ကာ က်န္ပြဲစဥ္ ၄ ပြကို အႏုိင္ရေအာင္ ၾကိဳးစားလာခဲ့တယ္။ အဓိက ကစားသမားေတြ ထိခိုက္ေနေသာ္လည္း ပရီးမီးယားလိဂ္မွာေကာ ခ်န္ပီယံလိဂ္မွာ ထိပ္ဆံုးေနရာေတြက ရပ္တည္ေနခဲ့ပါတယ္။

ထရန္႔က ေျပာရာမွာ ” အက္စတြန္ဗီလာ ပြဲျပီးသြားခ်ိန္မွာ အစည္းအေဝးတစ္ခု ရွိခဲ့ပါတယ္။ ပြဲျပီးတိုင္း ျပန္သံုးသပ္မႈ လုပ္တာပါပဲ။ ဒါေပမယ့္ အဲ့အခ်ိန္တုန္းက ကိုယ္ဘာသာ ဘဝင္ျမင့္ေနခဲ့က်တယ္လို႔ ထင္ပါတယ္။ အဲ့လို ျဖစ္လို႔မရဘူးဆိုတာ သိခဲ့တယ္။

တစ္ပြဲတည္းနဲ႔ ေပးဂိုး ၇ ဂိုးကို ခြင့္ျပဳလိုက္ရတာက လက္မခံႏုိင္စရာပါပဲ။ ဒါေပမယ့္ က်ေန္ာတို႔ သင္ယူႏုိင္ခဲ့ပါတယ္။ အသင္းအေနန႔ဲ ႏွိမ့္ခ်မႈရွိရပါတယ္။ သမိုင္းေၾကာင္းေကာင္းတဲ့ လီဗာပူးအသင္းျဖစ္တာနဲ႔ ပြဲေတြကို အႏုိင္မရႏုိင္ဘူးဆိုတာ သိခဲ့တယ္။ ရလဒ္ေကာင္းဖို႔ ၾကိဳးစားတဲ့ စိတ္ဓါတ္ေကာင္းနဲ႔ အသင္းသားေတြ အတူတကြ လုပ္ေဆာင္ဖို႔ လိုပါတယ္။

က်ေန္ာတို႔ ရာႏႈန္းျပည့္ မရွိရင္ အဲ့လို အေရးနိမ့္တာေတြ ျဖစ္ႏုိင္တယ္။ က်ေန္ာတို႔ထံက အရမ္းဆိုးတဲ့ စြမ္းေဆာင္ရည္ မဟုတ္ေပမယ့္ စိတ္ဓါတ္ပိုင္းက အေကာင္းဆံုးမွာ ရွိမေနခဲ့ဘူး။ ဒါေၾကာင့္လည္း အျပစ္ေပးခံခဲ့ရတာ ျဖစ္ပါတယ္။

အဲ့ကတည္းက က်ေန္ာတို႔ေတြ တကယ္ကို အာရံုစိုက္ျပီး ကုန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္းက ဒီအဆင့္ကို ေရာက္လာဖို႔ ၾကိဳးစားခဲ့ၾကတဲ့ က်ေန္ာတို႔ရဲ႕ စိတ္ဓါတ္ပိုင္းကို ျပန္လည္ ရွာေဖြခဲ့တယ္။ ေလးစားစြာနဲ႔ ၾကိဳးစားယွဥ္ျပိဳင္ျပီး ပိတ္ဆို႔မႈေတြကို ေဖာက္ထြက္ဖို႔ ၾကိဳးစားခ့တယ္။ အဲ့ပြဲျပီးကတည္းက က်ေန္ာတို႔က ရလဒ္ေကာင္းေတြ ျပန္ရလာေအာင္ ၾကိဳးစားလာႏုိင္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။