လီဗာပူးကွင်းလယ်လူ သီယာဂိုရဲ့ ဖခင်ဖြစ်သူ Mazinho က နွေတုန်းက ပီအက်စ်ဂျီဟာ သီယာဂိုကို ခေါ်ယူဖို့ အတော်လေး ကြိုးစားခဲ့ပေမယ့် ကွင်းလယ်လူက လီဗာပူးကို ပြောင်းဖို့ကိုပဲ ဦးတည်ခဲ့တယ်လို့ ဆိုပါတယ်။

နွေမှာ ဥရောပကလပ်တစ်သင်းက လီဗာပူးပေးတဲ့ လုပ်ခထက် သာလွန်တဲ့ လုပ်ခဖြင့် သီယာဂိုကို ကမ်းလှမ်းခဲ့သေးတယ်ဆိုတာ သိထားရတာပါ။ Mazinho ရဲ့ ပြောပြမှုအရတော့ အဆိုပါ ကမ်းလှမ်းမှုဟာ ပီအက်စ်ဂျီထံကဖြစ်ပြီး သီယာဂိုကို မရခြင်းကြောင့် ပီအက်စ်ဂျီအသင်းဟာ ညီဖြစ်သူ ရာဖင်ဟာကိုပဲ ပြောင်းလဲ ကမ်းလှမ်းသွားခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သီယာဂိုရဲ့ ဖခင်ဖြစ်သူက ‘ လီယိုနာဒို (ပီအက်စ်ဂျီ အားကစားဒါရိုက်တာ) နဲ့ စကားပြောမှုတွေ မကြာခဏ လုပ်ခဲ့ပါတယ်။ အဲ့တာက သီယာဂိုရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ပါပဲ။ လီယိုနာဒိုက ပီအက်စ်ဂျီအတွက် သီယာဂိုကို ခေါ်ယူလိုတယ်။ ဒါပေမယ့် သီယာဂိုက လီဗာပူးကို ပြောင်းဖို့ကိုပဲ ညိနှိုင်း ကြိုးစားခဲ့တယ်။

အဲ့နောက် ကျနေ်ာတို့က ရာဖာ (သီယာဂိုရဲ့ညီ) အတွက်ပဲ စကားပြောခဲ့ကြပါတယ်။ အစတုန်းက ရာဖာက လီယိုနာဒိုရဲ့ အစီအစဉ်မှာ မပါခဲ့ပါဘူး။ သီယာဂိုကို ခေါ်ယူလိုမရတဲ့ အနေအထားမှာ ရာဖာကို ခေါ်ယူဖို့ကို အခွင့်အရေးအဖြစ် သူတွေးမိခဲ့တာပါ။

ကျနေ်ာတို့ စကားထပ်ပြောတော့ လီယိုနာဒိုက စိတ်ပြောင်းသွားပါပြီ။ နောက်ဆုံးရက်မှာ အပြောင်းအရွှေ့ကိစ္စ ကလပ် နှစ်သင်းလုံးက အတော်လေး စကားပြောခဲ့ရတယ်။ ဖြစ်မလာမှာကို စိုးထိတ်ခဲ့ပေမယ့် ငါးနာရီ ခြောက်နာရီလောက် အကြာမှာတော့ အပြောင်းအရွှေ့ကိစ္စကို အတည်ပြုနိုင်ခဲ့တယ်။

လီယိုနာဒိုက သီယာဂိုကို ရချင်တယ်၊ သူက ရာဖင်ဟာကို ရသွားတယ်။ ရာဖင်ဟာအတွက်ကတော့ အသင်းကြီးတစ်သင်းကို ပြောင်းလိုတဲ့အိပ်မက် ပြည့်သွားခဲ့တာပေါ့ ‘ လို့ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

သီယာဂိုဟာ မာဆေးဆိုဒ်ဒါဘီမှာ ဘရာဇီး တိုက်စစ်သမား ရစ်ချာလီဆန်ရဲ့ ဖြတ်ထုတ်မှုကြောင့် ခြေသလုံးမှာ ဒဏ်ရာရခဲ့ပြီး အခုချိန်ထိ ပွဲထွက်မှုကို ပြန်မလုပ်နိုင်သေးပါဘူး။ သီယာဂိုဟာ တစ်ဦးချင်း လေ့ကျင့်ရေးမှာတော့ ပြန်လုပ်ထားနိုင်ပြီဖြစ်ကာ အခြေအနေ ကောင်းမွန်မှု ရှိနေပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ သီယာဂိုရဲ႕ ဖခင္ျဖစ္သူ Mazinho က ေႏြတုန္းက ပီအက္စ္ဂ်ီဟာ သီယာဂိုကို ေခၚယူဖို႔ အေတာ္ေလး ၾကိဳးစားခဲ့ေပမယ့္ ကြင္းလယ္လူက လီဗာပူးကို ေျပာင္းဖို႔ကိုပဲ ဦးတည္ခဲ့တယ္လုိ႔ ဆိုပါတယ္။

ေႏြမွာ ဥေရာပကလပ္တစ္သင္းက လီဗာပူးေပးတဲ့ လုပ္ခထက္ သာလြန္တဲ့ လုပ္ချဖင့္ သီယာဂိုကို ကမ္းလွမ္းခဲ့ေသးတယ္ဆိုတာ သိထားရတာပါ။ Mazinho ရဲ႕ ေျပာျပမႈအရေတာ့ အဆိုပါ ကမ္းလွမ္းမႈဟာ ပီအက္စ္ဂ်ီထံကျဖစ္ျပီး သီယာဂိုကို မရျခင္းေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ညီျဖစ္သူ ရာဖင္ဟာကိုပဲ ေျပာင္းလဲ ကမ္းလွမ္းသြားခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

သီယာဂိုရဲ႕ ဖခင္ျဖစ္သူက ‘ လီယိုနာဒို (ပီအက္စ္ဂ်ီ အားကစားဒါရိုက္တာ) နဲ႔ စကားေျပာမႈေတြ မၾကာခဏ လုပ္ခဲ့ပါတယ္။ အဲ့တာက သီယာဂိုရဲ႕ အေျပာင္းအေရႊ႔နဲ႔ ပက္သက္လို႔ပါပဲ။ လီယိုနာဒိုက ပီအက္စ္ဂ်ီအတြက္ သီယာဂိုကို ေခၚယူလိုတယ္။ ဒါေပမယ့္ သီယာဂိုက လီဗာပူးကို ေျပာင္းဖို႔ကိုပဲ ညိနိႈင္း ၾကိဳးစားခဲ့တယ္။

အဲ့ေနာက္ က်ေန္ာတို႔က ရာဖာ (သီယာဂိုရဲ႕ညီ) အတြက္ပဲ စကားေျပာခဲ့ၾကပါတယ္။ အစတုန္းက ရာဖာက လီယိုနာဒိုရဲ႕ အစီအစဥ္မွာ မပါခဲ့ပါဘူး။ သီယာဂိုကို ေခၚယူလိုမရတဲ့ အေနအထားမွာ ရာဖာကို ေခၚယူဖို႔ကို အခြင့္အေရးအျဖစ္ သူေတြးမိခဲ့တာပါ။

က်ေန္ာတို႔ စကားထပ္ေျပာေတာ့ လီယိုနာဒိုက စိတ္ေျပာင္းသြားပါျပီ။ ေနာက္ဆံုးရက္မွာ အေျပာင္းအေရႊ႔ကိစၥ ကလပ္ ႏွစ္သင္းလံုးက အေတာ္ေလး စကားေျပာခဲ့ရတယ္။ ျဖစ္မလာမွာကို စိုးထိတ္ခဲ့ေပမယ့္ ငါးနာရီ ေျခာက္နာရီေလာက္ အၾကာမွာေတာ့ အေျပာင္းအေရႊ႔ကိစၥကို အတည္ျပဳႏုိင္ခဲ့တယ္။

လီယိုနာဒိုက သီယာဂိုကို ရခ်င္တယ္၊ သူက ရာဖင္ဟာကို ရသြားတယ္။ ရာဖင္ဟာအတြက္ကေတာ့ အသင္းၾကီးတစ္သင္းကို ေျပာင္းလိုတဲ့အိပ္မက္ ျပည့္သြားခဲ့တာေပါ့ ‘ လို႔ ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

သီယာဂိုဟာ မာေဆးဆိုဒ္ဒါဘီမွာ ဘရာဇီး တိုက္စစ္သမား ရစ္ခ်ာလီဆန္ရဲ႕ ျဖတ္ထုတ္မႈေၾကာင့္ ေျခသလံုးမွာ ဒဏ္ရာရခဲ့ျပီး အခုခ်ိန္ထိ ပြဲထြက္မႈကို ျပန္မလုပ္ႏုိင္ေသးပါဘူး။ သီယာဂိုဟာ တစ္ဦးခ်င္း ေလ့က်င့္ေရးမွာေတာ့ ျပန္လုပ္ထားႏုိင္ျပီျဖစ္ကာ အေျခအေန ေကာင္းမြန္မႈ ရွိေနပါတယ္။