လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အတ္တလန်တာပွဲမှာ ဂျိုတာ ပွဲထွက်လာခဲ့ပြီး hat-trick သွင်းယူခဲ့တဲ့နောက် တိုက်စစ်တစ်နေရာအတွက် ဖာမင်နို၊ ဂျိုတာ ခွဲပြောနေကြမှုတွေကို စိတ်ပျက်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

ကလော့ပ်က လီဗာပူးက အသင်းဖြစ်သလို ဖာမင်နိုရဲ့ ထူးချွန်မှုတွေကြောင့် အသင်းဟာ ချန်ပီယံလိဂ်ကို ရောက်လာခဲ့တာလို့ ဆိုတယ်။ အတ္တလန်တာနဲ့ပွဲမှာတော့ ပုံစံကောင်းမှာ ရှိနေတဲ့ ဂျိုတာကို ပွဲထွက်လူစာရင်းမှာ ထည့်ခဲ့တာတင်ဖြစ်ပြီး ဘာအကြောင်းနဲ့မှ အသင်းသားတွေကြား ခွဲခြား မေးခွန်းထုတ်စရာ မရှိဘူးလို့ ဆိုပါတယ်။

မန်နေဂျာကလော့ပ်က ” အားလုံး ကောင်းပါတယ်။ သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေက ကျနော်ကို ခေါင်းမကိုက်စေပါဘူး။ ဒီညမှာ ဆုံးဖြတ်ချက်လုပ်ခဲ့ရပြီး အလုပ်ဖြစ်ခဲ့တယ်ဆိုတာလည်း မြင်ခဲ့ရတယ်။ အရေးပါဆုံးအဖြစ် ကြံ့ခိုင်မှု ပုံစံကောင်းနေတဲ့ ဒီယေဂိုကို ထည့်သွင်းခဲ့တယ်။

အတ္တလန်တာရဲ့ ကစားပုံနဲ့ ခံစစ် အနေအထားအရ ဒီယေဂိုရဲ့ ဘောလုံးစကေးက အကူအညီဖြစ်တာကြောင့်ပါပဲ။ ဒါပေမယ့် တစ်ခါတလေမှာတော့ ကမ္ဘာကြီးက သိပ်ကိုဆိုးရွားတဲ့ နေရာတစ်ခုပဲ မဟုတ်လားဗျာ။ ဒီအခြေအနေမှာ တစ်စုံတစ်ယောက်က တောက်ပလာတဲ့အခါ ငါတို့ရဲ့ အခြား အသင်းသားတစ်ယောက်က မေးခွန်းထုတ်ခံလာရတော့တယ်။ မသိရင် ပွဲ ၅၀၀ လောက် ပြောင်းလဲ ကစားထားသလိုပါပဲ။

ဘော်ဘီ ဖာမင်နိုက ငါတို့အတွက် မကစားပေးဘူးဆိုရင် လီဗာပူးက ချန်ပီယံလိဂ်တောင် ဝင်ခွင့်ရမှာ မဟုတ်ဘူး။ အခုကြည့် ချက်ခြင်းပဲ ဘာလို့ သူမပါသလဲဆိုတာကို ငါဖြေရှင်းနေရပြီ။ ဘော်ဘီက အသင်းနဲ့အတူ ရှိနေတာဖြစ်သလို လူတွေအများကြီးရဲ့ နှစ်သက်ခြင်းကိုလည်း ခံရသူပါ။ အသင်းသားတွေကို သွားပြီး ‘ဒီရက်တွေမှာ လီဗာပူးက စပယ်ရှယ်ဖြစ်နေရတာ ဘာကြောင့်လဲ?’ မေးကြည့်ကြပါလား။

ငါကတော့ ဘော်ဘီ ဖာမင်နိုက ငါတို့အတွက် ကစားပေးနေတဲ့ နည်းလမ်းကြောင့်လို့ ပြောရမှာပါ။ ကောင်းမွန်တဲ့ နေ့တွေမှာ သူက ငါတို့အတွက် ခုခံမှုတွေ လုပ်ပေးဖို့ မလိုပါဘူး။ ငါတို့အတွက် အရေးကြီးဆုံးက ကစားသမား ၁၁ ဦးဆိုတာထက် ပိုပါတယ်။ ဒီညမှာ ဒီယေဂိုကို သူ့ရဲ့ ပုံသဏ္ဍာန်ကောင်းတွေအရ သုံးခဲ့ပြီး သိပ်ကောင်းကောင်း ကစားခဲ့တယ်။

ဒါပေမယ့်လို့ ဘော်ဘီအကြောင်း ဘာမှ ပြောစရာ မရှိပါဘူး။ ငါ့အတွက်တော့ ခေါင်းကိုက်စရာ ဘာပြဿနာမှ မရှိဘူး။ ဒီညမှာ ကောင်လေးတွေ ကစားခဲ့တာတွေအရ ပျော်တယ်ဆိုတာထက်တောင် ပိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အတၱလန္တာပြဲမွာ ဂ်ိဳတာ ပြဲထြက္လာခဲ့ျပီး hat-trick သြင္းယူခဲ့တဲ့ေနာက္ တိုက္စစ္တစ္ေနရာအတြက္ ဖာမင္ႏို၊ ဂ်ိဳတာ ခြဲေျပာေနၾကမႈေတြကို စိတ္ပ်က္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

ကေလာ့ပ္က လီဗာပူးက အသင္းျဖစ္သလို ဖာမင္ႏိုရဲ႕ ထူးခၽြန္မႈေတြေၾကာင့္ အသင္းဟာ ခ်န္ပီယံလိဂ္ကို ေရာက္လာခဲ့တာလို႔ ဆိုတယ္။ အတၱလန္တာနဲ႔ပြဲမွာေတာ့ ပံုစံေကာင္းမွာ ရွိေနတဲ့ ဂ်ိဳတာကို ပြဲထြက္လူစာရင္းမွာ ထည့္ခဲ့တာတင္ျဖစ္ျပီး ဘာအေၾကာင္းနဲ႔မွ အသင္းသားေတြၾကား ခြဲျခား ေမးခြန္းထုတ္စရာ မရွိဘူးလို႔ ဆိုပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” အားလံုး ေကာင္းပါတယ္။ သိပ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြက က်ေနာ္ကို ေခါင္းမကိုက္ေစပါဘူး။ ဒီညမွာ ဆံုးျဖတ္ခ်က္လုပ္ခဲ့ရျပီး အလုပ္ျဖစ္ခဲ့တယ္ဆိုတာလည္း ျမင္ခဲ့ရတယ္။ အေရးပါဆံုးအျဖစ္ ၾကံ႕ခိုင္မႈ ပံုစံေကာင္းေနတဲ့ ဒီေယဂိုကို ထည့္သြင္းခဲ့တယ္။

အတၱလန္တာရဲ႕ ကစားပံုနဲ႔ ခံစစ္ အေနအထားအရ ဒီေယဂိုရဲ႕ ေဘာလံုးစေကးက အကူအညီျဖစ္တာေၾကာင့္ပါပဲ။ ဒါေပမယ့္ တစ္ခါတေလမွာေတာ့ ကမၻာၾကီးက သိပ္ကိုဆိုးရြားတဲ့ ေနရာတစ္ခုပဲ မဟုတ္လားဗ်ာ။ ဒီအေျခအေနမွာ တစ္စံုတစ္ေယာက္က ေတာက္ပလာတဲ့အခါ ငါတုိ႔ရဲ႕ အျခား အသင္းသားတစ္ေယာက္က ေမးခြန္းထုတ္ခံလာရေတာ့တယ္။ မသိရင္ ပြဲ ၅၀၀ ေလာက္ ေျပာင္းလဲ ကစားထားသလိုပါပဲ။

ေဘာ္ဘီ ဖာမင္ႏိုက ငါတို႔အတြက္ မကစားေပးဘူးဆိုရင္ လီဗာပူးက ခ်န္ပီယံလိဂ္ေတာင္ ဝင္ခြင့္ရမွာ မဟုတ္ဘူး။ အခုၾကည့္ ခ်က္ျခင္းပဲ ဘာလို႔ သူမပါသလဲဆိုတာကို ငါေျဖရွင္းေနရျပီ။ ေဘာ္ဘီက အသင္းနဲ႔အတူ ရွိေနတာျဖစ္သလို လူေတြအမ်ားၾကီးရဲ႕ ႏွစ္သက္ျခင္းကိုလည္း ခံရသူပါ။ အသင္းသားေတြကို သြားျပီး ‘ဒီရက္ေတြမွာ လီဗာပူးက စပယ္ရွယ္ျဖစ္ေနရတာ ဘာေၾကာင့္လဲ?’ ေမးၾကည့္ၾကပါလား။

ငါကေတာ့ ေဘာ္ဘီ ဖာမင္ႏိုက ငါတို႔အတြက္ ကစားေပးေနတဲ့ နည္းလမ္းေၾကာင့္လို႔ ေျပာရမွာပါ။ ေကာင္းမြန္တဲ့ ေန႔ေတြမွာ သူက ငါတုိ႔အတြက္ ခုခံမႈေတြ လုပ္ေပးဖို႔ မလိုပါဘူး။ ငါတို႔အတြက္ အေရးၾကီးဆံုးက ကစားသမား ၁၁ ဦးဆိုတာထက္ ပိုပါတယ္။ ဒီညမွာ ဒီေယဂိုကို သူ႔ရဲ႕ ပံုသ႑ာန္ေကာင္းေတြအရ သံုးခဲ့ျပီး သိပ္ေကာင္းေကာင္း ကစားခဲ့တယ္။

ဒါေပမယ့္လို႔ ေဘာ္ဘီအေၾကာင္း ဘာမွ ေျပာစရာ မရွိပါဘူး။ ငါ့အတြက္ေတာ့ ေခါင္းကိုက္စရာ ဘာျပႆနာမွ မရွိဘူး။ ဒီညမွာ ေကာင္ေလးေတြ ကစားခဲ့တာေတြအရ ေပ်ာ္တယ္ဆိုတာထက္ေတာင္ ပိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။