ဘာစီလိုနာအသင်းဟာ ၎င်းတို့ အသင်းမန်နေဂျာအဖြစ် ယာဂင်ကလော့ပ်ကို အလိုရှိနေပြီး မန်နေဂျာလောင်းစာရင်းထဲ ထည့်သွင်းလာပါတယ်။

အတ္တလန်တာနဲ့ပွဲမှာတော့ တိုက်စစ်ပိုင်းမှာ ဖာမင်နိုကို အနားပေးပြီး ဂျိုတာကို ထုတ်သုံးမယ်ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာပါတယ်။

လီဗာပူးကွင်းလယ်လူ သီယာဂိုရဲ့ ဖခင်ဖြစ်သူ Mazinho က နွေတုန်းက ပီအက်စ်ဂျီဟာ သီယာဂိုကို ခေါ်ယူဖို့ အတော်လေး ကြိုးစားခဲ့ပေမယ့် ကွင်းလယ်လူက လီဗာပူးကို ပြောင်းဖို့ကိုပဲ ဦးတည်ခဲ့တယ်လို့ ထုတ်ပြောပါတယ်။

အဖွင့်ပွဲ ၂ ပွဲမှာ အနိုင်ရလဒ်တွေ ရယူပြီး ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးကို ရင်ဆိုင်ပြီး အန္တရာယ်တွေ ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ အတ္တလန္တာတိုက်စစ်သမား ဇာပါတာက ထုတ်ပြောလိုက်ပါတယ်။

ယူနိုက်တက်ပရိသတ် တစ်ဦးက talksport ရဲ့ အစီအစဉ်မှာ မန်နေဂျာဆိုးရှားနေရာ စတီဗင်ဂျရတ်နဲ့ အစားထိုးစေလိုတယ်လို့ ပြောဆိုခဲ့တာကြောင့် လူမှုကွန်ယက်မှာတော့ အတော်လေး ပွဲဖြစ်နေပါတယ်။

လီဗာပူး ညာအစွန်လူ ထရန့်က လွန်ခဲ့တဲ့လက အက်စတွန်ဗီလာကို အရေးနိမ့်အပြီးမှာ အသင်းဟာ နိမ့်ချစွာ ပြုမှုဖို့နဲ့ ရာနှုန်းပြည့် အာရုံစိုက်နေဖို့လိုတယ်ဆိုတာ နားလည်ခဲ့ပါကြောင်း ထုတ်ပြောခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲကြိုမှာ ကလော့ပ်နဲ့အတူ မီဒီယာတွေ့ဆုံမှုကို တက်ရောက်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ညာအစွန်လူ ထရန့်ဟာ လီဗာပူးရဲ့ ခေါင်းဆောင်ပိုင်း တာဝန်တွေကို စတင်ရယူဖို့ ကြိုးစားချိန်တန်ပြီလို့လည်း ယုံကြည်နေပါတယ်။

ဘီဘီစီ အားကစားသတင်းဌာနမှ ဂါရတ်ကွတ်က ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအပြီးမှာ သူ့ရဲ့ တစ်ပတ်တာ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပြီး လီဗာပူးမှ ဟန်ဒါဆန်ကို ထည့်သွင်းခဲ့တယ်။

အင်္ဂလန်မီဒီယာတွေက လီဗာပူးရဲ့ ပင်နယ်တီအပေါ် ဝေဖန်နေကြပြီး ဆာလက်ကို စွပ်စွဲ ပြောဆိုနေမှုအတွက် ကလော့ပ်က စိတ်ပျက်နေပါတယ်။ မန်နေဂျာကလော့ပ်က ဒီရက်တွေထဲ ပင်နယ်တီအကြောင်း မပြောရပေမယ့် အသင်းက တစ်ကြိမ်လေ ပင်နယ်တီရတာနဲ့ လူတိုင်းက စကားစပြောတော့တာပဲလို့ တုန့်ပြန်ခဲ့တယ်။

အီတလီကို ရောက်သွားပြီဖြစ်တဲ့ လီဗာပူးအသင်းမှာ ကိုစတက်၊ မာတစ်၊ ကိတ်တာတို့တွေ ပါဝင်သွားခဲ့သလို လူငယ်ကစားသမား အချို့လည်း လိုက်ပါသွားခဲ့တယ်လို့ သိရတယ်။

ဆဲလ်ဘတ်အသင်း အားကစားဒါရိုက်တာ Christoph Freund က ၎င်းတို့အသင်း ကစားသမားဟောင်း ဟာလန်ဟာ တစ်ရက်မှာ လီဗာပူးအတွက် ကစားပေးပါလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ZAWGYI

ဘာစီလိုနာအသင္းဟာ ၄င္းတို႔ အသင္းမန္ေနဂ်ာအျဖစ္ ယာဂင္ကေလာ့ပ္ကို အလိုရွိေနျပီး မန္ေနဂ်ာေလာင္းစာရင္းထဲ ထည့္သြင္းလာပါတယ္။

အတၱလန္တာနဲ႔ပြဲမွာေတာ့ တိုက္စစ္ပိုင္းမွာ ဖာမင္ႏိုကို အနားေပးျပီး ဂ်ိဳတာကို ထုတ္သံုးမယ္ဆိုတဲ့ အသံေတြလည္း ထြက္ေပၚလာပါတယ္။

လီဗာပူးကြင္းလယ္လူ သီယာဂိုရဲ႕ ဖခင္ျဖစ္သူ Mazinho က ေႏြတုန္းက ပီအက္စ္ဂ်ီဟာ သီယာဂိုကို ေခၚယူဖို႔ အေတာ္ေလး ၾကိဳးစားခဲ့ေပမယ့္ ကြင္းလယ္လူက လီဗာပူးကို ေျပာင္းဖို႔ကိုပဲ ဦးတည္ခဲ့တယ္လုိ႔ ထုတ္ေျပာပါတယ္။

အဖြင့္ပြဲ ၂ ပြဲမွာ အႏုိင္ရလဒ္ေတြ ရယူျပီး ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ ထိပ္ဆံုးက ဦးေဆာင္ေနတဲ့ လီဗာပူးကို ရင္ဆိုင္ျပီး အႏၱရာယ္ေတြ ေပးဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ အတၱလႏၱာတိုက္စစ္သမား ဇာပါတာက ထုတ္ေျပာလိုက္ပါတယ္။

ယူႏုိက္တက္ပရိသတ္ တစ္ဦးက talksport ရဲ႕ အစီအစဥ္မွာ မန္ေနဂ်ာဆိုးရွားေနရာ စတီဗင္ဂ်ရတ္နဲ႔ အစားထိုးေစလိုတယ္လို႔ ေျပာဆိုခဲ့တာေၾကာင့္ လူမႈကြန္ယက္မွာေတာ့ အေတာ္ေလး ပြဲျဖစ္ေနပါတယ္။

လီဗာပူး ညာအစြန္လူ ထရန္႔က လြန္ခဲ့တဲ့လက အက္စတြန္ဗီလာကို အေရးနိမ့္အျပီးမွာ အသင္းဟာ နိမ့္ခ်စြာ ျပဳမႈဖို႔နဲ႔ ရာႏႈန္းျပည့္ အာရံုစိုက္ေနဖို႔လိုတယ္ဆိုတာ နားလည္ခဲ့ပါေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ ကေလာ့ပ္နဲ႔အတူ မီဒီယာေတြ႔ဆံုမႈကို တက္ေရာက္ခဲ့တဲ့ အသက္ ၂၂ ႏွစ္အရြယ္ ညာအစြန္လူ ထရန္႔ဟာ လီဗာပူးရဲ႕ ေခါင္းေဆာင္ပိုင္း တာဝန္ေတြကို စတင္ရယူဖို႔ ၾကိဳးစားခ်ိန္တန္ျပီလို႔လည္း ယံုၾကည္ေနပါတယ္။

ဘီဘီစီ အားကစားသတင္းဌာနမွ ဂါရတ္ကြတ္က ဒီအပတ္ ပရီးမီးယားလိဂ္ပြဲေတြအျပီးမွာ သူ႔ရဲ႕ တစ္ပတ္တာ အေကာင္းဆံုးအသင္းကို ေရြးခ်ယ္ခဲ့ျပီး လီဗာပူးမွ ဟန္ဒါဆန္ကို ထည့္သြင္းခဲ့တယ္။

အဂၤလန္မီဒီယာေတြက လီဗာပူးရဲ႕ ပင္နယ္တီအေပၚ ေဝဖန္ေနၾကျပီး ဆာလက္ကို စြပ္စြဲ ေျပာဆိုေနမႈအတြက္ ကေလာ့ပ္က စိတ္ပ်က္ေနပါတယ္။ မန္ေနဂ်ာကေလာ့ပ္က ဒီရက္ေတြထဲ ပင္နယ္တီအေၾကာင္း မေျပာရေပမယ့္ အသင္းက တစ္ၾကိမ္ေလ ပင္နယ္တီရတာနဲ႔ လူတိုင္းက စကားစေျပာေတာ့တာပဲလို႔ တုန္႔ျပန္ခဲ့တယ္။

အီတလီကို ေရာက္သြားျပီျဖစ္တဲ့ လီဗာပူးအသင္းမွာ ကိုစတက္၊ မာတစ္၊ ကိတ္တာတို႔ေတြ ပါဝင္သြားခဲ့သလို လူငယ္ကစားသမား အခ်ိဳ႔လည္း လိုက္ပါသြားခဲ့တယ္လို႔ သိရတယ္။

ဆဲလ္ဘတ္အသင္း အားကစားဒါရိုက္တာ Christoph Freund က ၄င္းတို႔အသင္း ကစားသမားေဟာင္း ဟာလန္ဟာ တစ္ရက္မွာ လီဗာပူးအတြက္ ကစားေပးပါလိမ့္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။