လီဗာပူးဟာ ချန်ပီယံလိဂ် အဝေးကွင်းအဖြစ် အတ္တလန်တာကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာတော့ ဂျိုတာ၊ ဆာလက်၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။

မန်နေဂျာကလောပ့်က လူစာရင်းမှာ ဒဏ်ရာကနေ သက်သာလာတဲ့ ကစားသမား တစ်ဦးမှ မထည့်ဘဲ ကြံ့ခိုင်မှု အကောင်းဆုံးမှာ ရှိနေတဲ့ အသင်းသားတွေကိုပဲ ထည့်ခဲ့တယ်။ ကွင်းလယ်မှာ ဂျုံးနဲ့ ခံစစ်မှာ ရိုင်းစ်တို့ ပါလာတာကလွဲလို့ ကစားသမား အစုံအလင်ပါပဲ။ ထူးထူးခြားခြားအဖြစ် တိုက်စစ်မှာ ဖာမင်နိုကို ချန်ခဲ့ကာ ဂျိုတာကို ထည့်သွင်းခဲ့ပါတယ်။

ပွဲစတာနဲ့ နှစ်ဘက်အသင်းက ထိုးဖောက်မှုတွေကို လုပ်ဖို့ ကြိုးစားခဲ့ပြီး တိုက်စစ်ဖွင့်ဖို့ လီဗာပူးဘက်က ဦးဆောင် စတင်ခဲ့တယ်။ ခံစစ်မှာ မာနေးရဲ့ ဖနှောင့်နဲ့ချပေးမှုကို ဝိုက်နယ်ဒမ်က ဂျိုတာနဲ့ တွဲကစားဖို့ ကြိုးစားခဲ့တယ်။ အကယ်လို့ ဂျိုတာက အသင်းဖော်နဲ့ တွဲကစားနိုင်ရင် တိုက်စစ်လမ်းကြောင်း ပွင့်နိုင်မှာဖြစ်ပေမယ့် ဂျိုတာက တွဲကစားနိုင်စွမ်း လိုအပ်ချက်ရှိခဲ့တယ်။

အတ္တလန်တာကလည်း တိုက်စစ်နဲ့ နာမည်ကျော်တဲ့ အသင်းဖြစ်တာကြောင့် လီဗာပူးကို ရင်ဆိုင်ရာမှာလည်း ခံစစ်ကို ပိတ်ကစားဖို့ထက် ဖွင့်ကစားဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ပွဲက ထင်ထားတာထက် ပိုမြိုင်ခဲ့ပြီး ဘောလုံးက နှစ်ဘက် ဂိုးဧရိယာနားကို ခပ်မြန်မြန်လေးတွေ ရောက်နေခဲ့တာကို မြင်ရတယ်။

အဖွင့်ဂိုး စသွင်းတာက လီဗာပူးဘက်က ဂျိုတာဖြစ်ကာ ထရန့်ရဲ့ အကွက်မြင်တဲ့ တိုက်စစ်ကို ထိုးပေးမှုအား ပြေးထွက်ပြီး ခံစစ်သမား ဘောဒီခုနေမှုကြားက တစ်ဦးချင်း အဆုံးသတ် သွင်းယူပါတယ်။ ပွဲက ပိုမြိုင်လာခဲ့ရာမှာ အတ္တလန်တာ ကစားသမားတွေကို တားဆီးဖို့ ကြိုးစားရင်း ဝိုက်နယ်ဒမ်၊ ဂျုံးတို့ အဝါကဒ်တွေ ရခဲ့တယ်။

အတ္တလန်တာက အခွင့်အရေးတွေ ရှာပေမယ့် ကွင်းလယ်ခံစစ်က ဟန်ဒါဆန်၊ ခံစစ်ကြောင်းက ဂိုးမက်စ်၊ ရိုင်းစ်တို့ကို မကျော်နိုင်ဘဲ လီဗာပူးရဲ့ လွှမ်းမိုးမှုက ပိုများလာခဲ့တယ်။ ပွဲရဲ့ အလှဆုံး အခိုက်အတန့်က ခံစစ်က ဂိုးမက်စ်ပေးလာတဲ့ အမြင့်ဘောကို ဧရိယာထဲမှာ ဂျိုတာ တစ်ချက်ထိန်း လှည့်ထွက်ပြီး ခပ်ပြင်းပြင်း အဆုံးသတ်ခြင်း ဖြစ်ပါတယ်။ ဒီသွင်းဂိုးက ဂျိုတာရဲ့ တိုက်စစ်ပိုင်း အမြင်ရှိမှု၊ အဆုံးသတ်ကောင်းမှု၊ ယုံကြည်ချက် ရှိမှုတွေကို မြင်ခဲ့ရတာဖြစ်တယ်။

ဂျိုတာဟာ ခြေစွမ်း အတက်ပိုင်းကို ရောက်နေပြီး ပထမပိုင်းအတွင်း သူ့ရဲ့ ကြိုးစားလိုမှု၊ ရဲရင့်မှုတွေကို ပြသနိုင်ခဲ့ကာ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားမှုပိုင်းမှာပဲ တိုးတက်ဖို့ လိုအပ်နေခဲ့တာဖြစ်တယ်။ ဒါ့ပေမယ့် သူ့ရဲ့ တစ်ဦးချင်း ပြတ်သားမှုတွေကပဲ လီဗာပူးတိုက်စစ်ကို အခြားသော ရှုထောင့်တစ်ဘက်ကနေ ပိုမို ထက်မြက်စေတာကို မြင်ခဲ့ရတယ်။

ဒုတိယပိုင်းမှာလည်း တူညီတဲ့ လူစာရင်းပဲဖြစ်ကာ ပွဲပြန်စပြီး မကြာခင်မှာ အတ္တလန်တာက ထောင့်ကန်ဘော ရခဲ့တယ်။ ကော်နာကို ရှင်းထုတ်တဲ့ ကောင်တာအနေအထားမှာ ဂျုံးရဲ့ အကွက်မြင်တဲ့ ပေးမှုကနေ ဆာလက် တိုက်စစ်ကြော တောက်လျှောက်ပြေးထွက်သွားပြီး အဆုံးသတ် ဂိုးသွင်းပါတယ်။

ဒုတိယပိုင်းကတော့ လီဗာပူးရဲ့ အပြည့်အဝ လွှမ်းမိုး ထိန်းချုပ်ကစားမှုကို မြင်ရတာပါပဲ။ ဆာလက် ဂိုးရပြီး မိနစ်ပိုင်းမှာပဲ ကောင်းမွန်တဲ့ ဖန်တီးပေးမှုကနေ နေရာမှန်မှာ ရှိနေတဲ့ မာနေးက ဂိုးထပ်သွင်းခဲ့တယ်။ ထပ်ပြီးလည်း မာနေးရဲ့ ဖန်တီးပေးမှုကနေ ဂျိုတာ ကွင်းတစ်ဝက်လောက်က ပြေးထွက်ကာ အတ္တလန်တာ ဂိုးသမားကို ကျော်ဖြတ်ပြီး hat-trick ရယူပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးက နေရာမှန် အချိန်မှန်ဆိုတာ ချိန်သားကိုက်မှုကို အတော်လေး လုပ်နိုင်ခဲ့တယ်။ တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ်တွေက ကိုယ်တာဝန်ယူထားတဲ့ အပိုင်းတွေကို တာဝန်ကျေလိုစိတ်တွေကို ပြခဲ့ပြီး နေရာအလိုက် ဟန်ချက်ညီခဲ့တာကို မြင်တွေ့ခဲ့ရတယ်။ တိုက်စစ်က ဂိုးများခဲ့သလို နောက်တန်းမှာလည်း အယ်လီဆန်ရဲ့ ဘောလုံး ထိန်းပေးမှု၊ ကာကွယ်မှုနဲ့ ဖြန့်ဝေမှုတွေက အတော်လေးကောင်းမွန်တာကို မြင်ခဲ့ရပါတယ်။

ကွင်းလယ်မှာ ဟန်ဒို၊ ဂီနီနဲ့ ဂျုံးတို့က ပြိုင်ဘက်ရဲ့ မြန်နှုန်းကော ရုပ်ပိုင်းဆိုင်ရာ အားပြုမှုကိုပါ အမာခံ ကာကွယ်ကစားခဲ့တယ်။ ထိုနည်းတူ ခံစစ်က ဂိုးမက်စ်နဲ့ ရိုင်းစ် အတွဲကလည်း အမြင့်ဘောကော အရှိန်နဲ့ ကစားလာမှုတွေမှာ အတော်လေး ကြိုးစား ကာကွယ်ခဲ့ကြတယ်။ ကလော့ပ်လက်ထက် တိုက်စစ် ခံစစ် ဟန်ချက်ညီတဲ့ ချန်ပီယံလိဂ် ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပွဲစဉ် ၆၅ မိနစ်မှာတော့ လူချခံရတဲ့ ဂျိုတာ အပါအဝင် ဟန်ဒါဆန်၊ ရော်ဘတ်ဆန် ကိုထုတ်ပြီး ဖာမင်နို၊ မီလ်နာ၊ ကိတ်တာတို့နဲ့ လူစားလဲခဲ့တယ်။ ကစားပုံက ကျမသွားပေမယ့် ထူးပြီးလည်း တက်မလာခဲ့ဘူး။ ဆာလက် လူချခံရတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ကလော့ပ်နဲ့ ပြိုင်ဘက် မန်နေဂျာ အငြင်းပွားရာက ကလော့ပ် အဝါကဒ်ပြခံခဲ့ရတယ်။

ဖာမင်နို အခွင့်အရေးကောင်း တစ်ကြိမ် ရခဲ့ပေမယ့် အဆုံးသတ်ခါနီးမှာ ပြိုင်ဘက်က ပိတ်ဆို့သွားနိုင်တယ်။ မိနစ် ၈၀ ကျော်မှာတော့ ဝီလီယမ်နဲ့ ကိုစတက်ကို ထရန့်နဲ့ ဂီနီနေရာ လူစားလဲခဲ့တယ်။ ကောင်တာ အနေအထားမှာ ဆာလက် ကွင်းတစ်ဝက် ပြေးထွက်ပြီး ပိတ်သွင်းပေမယ့် ဂိုးပေါက် ကပ်လွဲခဲ့ပြန်တယ်။

လီဗာပူးရဲ့ လူစာရင်း အပြောင်းအလဲအောက်မှာ အတ္တလန်တာကလည်း အခွင့်အရေး အချို့ ပြန်ရခဲ့တာတွေ ရှိပါတယ်။ ဧရိယာထဲ အပိုင်ကန်သွင်းမှုကိုတော့ အယ်လီဆန် ထိပ်တန်း လက်စွမ်းနဲ့ ကာကွယ်ပေးခဲ့တာပါ။ အတ္တလန်တာက အရမ်းညံ့နေတဲ့ အသင်းတော့ မဟုတ်ဘူး။ ဒီနေ့ပွဲမှာ အယ်လီဆန် မကောင်းခဲ့ရင် ၃ ဂိုးလောက်ထိ ပေးရနိုင်တဲ့ အနေအထားတွေလည်း ရှိခဲ့ပါတယ်။

တစ်ဘက်နဲ့ တစ်ဘက် တိုက်စစ် သွေးစမ်း ကစားမှုတွေနဲ့အတူ အခွင့်အရေးတွေ ရှာပေမယ့်လည်း ဂိုးတွေ ဆက်မသွင်းနိုင်တာကြောင့် ပွဲအပြီးမှာတော့ ဧည့်သည် လီဗာပူးက ၅-၀ ဖြင့် အနိုင်ရကာ အုပ်စုတွင်း ၃ ပွဲကစား ၃ ပွဲနိုင် ပေးဂိုးမရှိဖြင့် ထိပ်ဆုံးမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ခ်န္ပီယံလိဂ္ အေဝးကြင္းအျဖစ္ အတၱလန္တာကို အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္ရာမွာေတာ့ ဂ်ိဳတာ၊ ဆာလက္၊ မာေနးတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၅-၀ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ယူခဲ့ပါတယ္။

မန္ေနဂ်ာကေလာပ့္က လူစာရင္းမွာ ဒဏ္ရာကေန သက္သာလာတဲ့ ကစားသမား တစ္ဦးမွ မထည့္ဘဲ ၾကံ႕ခိုင္မႈ အေကာင္းဆံုးမွာ ရွိေနတဲ့ အသင္းသားေတြကိုပဲ ထည့္ခဲ့တယ္။ ကြင္းလယ္မွာ ဂ်ံဳးနဲ႔ ခံစစ္မွာ ရိုင္းစ္တို႔ ပါလာတာကလြဲလို႔ ကစားသမား အစံုအလင္ပါပဲ။ ထူးထူးျခားျခားအျဖစ္ တုိက္စစ္မွာ ဖာမင္ႏိုကို ခ်န္ခဲ့ကာ ဂ်ိဳတာကို ထည့္သြင္းခဲ့ပါတယ္။

ပြဲစတာနဲ႔ ႏွစ္ဘက္အသင္းက ထိုးေဖာက္မႈေတြကို လုပ္ဖို႔ ၾကိဳးစားခဲ့ျပီး တိုက္စစ္ဖြင့္ဖို႔ လီဗာပူးဘက္က ဦးေဆာင္ စတင္ခဲ့တယ္။ ခံစစ္မွာ မာေနးရဲ႕ ဖေႏွာင့္နဲ႔ခ်ေပးမႈကို ဝိုက္နယ္ဒမ္က ဂ်ိဳတာနဲ႔ တြဲကစားဖို႔ ၾကိဳးစားခဲ့တယ္။ အကယ္လို႔ ဂ်ိဳတာက အသင္းေဖာ္နဲ႔ တြဲကစားႏုိင္ရင္ တိုက္စစ္လမ္းေၾကာင္း ပြင့္ႏုိင္မွာျဖစ္ေပမယ့္ ဂ်ိဳတာက တြဲကစားႏုိင္စြမ္း လိုအပ္ခ်က္ရွိခဲ့တယ္။

အတၱလန္တာကလည္း တိုက္စစ္နဲ႔ နာမည္ေက်ာ္တဲ့ အသင္းျဖစ္တာေၾကာင့္ လီဗာပူးကို ရင္ဆိုင္ရာမွာလည္း ခံစစ္ကို ပိတ္ကစားဖို႔ထက္ ဖြင့္ကစားဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။ ဒါေၾကာင့္ ပြဲက ထင္ထားတာထက္ ပိုျမိဳင္ခဲ့ျပီး ေဘာလံုးက ႏွစ္ဘက္ ဂိုးဧရိယာနားကို ခပ္ျမန္ျမန္ေလးေတြ ေရာက္ေနခဲ့တာကို ျမင္ရတယ္။

အဖြင့္ဂိုး စသြင္းတာက လီဗာပူးဘက္က ဂ်ိဳတာျဖစ္ကာ ထရန္႔ရဲ႕ အကြက္ျမင္တဲ့ တိုက္စစ္ကို ထိုးေပးမႈအား ေျပးထြက္ျပီး ခံစစ္သမား ေဘာဒီခုေနမႈၾကားက တစ္ဦးခ်င္း အဆံုးသတ္ သြင္းယူပါတယ္။ ပြဲက ပိုျမိဳင္လာခဲ့ရာမွာ အတၱလန္တာ ကစားသမားေတြကို တားဆီးဖို႔ ၾကိဳးစားရင္း ဝိုက္နယ္ဒမ္၊ ဂ်ံဳးတို႔ အဝါကဒ္ေတြ ရခဲ့တယ္။

အတၱလန္တာက အခြင့္အေရးေတြ ရွာေပမယ့္ ကြင္းလယ္ခံစစ္က ဟန္ဒါဆန္၊ ခံစစ္ေၾကာင္းက ဂိုးမက္စ္၊ ရိုင္းစ္တို႔ကို မေက်ာ္ႏုိင္ဘဲ လီဗာပူးရဲ႕ လႊမ္းမိုးမႈက ပိုမ်ားလာခဲ့တယ္။ ပြဲရဲ႕ အလွဆံုး အခိုက္အတန္႔က ခံစစ္က ဂိုးမက္စ္ေပးလာတဲ့ အျမင့္ေဘာကို ဧရိယာထဲမွာ ဂ်ိဳတာ တစ္ခ်က္ထိန္း လွည့္ထြက္ျပီး ခပ္ျပင္းျပင္း အဆံုးသတ္ျခင္း ျဖစ္ပါတယ္။ ဒီသြင္းဂိုးက ဂ်ိဳတာရဲ႕ တိုက္စစ္ပိုင္း အျမင္ရွိမႈ၊ အဆံုးသတ္ေကာင္းမႈ၊ ယံုၾကည္ခ်က္ ရွိမႈေတြကို ျမင္ခဲ့ရတာျဖစ္တယ္။

ဂ်ိဳတာဟာ ေျခစြမ္း အတက္ပိုင္းကို ေရာက္ေနျပီး ပထမပိုင္းအတြင္း သူ႔ရဲ႕ ၾကိဳးစားလိုမႈ၊ ရဲရင့္မႈေတြကို ျပသႏုိင္ခဲ့ကာ အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ ကစားမႈပိုင္းမွာပဲ တိုးတက္ဖို႔ လိုအပ္ေနခဲ့တာျဖစ္တယ္။ ဒါ့ေပမယ့္ သူ႔ရဲ႕ တစ္ဦးခ်င္း ျပတ္သားမႈေတြကပဲ လီဗာပူးတိုက္စစ္ကို အျခားေသာ ရႈေထာင့္တစ္ဘက္ကေန ပိုမို ထက္ျမက္ေစတာကို ျမင္ခဲ့ရတယ္။

ဒုတိယပိုင္းမွာလည္း တူညီတဲ့ လူစာရင္းပဲျဖစ္ကာ ပြဲျပန္စျပီး မၾကာခင္မွာ အတၱလန္တာက ေထာင့္ကန္ေဘာ ရခဲ့တယ္။ ေကာ္နာကို ရွင္းထုတ္တဲ့ ေကာင္တာအေနအထားမွာ ဂ်ံဳးရဲ႕ အကြက္ျမင္တဲ့ ေပးမႈကေန ဆာလက္ တိုက္စစ္ေၾကာ ေတာက္ေလွ်ာက္ေျပးထြက္သြားျပီး အဆံုးသတ္ ဂိုးသြင္းပါတယ္။

ဒုတိယပိုင္းကေတာ့ လီဗာပူးရဲ႕ အျပည့္အဝ လႊမ္းမိုး ထိန္းခ်ဳပ္ကစားမႈကို ျမင္ရတာပါပဲ။ ဆာလက္ ဂိုးရျပီး မိနစ္ပိုင္းမွာပဲ ေကာင္းမြန္တဲ့ ဖန္တီးေပးမႈကေန ေနရာမွန္မွာ ရွိေနတဲ့ မာေနးက ဂိုးထပ္သြင္းခဲ့တယ္။ ထပ္ျပီးလည္း မာေနးရဲ႕ ဖန္တီးေပးမႈကေန ဂ်ိဳတာ ကြင္းတစ္ဝက္ေလာက္က ေျပးထြက္ကာ အတၱလန္တာ ဂိုးသမားကို ေက်ာ္ျဖတ္ျပီး hat-trick ရယူပါတယ္။

ဒီေန႔ပြဲမွာ လီဗာပူးက ေနရာမွန္ အခ်ိန္မွန္ဆိုတာ ခ်ိန္သားကိုက္မႈကို အေတာ္ေလး လုပ္ႏုိင္ခဲ့တယ္။ တိုက္စစ္၊ ကြင္းလယ္နဲ႔ ခံစစ္ေတြက ကိုယ္တာဝန္ယူထားတဲ့ အပိုင္းေတြကို တာဝန္ေက်လိုစိတ္ေတြကို ျပခဲ့ျပီး ေနရာအလိုက္ ဟန္ခ်က္ညီခဲ့တာကို ျမင္ေတြ႔ခဲ့ရတယ္။ တိုက္စစ္က ဂိုးမ်ားခဲ့သလို ေနာက္တန္းမွာလည္း အယ္လီဆန္ရဲ႕ ေဘာလံုး ထိန္းေပးမႈ၊ ကာကြယ္မႈနဲ႔ ျဖန္႔ေဝမႈေတြက အေတာ္ေလးေကာင္းမြန္တာကို ျမင္ခဲ့ရပါတယ္။

ကြင္းလယ္မွာ ဟန္ဒို၊ ဂီနီနဲ႔ ဂ်ံဳးတို႔က ျပိဳင္ဘက္ရဲ႕ ျမန္ႏႈန္းေကာ ရုပ္ပိုင္းဆိုင္ရာ အားျပဳမႈကိုပါ အမာခံ ကာကြယ္ကစားခဲ့တယ္။ ထိုနည္းတူ ခံစစ္က ဂိုးမက္စ္နဲ႔ ရိုင္းစ္ အတြဲကလည္း အျမင့္ေဘာေကာ အရွိန္နဲ႔ ကစားလာမႈေတြမွာ အေတာ္ေလး ၾကိဳးစား ကာကြယ္ခဲ့ၾကတယ္။ ကေလာ့ပ္လက္ထက္ တိုက္စစ္ ခံစစ္ ဟန္ခ်က္ညီတဲ့ ခ်န္ပီယံလိဂ္ ပြဲေကာင္းတစ္ပြဲလည္း ျဖစ္ခဲ့ပါတယ္။

ပြဲစဥ္ ၆၅ မိနစ္မွာေတာ့ လူခ်ခံရတဲ့ ဂ်ိဳတာ အပါအဝင္ ဟန္ဒါဆန္၊ ေရာ္ဘတ္ဆန္ ကိုထုတ္ျပီး ဖာမင္ႏို၊ မီလ္နာ၊ ကိတ္တာတို႔နဲ႔ လူစားလဲခဲ့တယ္။ ကစားပံုက က်မသြားေပမယ့္ ထူးျပီးလည္း တက္မလာခဲ့ဘူး။ ဆာလက္ လူခ်ခံရတဲ့ ကိစၥနဲ႔ ပက္သက္ျပီး ကေလာ့ပ္နဲ႔ ျပိဳင္ဘက္ မန္ေနဂ်ာ အျငင္းပြားရာက ကေလာ့ပ္ အဝါကဒ္ျပခံခဲ့ရတယ္။

ဖာမင္ႏို အခြင့္အေရးေကာင္း တစ္ၾကိမ္ ရခဲ့ေပမယ့္ အဆံုးသတ္ခါနီးမွာ ျပိဳင္ဘက္က ပိတ္ဆို႔သြားႏုိင္တယ္။ မိနစ္ ၈၀ ေက်ာ္မွာေတာ့ ဝီလီယမ္နဲ႔ ကိုစတက္ကို ထရန္႔နဲ႔ ဂီနီေနရာ လူစားလဲခဲ့တယ္။ ေကာင္တာ အေနအထားမွာ ဆာလက္ ကြင္းတစ္ဝက္ ေျပးထြက္ျပီး ပိတ္သြင္းေပမယ့္ ဂိုးေပါက္ ကပ္လြဲခဲ့ျပန္တယ္။

လီဗာပူးရဲ႕ လူစာရင္း အေျပာင္းအလဲေအာက္မွာ အတၱလန္တာကလည္း အခြင့္အေရး အခ်ိဳ႔ ျပန္ရခဲ့တာေတြ ရွိပါတယ္။ ဧရိယာထဲ အပိုင္ကန္သြင္းမႈကိုေတာ့ အယ္လီဆန္ ထိပ္တန္း လက္စြမ္းနဲ႔ ကာကြယ္ေပးခဲ့တာပါ။ အတၱလန္တာက အရမ္းညံ့ေနတဲ့ အသင္းေတာ့ မဟုတ္ဘူး။ ဒီေန႔ပြဲမွာ အယ္လီဆန္ မေကာင္းခဲ့ရင္ ၃ ဂိုးေလာက္ထိ ေပးရႏုိင္တဲ့ အေနအထားေတြလည္း ရွိခဲ့ပါတယ္။

တစ္ဘက္နဲ႔ တစ္ဘက္ တိုက္စစ္ ေသြးစမ္း ကစားမႈေတြနဲ႔အတူ အခြင့္အေရးေတြ ရွာေပမယ့္လည္း ဂိုးေတြ ဆက္မသြင္းႏုိင္တာေၾကာင့္ ပြဲအျပီးမွာေတာ့ ဧည့္သည္ လီဗာပူးက ၅-၀ ျဖင့္ အႏုိင္ရကာ အုပ္စုတြင္း ၃ ပြဲကစား ၃ ပြဲႏုိင္ ေပးဂိုးမရွိျဖင့္ ထိပ္ဆံုးမွာ ဆက္ရွိေနခဲ့တာ ျဖစ္ပါတယ္။