ချန်ပီယံလိဂ်မှာ စီးရီးအေကလပ်ကို ၅ ဂိုးပြတ် အနိုင်ရတဲ့နောက် မန်နေဂျာကလော့ပ်က ကိုယ်အသင်းသားတွေကို အထူး အမွှန်းတင်မှု ပြုလုပ်သွားပါတယ်။

ကလော့ပ်ကတော့ ပွဲကို သိပ်နှစ်သက်မိကြောင်း ဝန်ခံတယ်။ ဒါ့အပြင် သွင်းဂိုးတွေကို သွင်းယူပေးခဲ့တဲ့ ဂျိုတာ၊ ဆာလက်၊ မာနေး တို့ရဲ့ တိုက်စစ် သုံးယောက်တန်းကိုလည်း ချီးကျူးခဲ့ပြီး ဒီညမှာ သူတို့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် တိုက်စစ်သမားတွေကို ရပ်တန့်နိုင်မယ့် နည်းစနစ်မျိုးက မရှိနိုင်ဘူးလို့ပါ ညွှန်းဆိုသွားခဲ့ပါတယ်။

ကလော့ပ်က ” အရမ်းကောင်းတယ်လို့ ခံစားရတယ်။ သိပ်ကောင်းတဲ့ ပွဲတစ်ပွဲပါပဲ။ ငါတို့ သွင်းဂိုး ၅ ဂိုး သွင်းနိုင်ခဲ့ပေမယ့် အဲ့ထက်တောင် ပိုသွင်းနိုင်ခဲ့သင့်တာ ဖြစ်ပါတယ်။ အယ်လီဆန်က ကမ္ဘာအဆင့် ကာကွယ်မှု သုံးကြိမ်လောက်ကို ပြုလုပ်ပေးခဲ့တယ်။

ဒီညမှာ ဘယ်နည်းစနစ်ကမှ ဆာဒီယို၊ မိုနဲ့ ဒီယေဂိုတို့ကို ရပ်တန့်နိုင်မယ်လို့ ငါတော့ မထင်ဘူး။ ဒါက ငါတို့ လိုအပ်တဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့ပါတယ်။ ကောင်လေးတွေက မယုံနိုင်လောက်အောင် အကောင်းဆုံး ကစားခဲ့တယ်။ ထိပ်တန်းဆိုတဲ့ အဆင့်မှာ ရှိပါတယ်။ အသင်းသားတိုင်း အကောင်းဆုံး ပါဝင်ခဲ့ကြပြီး သိပ်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။

အတ္တလန်တာရဲ့ ဂိုးမက်စ်ကလည်း ငါတို့ကို ခက်ခဲစေတဲ့ သူတို့အသင်းရဲ့ အရေးပါတဲ့ ကစားသမားပါ ဒါပေမယ့် သူ့ကို အကောင်းဆုံး ခုခံနိုင်ခဲ့တယ်။ အဲ့တာကလည်း သိပ်ကောငးပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္မွာ စီးရီးေအကလပ္ကို ၅ ဂိုးျပတ္ အႏုိင္ရတဲ့ေနာက္ မန္ေနဂ်ာကေလာ့ပ္က ကိုယ္အသင္းသားေတြကို အထူး အမႊန္းတင္မႈ ျပဳလုပ္သြားပါတယ္။

ကေလာ့ပ္ကေတာ့ ပြဲကို သိပ္ႏွစ္သက္မိေၾကာင္း ဝန္ခံတယ္။ ဒါ့အျပင္ သြင္းဂိုးေတြကို သြင္းယူေပးခဲ့တဲ့ ဂ်ိဳတာ၊ ဆာလက္၊ မာေနး တို႔ရဲ႕ တိုက္စစ္ သံုးေယာက္တန္းကိုလည္း ခ်ီးက်ဴးခဲ့ျပီး ဒီညမွာ သူတို႔ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္နဲ႔ဆိုရင္ တိုက္စစ္သမားေတြကို ရပ္တန္႔ႏုိင္မယ့္ နည္းစနစ္မ်ိဳးက မရွိႏုိင္ဘူးလို႔ပါ ညႊန္းဆိုသြားခဲ့ပါတယ္။

ကေလာ့ပ္က ” အရမ္းေကာင္းတယ္လို႔ ခံစားရတယ္။ သိပ္ေကာင္းတဲ့ ပြဲတစ္ပြဲပါပဲ။ ငါတို႔ သြင္းဂိုး ၅ ဂိုး သြင္းႏုိင္ခဲ့ေပမယ့္ အဲ့ထက္ေတာင္ ပိုသြင္းႏုိင္ခဲ့သင့္တာ ျဖစ္ပါတယ္။ အယ္လီဆန္က ကမၻာအဆင့္ ကာကြယ္မႈ သံုးၾကိမ္ေလာက္ကို ျပဳလုပ္ေပးခဲ့တယ္။

ဒီညမွာ ဘယ္နည္းစနစ္ကမွ ဆာဒီယို၊ မိုနဲ႔ ဒီေယဂိုတို႔ကို ရပ္တန္႔ႏုိင္မယ္လို႔ ငါေတာ့ မထင္ဘူး။ ဒါက ငါတို႔ လိုအပ္တဲ့ စြမ္းေဆာင္ရည္ ျဖစ္ခဲ့ပါတယ္။ ေကာင္ေလးေတြက မယံုႏုိင္ေလာက္ေအာင္ အေကာင္းဆံုး ကစားခဲ့တယ္။ ထိပ္တန္းဆိုတဲ့ အဆင့္မွာ ရွိပါတယ္။ အသင္းသားတိုင္း အေကာင္းဆံုး ပါဝင္ခဲ့ၾကျပီး သိပ္ေကာင္းတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္ပါတယ္။

အတၱလန္တာရဲ႕ ဂိုးမက္စ္ကလည္း ငါတို႔ကို ခက္ခဲေစတဲ့ သူတို႔အသင္းရဲ႕ အေရးပါတဲ့ ကစားသမားပါ ဒါေပမယ့္ သူ႔ကို အေကာင္းဆံုး ခုခံႏုိင္ခဲ့တယ္။ အဲ့တာကလည္း သိပ္ေကာငးပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။