လီဗာပူး တိုက်စစ်သမား ဂျိုတာဟာ ချန်ပီယံလိဂ်ပွဲအဖြစ် အတ္တလန်တာကို ရင်ဆိုင်ကစားရာမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်ခဲ့သလို သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးသော hat-trick ကိုလည်း ရယူသွားပါတယ်။

ပွဲအပြီးမှာ ဂျိုတာက ” ကောင်းမွန်တဲ့ လှုပ်ရှားမှုတွေနဲ့အတူ သိပ်ကောင်းတဲ့ ညတစ်ညပါပဲ။ ပွဲကို ဖွင့်ပေးနိုင်ခဲ့တဲ့ ပထမဆုံးဂိုးကတော့ ကျနော် အကြိုက်ဆုံးပါပဲ။ ပွဲကို အသင်းလုပ်လိုတဲ့ နည်းလမ်းအတိုင်း စီမံနိုင်ခဲ့တာကတော့ အသင်းအတွက်ကော ကျနော်အတွက်ပါ အရမ်းကောင်းတဲ့ အခိုက်အတန့် ဖြစ်စေခဲ့ပါတယ်။

မာနေးနဲ့ ဆာလက်တို့က ကမ္ဘာအဆင့် ကစားသမားတွေပါ။ ကျနေ်ာတို့ ဒီညမှာ အတူတကွ တွဲဘက် ကစားနိုင်ခဲ့ပါတယ်။ သွင်းဂိုး ၅ ဂိုးတင် သိပ်ကောင်းတာ မဟုတ်ပါဘူး။ ဒီညပွဲမှာ clean sheet ရခဲ့တာကလည်း သိပ်ကောင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယယ်။

အတ္တလန်တာနဲ့ညဟာ ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်ဖြစ်မလားလို့ မေးခွန်း ထုတ်ခံရရာမှာလည်း ဂျိုတာက “ အို့။ ဟုတ်ပါတယ်။ အခုချိန်ထိ ကျနော် ကစားသမားဘဝမှာ အကောင်းဆုံး အသင်းနဲ့ ကစားနေခဲ့ရတာ ဖြစ်ပါတယ် ” လို့ ပြန်ဖြေတယ်။

ဒီအပတ်အကုန်မှာ လီဗာပူးဟာ မန်စီးတီးရဲ့ အီသီဟတ်ကွင်းကို သွားပြီး အမှတ်ပေးပွဲ ယှဉ်ပြိုင်ရမှာပါ။ ဒီနှစ်သင်း တွေ့ဆုံမှုဟာ နောက်ဆုံး ဘောလုံးရာသီတွေမှာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အရေးပါတဲ့ တွေ့ဆုံမှုတွေ ဖြစ်လာလေ့ရှိပါတယ်။

မန်စီးတီးပွဲနဲ့ ပက်သက်လို့ ဂျိုတာရဲ့ ကတိပေး ပြောစကားက ” စီးတီးနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲမှာ ကျနေ်ာတို့ clean sheet ရမယ်ဆိုရင် ပွဲကို အနိုင်ရမယ်ဆိုတာ သေချာ ပြောရဲပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး တိုက္စစ္သမား ဂ်ိဳတာဟာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ အတၱလန္တာကို ရင္ဆုိင္ကစားရာမွာ ပြဲထြက္လူစာရင္းကေန ပါဝင္ခဲ့သလို သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ ပထမဆံုးေသာ hat-trick ကိုလည္း ရယူသြားပါတယ္။

ပြဲအျပီးမွာ ဂ်ိဳတာက ” ေကာင္းမြန္တဲ့ လႈပ္ရွားမႈေတြနဲ႔အတူ သိပ္ေကာင္းတဲ့ ညတစ္ညပါပဲ။ ပြဲကို ဖြင့္ေပးႏုိင္ခဲ့တဲ့ ပထမဆံုးဂိုးကေတာ့ က်ေနာ္ အၾကိဳက္ဆံုးပါပဲ။ ပြဲကို အသင္းလုပ္လိုတဲ့ နည္းလမ္းအတိုင္း စီမံႏုိင္ခဲ့တာကေတာ့ အသင္းအတြက္ေကာ က်ေနာ္အတြက္ပါ အရမ္းေကာင္းတဲ့ အခိုက္အတန္႔ ျဖစ္ေစခဲ့ပါတယ္။

မာေနးနဲ႔ ဆာလက္တို႔က ကမၻာအဆင့္ ကစားသမားေတြပါ။ က်ေန္ာတို႔ ဒီညမွာ အတူတကြ တြဲဘက္ ကစားႏုိင္ခဲ့ပါတယ္။ သြင္းဂိုး ၅ ဂိုးတင္ သိပ္ေကာင္းတာ မဟုတ္ပါဘူး။ ဒီညပြဲမွာ clean sheet ရခဲ့တာကလည္း သိပ္ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယယ္။

အတၱလန္တာနဲ႔ညဟာ ကစားသမားဘဝ အေကာင္းဆံုး အခိုက္အတန္႔ျဖစ္မလားလို႔ ေမးခြန္း ထုတ္ခံရရာမွာလည္း ဂ်ိဳတာက “ အို႔။ ဟုတ္ပါတယ္။ အခုခ်ိန္ထိ က်ေနာ္ ကစားသမားဘဝမွာ အေကာင္းဆံုး အသင္းနဲ႔ ကစားေနခဲ့ရတာ ျဖစ္ပါတယ္ ” လို႔ ျပန္ေျဖတယ္။

ဒီအပတ္အကုန္မွာ လီဗာပူးဟာ မန္စီးတီးရဲ႕ အီသီဟတ္ကြင္းကို သြားျပီး အမွတ္ေပးပြဲ ယွဥ္ျပိဳင္ရမွာပါ။ ဒီႏွစ္သင္း ေတြ႔ဆံုမႈဟာ ေနာက္ဆံုး ေဘာလံုးရာသီေတြမွာ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ အေရးပါတဲ့ ေတြ႔ဆံုမႈေတြ ျဖစ္လာေလ့ရွိပါတယ္။

မန္စီးတီးပြဲနဲ႔ ပက္သက္လို႔ ဂ်ိဳတာရဲ႕ ကတိေပး ေျပာစကားက ” စီးတီးနဲ႔ ရင္ဆိုင္ကစားရမယ့္ ပြဲမွာ က်ေန္ာတို႔ clean sheet ရမယ္ဆိုရင္ ပြဲကို အႏုိင္ရမယ္ဆိုတာ ေသခ်ာ ေျပာရဲပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။