လီဗာပူးရဲ့ ၁၉ နှစ်သာ ဗဟိုခံစစ်မှူး ရိုင်းစ် ဝီလီယမ်ဟာ ချန်ပီယံလိဂ်မှာ ၃ ပွဲ ကစားခွင့်ရထားကာ သူပါဝင်ကစားခွင့်ရတဲ့ ၃ ပွဲလုံး ခံစစ်က ဂိုးမပေးရတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။

ရိုင်းစ်ဟာ မနှစ်ကတုန်းက အင်္ဂလန်ရဲ့ အဆင့်နိမ့်တန်းတင် မဟုတ်ဘဲ အပျော်တမ်း လိဂ်မှာ သွားကစားထားသူပါ။ သူ့ရဲ့ အလားအလာကို မြင်တဲ့ ပထမအသင်းရေးရာ လူငယ်ကစားသမား နည်းပြ ဗစ်တာ မာတိုစ့်က ကလော့ပ်အား ရိုင်းစ်ကို စမ်းသုံးကြည့်ဖို့ ထောက်ခံရာက စီနီယာအဆင့်မှာ ပူးပေါင်းခွင့် ရလာခဲ့တာဖြစ်တယ်။

ဗန်ဒိုက် ဒဏ်ရာရတဲ့ နောက်ပိုင်းမှာ ဖာဘင်ညိုက ဗဟိုခံစစ်နေရာ အစားဝင်လာပြီး ဖာဘင်ညိုပါ ဒဏ်ရာရချိန်မှာတော့ ရိုင်းစ်က ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း လီဗာပူးခံစစ်မှာ ပါဝင်လာခဲ့ပါတယ်။ အတ္တလန်တာပွဲမှာတော့ ပထမဆုံးသော ချန်ပီယံလိဂ် ပွဲဦးထွက်အဖြစ် ပွဲထွက်လူစာရင်းက ပါဝင်လာခဲ့ပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တယ်။

ကလော့ပ်ကပဲ ” ရိုင်းစ်က အရမ်းကို မျှော်လင့်စရာ ကစားသမားပါ။ ၁၉ နှစ်သား ခံစစ်သမားလေးက ချန်ပီယံလိဂ်မှာ ဇာပါတာကို ရင်ဆိုင်ကစားနိုင်မယ်ဆိုတာ မှန်းဆလို့ကို မရပါဘူး။ တကယ်ကို မယုံနိုင်စရာပါပဲ။ ရိုင်းစ်အတွက် ဒီထက်လည်း ပိုပျော်ပေးနိုင်တာ မရှိတော့ပါဘူး။

အဝတ်လဲခန်းထဲက သူ့ရဲ့ အနေအထားကို မင်းတို့ မြင်ခွင့်ရသင့်တာပါ။ သူ့ရဲ့ မျက်နှာမှာ ပြုံးပန်းဝေနေတာကို မင်းတို့ မြင်ရမှာပါ။ ငါတို အပြောင်းအလဲတွေ လုပ်တယ်ဆိုတာက ဒီနေရာမှာ ဗန်ဒိုက်က ငါတို့နဲ့အတူ ရှိမနေဘူးလေ။ ဒီတော့ ငါတို့ တာဝန်တွေကို မျှဝေပေးဖို့ လုပ်ရတော့တာပေါ့။

ဗန်ဒိုက်နေရာမှာ တစ်ဦးတစ်ယောက်ကို ပုခုံးထမ်း တာဝန်ယူခိုင်းတာထက် ဒီတာဝန်ကို အသင်းဖော် ၁၀ ယောက်လောက်ကို မျှထမ်းခိုင်းခဲ့တယ်။ လူတိုင်းက ရှေ့တိုးလာကြပါတယ်။ ရိုဘို။ ထရန့်၊ ဂျိုးတို့ အားလုံးပေါ့။ ဒီညမှာ ငါတို့အသင်း ခံစစ်ကစားနိုင်ခဲ့တာကတော့ တကယ် မယုံနိုင်လောက်အောင်ပါပဲ ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ၁၉ ႏွစ္သာ ဗဟိုခံစစ္မွဴး ရိုင္းစ္ ဝီလီယမ္ဟာ ခ်န္ပီယံလိဂ္မွာ ၃ ပြဲ ကစားခြင့္ရထားကာ သူပါဝင္ကစားခြင့္ရတဲ့ ၃ ပြဲလံုး ခံစစ္က ဂိုးမေပးရတဲ့ မွတ္တမ္းေကာင္းကို ပိုင္ဆိုင္ထားပါတယ္။

ရိုင္းစ္ဟာ မႏွစ္ကတုန္းက အဂၤလန္ရဲ႕ အဆင့္နိမ့္တန္းတင္ မဟုတ္ဘဲ အေပ်ာ္တမ္း လိဂ္မွာ သြားကစားထားသူပါ။ သူ႔ရဲ႕ အလားအလာကို ျမင္တဲ့ ပထမအသင္းေရးရာ လူငယ္ကစားသမား နည္းျပ ဗစ္တာ မာတိုစ့္က ကေလာ့ပ္အား ရိုင္းစ္ကို စမ္းသံုးၾကည့္ဖို႔ ေထာက္ခံရာက စီနီယာအဆင့္မွာ ပူးေပါင္းခြင့္ ရလာခဲ့တာျဖစ္တယ္။

ဗန္ဒိုက္ ဒဏ္ရာရတဲ့ ေနာက္ပိုင္းမွာ ဖာဘင္ညိဳက ဗဟိုခံစစ္ေနရာ အစားဝင္လာျပီး ဖာဘင္ညိဳပါ ဒဏ္ရာရခ်ိန္မွာေတာ့ ရိုင္းစ္က ခ်န္ပီယံလိဂ္ ျပိဳင္ပြဲအတြင္း လီဗာပူးခံစစ္မွာ ပါဝင္လာခဲ့ပါတယ္။ အတၱလန္တာပြဲမွာေတာ့ ပထမဆံုးေသာ ခ်န္ပီယံလိဂ္ ပြဲဦးထြက္အျဖစ္ ပြဲထြက္လူစာရင္းက ပါဝင္လာခဲ့ျပီး တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသခဲ့တယ္။

ကေလာ့ပ္ကပဲ ” ရိုင္းစ္က အရမ္းကို ေမွ်ာ္လင့္စရာ ကစားသမားပါ။ ၁၉ ႏွစ္သား ခံစစ္သမားေလးက ခ်န္ပီယံလိဂ္မွာ ဇာပါတာကို ရင္ဆိုင္ကစားႏုိင္မယ္ဆိုတာ မွန္းဆလို႔ကို မရပါဘူး။ တကယ္ကို မယံုႏုိင္စရာပါပဲ။ ရိုင္းစ္အတြက္ ဒီထက္လည္း ပိုေပ်ာ္ေပးႏုိင္တာ မရွိေတာ့ပါဘူး။

အဝတ္လဲခန္းထဲက သူ႔ရဲ႕ အေနအထားကို မင္းတို႔ ျမင္ခြင့္ရသင့္တာပါ။ သူ႔ရဲ႕ မ်က္ႏွာမွာ ျပံဳးပန္းေဝေနတာကို မင္းတို႔ ျမင္ရမွာပါ။ ငါတို အေျပာင္းအလဲေတြ လုပ္တယ္ဆိုတာက ဒီေနရာမွာ ဗန္ဒိုက္က ငါတို႔နဲ႔အတူ ရွိမေနဘူးေလ။ ဒီေတာ့ ငါတို႔ တာဝန္ေတြကို မွ်ေဝေပးဖို႔ လုပ္ရေတာ့တာေပါ့။

ဗန္ဒိုက္ေနရာမွာ တစ္ဦးတစ္ေယာက္ကို ပုခံုးထမ္း တာဝန္ယူခိုင္းတာထက္ ဒီတာဝန္ကို အသင္းေဖာ္ ၁၀ ေယာက္ေလာက္ကို မွ်ထမ္းခိုင္းခဲ့တယ္။ လူတိုင္းက ေရွ႔တိုးလာၾကပါတယ္။ ရိုဘို။ ထရန္႔၊ ဂ်ိဳးတို႔ အားလံုးေပါ့။ ဒီညမွာ ငါတို႔အသင္း ခံစစ္ကစားႏိုင္ခဲ့တာကေတာ့ တကယ္ မယံုႏုိင္ေလာက္ေအာင္ပါပဲ ” လုိ႔ ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။