လီဗာပူးနဲ့ အတ္တလန်တာပွဲဟာ ကလော့ပ်လက်ထက် အကောင်းဆုံး ချန်ပီယံလိဂ်ပွဲတွေထဲက တစ်ပွဲလို့ ညွှန်းဆိုခံနေရတယ်။ ဒီပွဲမှာ ဘယ်သူတွေက ဘယ်လို ကောင်းခဲ့ကြလဲ အကျဉ်းသဘော ဖော်ပြမှာ ဖြစ်ပါတယ်။

Alisson Becker 8

ဇာပါတာရဲ့ ဒုတိယပိုင်း အကောင်းဆုံး ပိတ်သွင်းမှုအပြင် အယ်လီဆန်ဟာ အပိုင်အခွင့်အရေး သုံးကြိမ်လောက်ကို ကာကွယ်မှု လုပ်ပေးခဲ့တယ်။ သူဟာ ဘောလုံး ဖြန့်ဝေမှုပိုင်းမှာလည်း အကောင်းဆုံး ပါဝင်ခဲ့ပါတယ်။ သူမပါဘဲ ဒီပွဲက ဒီလောက်ထိ ကောင်းနိုင်မှာ မဟုတ်ပါဘူး။

Trent Alexander-Arnold 8

ဂျိုတာရဲ့ အဖွင့်ဂိုးဟာ ထရန့်ရဲ့ တိုက်စစ်အမြင်ရှိမှုကနေ လာခဲ့တာပါ။ ဒီတိုက်စစ် ဖွင့်ပေးမှုနဲ့ ဂျိုတာရဲ့ အဆုံးသတ်မှုဟာ အတ္တလန်တာအသင်းရဲ့ ခံစစ်ကြောင်းကို ပြိုဆင်းစေခဲ့ပါတယ်။ တိုက်စစ်ကို အများဆုံး လိုက်ပေမယ့် ခံစစ်ကိုလည်း ကူညီခဲ့တယ်။

Rhys Williams 8

မနှစ်က အပျော်တမ်းလိဂ်မှာ ကစားခဲ့ရတဲ့ ရိုင်းစ်ဟာ ချန်ပီယံလိဂ်ပွဲမှာလည်း ပွဲရှိန်မှု လုံးဝ မရှိခဲ့ဘူး။ အတ္တလန်တာရဲ့ တိုက်စစ် သုံးယောက်တန်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီး သူတာဝန်ယူထားတဲ့ ဘောလုံး ရှင်းထုတ်မှုတွေ ကောင်းခဲ့တယ်။ ပေးမှုပိုင်း တိကျကာ ဘောလုံးပေးမှုပိုင်း တာဝန်ယူဖို့ကတော့ ပွဲတွေနဲ့ ပိုထိတွေ့ခွင့်ရဖို့ လိုပါမယ်။

Joe Gomez 9

ဂျိုတာရဲ့ ဒုတိယဂိုးအတွက် သူ့ရဲ့ ပေးချက်က ကောင်းခဲ့ပါတယ်။ ဇာပါတာ အပါအဝင် အတ္တလန်တာ တိုက်စစ်ရဲ့ တိုးနှုန်းတွေကို ဒိုင်ခံ ကာကွယ်ခဲ့သူဖြစ်တယ်။ ခံစစ်ရဲ့ ပုံစံကောင်းကို ပြသနိုင်ဖို့ အသင်းဖော်တွေကို ဦးဆောင်ကစားခဲ့ပါတယ်။ ခံစစ်ကနေ တိုက်စစ်ကို အဝေးဘော ပေးမှုတွေကို အဓိက တာဝန်ယူပြီး ဒီပွဲမှာတော့ သူ့ရဲ့ ပေးချက်တွေ တိုးတက်လာခဲ့တယ်။

Andy Robertson 8

ပိုင်ဆိုင်မှုပိုင်းအတွက် အဆင်သင့်ရှိကာ ခံစစ်အတွက်လည်း အမြဲ အာရုံစိုက်နေခဲ့တယ်။ တိုက်စစ်လိုက်ပါမှုတွေလည်း ရှိခဲ့ကာ ကစားအား ချွေတာဖို့ မိနစ် ၆၀ လောက်တည်းက လူစားလဲခံခဲ့ရတယ်။

Jordan Henderson 8

ကွင်းလယ်ကို လွှမ်းမိုးဖို့ကို မာမာထန်ထန် ထိန်းချုပ်ကစားပြခဲ့တယ်။ ဘောလုံးကို လိုအပ်သလို မြန်ဆန်စေဖို့အတွက် ချိတ်ဆက်ပေးမှုက အထင်ကြီးဖို့ ကောင်းခဲ့ပြီး ဒဏ်ရာက ပြန်သက်သာလာတည်းက ကွင်းလယ်မှာ တောက်လျှောက် ခြေစွမ်းပြနေပါတယ်။ ဟန်ဒိုကလည်း ခပ်စောစော လူစားလဲခံခဲ့ရတယ်။

Gini Wijnaldum 8

အင်ပြည့်အားပြည့် ကစားနိုင်စွမ်းက သူ့ရဲ့ အမှတ်လက္ခဏာဖြစ်ပြီး အတ္တလန်တာရဲ့ တိုက်စစ်ဆင်မှုကို ကာကွယ်ရင် အဝါကဒ် ထိခဲ့တယ်။ ဟန်ဒါဆန်နဲ့ အတွဲညီစွာ ကစားသေူဖြစ်ပြီး လီဗာပူးကွင်းလယ်ရဲ့ ကြံ့ခိုင် မာကျောမှုနဲ့ ကိုယ်ကျိုးမငဲ့တဲ့ ကစားဟန်ကို ပြသခဲ့တယ်။ ဒီပွဲမှာ အဝါကဒ် ရခဲ့ပါတယ်။

Curtis Jones 8

ဂျိုတာအတွက် အစောပိုင်း အခွင့်အရေး ဖန်တီးပေးမှု အပြင် ယုံကြည်ချက်ရှိတဲ့ ကစားမှုတွေကို ပြသခဲ့တယ်။ အစောပိုင်းမှာ ပွဲအနည်းငယ် ရှိန်နေသလို သူ့ရဲ့ ဘောလုံးကိုင်လိုက်မှုက တိုက်စစ်ကို ရပ်တန့်စေသလား မြင်နိုင်ပေမယ့် တစ်ဘက်မှာ ကစားရှိန် မြန်နေတဲ့ အသင်းကို ဟန်ချက်ညီစေခဲ့သူလည်း ဖြစ်ပါတယ်။ ဆာလက်ရဲ့ သွင်းဂိုးအတွက် ထိချက်ကောင်း ပြခဲ့ပါတယ်။

Mohamed Salah 8

အတ္တလန်တာဘက်က လီဗာပူးတိုက်စစ်ရဲ့ အဓိက ထိန်းချုပ်ရမယ့် ကစားသမားအဖြစ် ဆာလက်ကို ရွေးချယ်ခဲ့ပါတယ်။ ဆာလက် ဘောလုံးရတိုင်း လူ နှစ်ဦး သုံးဦးထိ ကပ်ထားခဲ့ပြီး အဲ့လို အနေအထားကနေပဲ ဒုတိယပိုင်းမှာ သွင်းဂိုး တစ်ဂိုး ရယူကာ မာနေးအတွက် ဖန်တီးမှု တစ်ကြိမ် လုပ်ပေးခဲ့တယ်။ ဆာလက်ဟာ အပိုင် အဆုံးသတ်မှု တစ်ကြိမ် ထပ်ရပေမယ့် ဂိုးပေါက်က ကပ်ထွက်ခဲ့ပါတယ်။

Diogo Jota 10

ထူးချွန်မှု၊ တိုက်စစ် အမြင်ရှိမှု၊ ယုံကြည်ချက် ပြင်းထန်မှုတွေကို ပြသခဲ့တယ်။ ဂျိုတာရဲ့ အဖွင့်ဂိုးက အတ္တလန်တာရဲ့ ခံစစ် လိုအပ်ချက်တွေကို ဖော်ထုတ်မှုဖြစ်ခဲ့သလို ဒုတိယ ဦးဆောင်ဂိုးကတော့ ပြိုင်ဘက် ခံစစ်ကြောင်းတစ်ခုလုံးအား ပြိုဆင်းမှု ဖြစ်စေခဲ့တယ်။ ဒုတိယပိုင်း သွင်းဂိုးနဲ့အတူ hat-trick ရခဲ့ကာ မန်စီးတီးပွဲမှာ မပါမဖြစ် ထည့်သွင်းရမယ့် ကစားသမားဆိုတာကို စွမ်းဆောင်ရည်နဲ့ သက်သေပြခဲ့ပါတယ်။

Sadio Mane 9

မာနေးရဲ့ တိုးအားက ဆာလက်ရဲ့ မြန်နှုန်းနဲ့ ဂျိုတာရဲ့ အရှိန်ဖြင့် ကစားမှုတွေကို ထိန်းရခက်နေတဲ့ အတ္တလန်တာအတွက် ပြဿနာ ဖြစ်ခဲ့ပါတယ်။ ဂျိုတာရဲ့ hat-trick ဂိုးအတွက် ကိုယ်တိုင် ဖန်တီးပေးခဲ့သလို ဆာလက်ရဲ့ ဖန်တီးပေးမှုကနေ လည်း အဆုံးသတ်ပြီး သွင်းဂိုးတစ်ဂိုး ရယူခဲ့တယ်။

Roberto Firmino (for Jota 65) 7

ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ ထူးချွန်တဲ့ ပုံစံတွေကို ပြသခဲ့ပြီး သွင်းဂိုး ၁ ဂိုးရနိုင်လောက်တဲ့ အနေအထားကို ပိုင်ဆိုင်ခဲ့ပါတယ်။

James Milner (for Robertson 66) 7

လူစား ဝင်လာပြီး ဘယ်ခြမ်းကို တာဝန်ယူပေမယ့် ကိုစတက်ပါ ဝင်လာတဲ့နောက် ကွင်းလယ်ကို ပြောင်းကစားခဲ့တယ်။

Naby Keita (for Henderson 66) 7

ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ ကိတ်တာက မိနစ် အနည်းငယ် ကစားခွင့် ရခဲ့ပါတယ်။ မဆိုးလှသလို ကစားနိုင်စွမ်းတွေလည်း မြင်ခဲ့ရတယ်။

Neco Williams (for Alexander-Arnold 82)

ထရန့်နေရာ ညာခြမ်းက လူစားဝင်ပါတယ်။

Kostas Tsimikas (for Wijnaldum 82)

လူစားဝင်လာပြီး မီလ်နာနေရာ ဘယ်ခြမ်း အစွန်ကို တာဝန်ယူပါတယ်။

ZAWGYI

လီဗာပူးနဲ႔ အတၱလန္တာပြဲဟာ ကေလာ့ပ္လက္ထက္ အေကာင္းဆံုး ခ်န္ပီယံလိဂ္ပြဲေတြထဲက တစ္ပြဲလို႔ ညႊန္းဆိုခံေနရတယ္။ ဒီပြဲမွာ ဘယ္သူေတြက ဘယ္လို ေကာင္းခ့ဲၾကလဲ အက်ဥ္းသေဘာ ေဖာ္ျပမွာ ျဖစ္ပါတယ္။

Alisson Becker 8

ဇာပါတာရဲ႕ ဒုတိယပိုင္း အေကာင္းဆံုး ပိတ္သြင္းမႈအျပင္ အယ္လီဆန္ဟာ အပိုင္အခြင့္အေရး သံုးၾကိမ္ေလာက္ကို ကာကြယ္မႈ လုပ္ေပးခဲ့တယ္။ သူဟာ ေဘာလံုး ျဖန္႔ေဝမႈပိုင္းမွာလည္း အေကာင္းဆံုး ပါဝင္ခဲ့ပါတယ္။ သူမပါဘဲ ဒီပြဲက ဒီေလာက္ထိ ေကာင္းႏုိင္မွာ မဟုတ္ပါဘူး။

Trent Alexander-Arnold 8

ဂ်ိဳတာရဲ႕ အဖြင့္ဂိုးဟာ ထရန္႔ရဲ႕ တိုက္စစ္အျမင္ရွိမႈကေန လာခဲ့တာပါ။ ဒီတိုက္စစ္ ဖြင့္ေပးမႈနဲ႔ ဂ်ိဳတာရဲ႕ အဆံုးသတ္မႈဟာ အတၱလန္တာအသင္းရဲ႕ ခံစစ္ေၾကာင္းကို ျပိဳဆင္းေစခဲ့ပါတယ္။ တိုက္စစ္ကို အမ်ားဆံုး လုိက္ေပမယ့္ ခံစစ္ကိုလည္း ကူညီခဲ့တယ္။

Rhys Williams 8

မႏွစ္က အေပ်ာ္တမ္းလိဂ္မွာ ကစားခဲ့ရတဲ့ ရိုင္းစ္ဟာ ခ်န္ပီယံလိဂ္ပြဲမွာလည္း ပြဲရွိန္မႈ လံုးဝ မရွိခဲ့ဘူး။ အတၱလန္တာရဲ႕ တိုက္စစ္ သံုးေယာက္တန္းကို ၾကံ႕ၾကံ႕ခံ ရင္ဆိုင္ခဲ့ျပီး သူတာဝန္ယူထားတဲ့ ေဘာလံုး ရွင္းထုတ္မႈေတြ ေကာင္းခဲ့တယ္။ ေပးမႈပိုင္း တိက်ကာ ေဘာလံုးေပးမႈပိုင္း တာဝန္ယူဖို႔ကေတာ့ ပြဲေတြနဲ႔ ပိုထိေတြ႔ခြင့္ရဖို႔ လိုပါမယ္။

Joe Gomez 9

ဂ်ိဳတာရဲ႕ ဒုတိယဂိုးအတြက္ သူ႔ရဲ႕ ေပးခ်က္က ေကာင္းခဲ့ပါတယ္။ ဇာပါတာ အပါအဝင္ အတၱလန္တာ တိုက္စစ္ရဲ႕ တိုးႏႈန္းေတြကို ဒိုင္ခံ ကာကြယ္ခဲ့သူျဖစ္တယ္။ ခံစစ္ရဲ႕ ပံုစံေကာင္းကို ျပသႏုိင္ဖို႔ အသင္းေဖာ္ေတြကို ဦးေဆာင္ကစားခဲ့ပါတယ္။ ခံစစ္ကေန တိုက္စစ္ကို အေဝးေဘာ ေပးမႈေတြကို အဓိက တာဝန္ယူျပီး ဒီပြဲမွာေတာ့ သူ႔ရဲ႕ ေပးခ်က္ေတြ တိုးတက္လာခဲ့တယ္။

Andy Robertson 8

ပိုင္ဆိုင္မႈပိုင္းအတြက္ အဆင္သင့္ရွိကာ ခံစစ္အတြက္လည္း အျမဲ အာရံုစိုက္ေနခဲ့တယ္။ တိုက္စစ္လိုက္ပါမႈေတြလည္း ရွိခဲ့ကာ ကစားအား ေခၽြတာဖို႔ မိနစ္ ၆၀ ေလာက္တည္းက လူစားလဲခံခဲ့ရတယ္။

Jordan Henderson 8

ကြင္းလယ္ကို လႊမ္းမိုးဖို႔ကို မာမာထန္ထန္ ထိန္းခ်ဳပ္ကစားျပခဲ့တယ္။ ေဘာလံုးကို လိုအပ္သလို ျမန္ဆန္ေစဖို႔အတြက္ ခ်ိတ္ဆက္ေပးမႈက အထင္ၾကီးဖို႔ ေကာင္းခဲ့ျပီး ဒဏ္ရာက ျပန္သက္သာလာတည္းက ကြင္းလယ္မွာ ေတာက္ေလွ်ာက္ ေျခစြမ္းျပေနပါတယ္။ ဟန္ဒိုကလည္း ခပ္ေစာေစာ လူစားလဲခံခဲ့ရတယ္။

Gini Wijnaldum 8

အင္ျပည့္အားျပည့္ ကစားႏုိင္စြမ္းက သူ႔ရဲ႕ အမွတ္လကၡဏာျဖစ္ျပီး အတၱလန္တာရဲ႕ တိုက္စစ္ဆင္မႈကို ကာကြယ္ရင္ အဝါကဒ္ ထိခဲ့တယ္။ ဟန္ဒါဆန္နဲ႔ အတြဲညီစြာ ကစားေသူျဖစ္ျပီး လီဗာပူးကြင္းလယ္ရဲ႕ ၾကံ႕ခိုင္ မာေက်ာမႈနဲ႔ ကိုယ္က်ိဳးမငဲ့တဲ့ ကစားဟန္ကို ျပသခဲ့တယ္။ ဒီပြဲမွာ အဝါကဒ္ ရခဲ့ပါတယ္။

Curtis Jones 8

ဂ်ိဳတာအတြက္ အေစာပိုင္း အခြင့္အေရး ဖန္တီးေပးမႈ အျပင္ ယံုၾကည္ခ်က္ရွိတဲ့ ကစားမႈေတြကို ျပသခဲ့တယ္။ အေစာပိုင္းမွာ ပြဲအနည္းငယ္ ရွိန္ေနသလို သူ႔ရဲ႕ ေဘာလံုးကိုင္လိုက္မႈက တိုက္စစ္ကို ရပ္တန္႔ေစသလား ျမင္ႏုိင္ေပမယ့္ တစ္ဘက္မွာ ကစားရွိန္ ျမန္ေနတဲ့ အသင္းကို ဟန္ခ်က္ညီေစခဲ့သူလည္း ျဖစ္ပါတယ္။ ဆာလက္ရဲ႕ သြင္းဂိုးအတြက္ ထိခ်က္ေကာင္း ျပခဲ့ပါတယ္။

Mohamed Salah 8

အတၱလန္တာဘက္က လီဗာပူးတိုက္စစ္ရဲ႕ အဓိက ထိန္းခ်ဳပ္ရမယ့္ ကစားသမားအျဖစ္ ဆာလက္ကို ေရြးခ်ယ္ခဲ့ပါတယ္။ ဆာလက္ ေဘာလံုးရတိုင္း လူ ႏွစ္ဦး သံုးဦးထိ ကပ္ထားခဲ့ျပီး အဲ့လို အေနအထားကေနပဲ ဒုတိယပိုင္းမွာ သြင္းဂိုး တစ္ဂိုး ရယူကာ မာေနးအတြက္ ဖန္တီးမႈ တစ္ၾကိမ္ လုပ္ေပးခဲ့တယ္။ ဆာလက္ဟာ အပိုင္ အဆံုးသတ္မႈ တစ္ၾကိမ္ ထပ္ရေပမယ့္ ဂိုးေပါက္က ကပ္ထြက္ခဲ့ပါတယ္။

Diogo Jota 10

ထူးခၽြန္မႈ၊ တိုက္စစ္ အျမင္ရွိမႈ၊ ယံုၾကည္ခ်က္ ျပင္းထန္မႈေတြကို ျပသခဲ့တယ္။ ဂ်ိဳတာရဲ႕ အဖြင့္ဂိုးက အတၱလန္တာရဲ႕ ခံစစ္ လိုအပ္ခ်က္ေတြကို ေဖာ္ထုတ္မႈျဖစ္ခဲ့သလို ဒုတိယ ဦးေဆာင္ဂိုးကေတာ့ ျပိဳင္ဘက္ ခံစစ္ေၾကာင္းတစ္ခုလံုးအား ျပိဳဆင္းမႈ ျဖစ္ေစခဲ့တယ္။ ဒုတိယပိုင္း သြင္းဂိုးနဲ႔အတူ hat-trick ရခဲ့ကာ မန္စီးတီးပြဲမွာ မပါမျဖစ္ ထည့္သြင္းရမယ့္ ကစားသမားဆိုတာကို စြမ္းေဆာင္ရည္နဲ႔ သက္ေသျပခဲ့ပါတယ္။

Sadio Mane 9

မာေနးရဲ႕ တိုးအားက ဆာလက္ရဲ႕ ျမန္ႏႈန္းနဲ႔ ဂ်ိဳတာရဲ႕ အရွိန္ျဖင့္ ကစားမႈေတြကို ထိန္းရခက္ေနတဲ့ အတၱလန္တာအတြက္ ျပႆနာ ျဖစ္ခဲ့ပါတယ္။ ဂ်ိဳတာရဲ႕ hat-trick ဂိုးအတြက္ ကိုယ္တုိင္ ဖန္တီးေပးခဲ့သလို ဆာလက္ရဲ႕ ဖန္တီးေပးမႈကေန လည္း အဆံုးသတ္ျပီး သြင္းဂိုးတစ္ဂိုး ရယူခ့ဲတယ္။

Roberto Firmino (for Jota 65) 7

ေဘာလံုးပိုင္ဆိုင္မႈပိုင္းမွာ ထူးခၽြန္တဲ့ ပံုစံေတြကို ျပသခဲ့ျပီး သြင္းဂိုး ၁ ဂိုးရႏုိင္ေလာက္တဲ့ အေနအထားကို ပိုင္ဆိုင္ခ့ဲပါတယ္။

James Milner (for Robertson 66) 7

လူစား ဝင္လာျပီး ဘယ္ျခမ္းကို တာဝန္ယူေပမယ့္ ကိုစတက္ပါ ဝင္လာတဲ့ေနာက္ ကြင္းလယ္ကို ေျပာင္းကစားခဲ့တယ္။

Naby Keita (for Henderson 66) 7

ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာတဲ့ ကိတ္တာက မိနစ္ အနည္းငယ္ ကစားခြင့္ ရခဲ့ပါတယ္။ မဆိုးလွသလို ကစားႏုိင္စြမ္းေတြလည္း ျမင္ခဲ့ရတယ္။

Neco Williams (for Alexander-Arnold 82)

ထရန္႔ေနရာ ညာျခမ္းက လူစားဝင္ပါတယ္။

Kostas Tsimikas (for Wijnaldum 82)

လူစားဝင္လာျပီး မီလ္နာေနရာ ဘယ္ျခမ္း အစြန္ကို တာဝန္ယူပါတယ္။