အတ္တလန်တာနဲ့ပွဲမှာ hat-trick ရခဲ့တဲ့ ဂျိုတာဟာ လီဗာပူး ကစားသမားဟောင်း မိုင်ကယ်အိုဝင်နဲ့ တိုက်စစ်သမား မာနေးတို့နောက်ပိုင်း ချန်ပီယံလိဂ် အဝေးကွင်းမှာ hat-trick ရယူနိုင်သူ ဖြစ်လာခဲ့တယ်။

ဂျိုတာဟာ ၁၁ ရက်အတွင်းမှာ လီဗာပူးအတွက် ၄ ပွဲကစားခဲ့ပြီး သွင်းဂိုး ၆ ဂိုးထိ သွင်းယူနိုင်ခဲ့တယ်။ သူဟာ ၄၁ မိနစ်တိုင်းမှာ သွင်းဂိုး ၁ ဂိုးနှုန်း ရယူနိုင်ခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာ ရော်ဘီဖောင်လာရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံး ၁၀ ပွဲအတွင်း သွင်းဂိုး ၇ ဂိုး ရယူထားတာထက် ပိုသာလွန်တဲ့ တိုက်စစ်သမား မရှိသေးဘဲ ဒီတစ်ကြိမ်မှာတော့ ဂျိုတာက အဆိုပါ မှတ်တမ်းကို ချိုးဖျက်ဖွယ်ရှိတယ်။

ဂျိုတာဟာ လီဗာပူး အားကစားဒါရိုက်တာ မိုင်ကယ်အတ်ဝပ်ရဲ့ နောက်ထပ် ခေါ်ယူမှုကောင်းလည်း ဖြစ်လာခဲ့တယ်။ လီဗာပူး အဝတ်လဲခန်းကို သဘောကျစေတဲ့ ဂျိုတာနဲ့ ပက်သက်လို့ ကလော့ပ်ကိုယ်တိုင်က ” နှစ်သက်ရလွယ်သူ” လို့ ကင်ပွန်းတပ်ထားပါတယ်။

ဂျိုတာ အထိုင်ကျ မြန်လာခြင်းက လီဗာပူးအဝတ်လဲခန်းနဲ့ မဲဝုဒ်က ဝန်ထမ်းတွေရဲ့ ကြိုးစား ကူညီပေးမှုက အဓိကကျတယ်လို့ The Athletic ရဲ့ ဖော်ပြမှုအရ သိရတယ်။ ဂျိုတာ လီဗာပူးကို ပြောင်းမယ်ဆိုတာ သေချာပြီးနောက် သူမဲဝုဒ်ကို ရောက်မလာခင်မှာပဲ အသင်းခေါင်းဆောင် ဟန်ဒါဆန်က တိုက်စစ်သမားကို ” ဘာအကူအညီလိုလို ငါ့ကိုပြောပါ၊ ဒီမှာ မင်းအတွက် ကူညီပေးဖို့ ငါရှိပါတယ် ” လို့ မက်ဆေ့ ပို့ခဲ့တယ်။

မဲဝုဒ်က ဝန်ထမ်းတွေကလည်း ဂျိုတာ အဆင်ပြေဖို့ အစစ အရာရာ ကူညီပေးနေကြတယ်။ ဂျိုတာရဲ့ ဇနီးဟာ ရင်သွေးလွယ်ထားရပြီး သားယောက်ကျားလေး ဖြစ်မယ်လို့ သိထားရတယ်။ ဂျိုတာကိုယ်တိုင်က ရင်သွေးဖြစ်သူဟာ လီဗာပူးမြို့သား ဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

လီဗာပူးရဲ့ အစစ အရာရာ ကူညီပေးမှုက ဂျိုတာ အထိုင်ကျမြန်ဖို့ တွန်းအားတွေ ဖြစ်လာစေသလို ကစားသမားကလည်း အဝတ်လဲခန်းထဲမှာ နိမ့်ချပြီး သင်ယူမှုတွေကို ခပ်မြန်မြန် လုပ်နိုင်စွမ်း ရှိနေပါတယ်။

ZAWGYI

အတၱလန္တာနဲ႔ပြဲမွာ hat-trick ရခဲ့တဲ့ ဂ်ိဳတာဟာ လီဗာပူး ကစားသမားေဟာင္း မိုင္ကယ္အိုဝင္နဲ႔ တိုက္စစ္သမား မာေနးတို႔ေနာက္ပိုင္း ခ်န္ပီယံလိဂ္ အေဝးကြင္းမွာ hat-trick ရယူႏုိင္သူ ျဖစ္လာခဲ့တယ္။

ဂ်ိဳတာဟာ ၁၁ ရက္အတြင္းမွာ လီဗာပူးအတြက္ ၄ ပြဲကစားခဲ့ျပီး သြင္းဂိုး ၆ ဂိုးထိ သြင္းယူႏုိင္ခဲ့တယ္။ သူဟာ ၄၁ မိနစ္တိုင္းမွာ သြင္းဂိုး ၁ ဂိုးႏႈန္း ရယူႏုိင္ခဲ့တယ္။ ၁၉၉၃ ခုႏွစ္မွာ ေရာ္ဘီေဖာင္လာရဲ႕ လီဗာပူးကစားသမားဘဝ ပထမဆံုး ၁၀ ပြဲအတြင္း သြင္းဂိုး ၇ ဂိုး ရယူထားတာထက္ ပိုသာလြန္တဲ့ တိုက္စစ္သမား မရွိေသးဘဲ ဒီတစ္ၾကိမ္မွာေတာ့ ဂ်ိဳတာက အဆိုပါ မွတ္တမ္းကို ခ်ိဳးဖ်က္ဖြယ္ရွိတယ္။

ဂ်ိဳတာဟာ လီဗာပူး အားကစားဒါရိုက္တာ မိုင္ကယ္အတ္ဝပ္ရဲ႕ ေနာက္ထပ္ ေခၚယူမႈေကာင္းလည္း ျဖစ္လာခဲ့တယ္။ လီဗာပူး အဝတ္လဲခန္းကို သေဘာက်ေစတဲ့ ဂ်ိဳတာနဲ႔ ပက္သက္လို႔ ကေလာ့ပ္ကိုယ္တိုင္က ” ႏွစ္သက္ရလြယ္သူ” လို႔ ကင္ပြန္းတပ္ထားပါတယ္။

ဂ်ိဳတာ အထိုင္က် ျမန္လာျခင္းက လီဗာပူးအဝတ္လဲခန္းနဲ႔ မဲဝုဒ္က ဝန္ထမ္းေတြရဲ႕ ၾကိဳးစား ကူညီေပးမႈက အဓိကက်တယ္လို႔ The Athletic ရဲ႕ ေဖာ္ျပမႈအရ သိရတယ္။ ဂ်ိဳတာ လီဗာပူးကို ေျပာင္းမယ္ဆိုတာ ေသခ်ာျပီးေနာက္ သူမဲဝုဒ္ကို ေရာက္မလာခင္မွာပဲ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က တိုက္စစ္သမားကို ” ဘာအကူအညီလိုလို ငါ့ကိုေျပာပါ၊ ဒီမွာ မင္းအတြက္ ကူညီေပးဖို႔ ငါရွိပါတယ္ ” လို႔ မက္ေဆ့ ပို႔ခဲ့တယ္။

မဲဝုဒ္က ဝန္ထမ္းေတြကလည္း ဂ်ိဳတာ အဆင္ေျပဖို႔ အစစ အရာရာ ကူညီေပးေနၾကတယ္။ ဂ်ိဳတာရဲ႕ ဇနီးဟာ ရင္ေသြးလြယ္ထားရျပီး သားေယာက္က်ားေလး ျဖစ္မယ္လို႔ သိထားရတယ္။ ဂ်ိဳတာကိုယ္တုိင္က ရင္ေသြးျဖစ္သူဟာ လီဗာပူးျမိဳ႔သား ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း သိရပါတယ္။

လီဗာပူးရဲ႕ အစစ အရာရာ ကူညီေပးမႈက ဂ်ိဳတာ အထိုင္က်ျမန္ဖို႔ တြန္းအားေတြ ျဖစ္လာေစသလို ကစားသမားကလည္း အဝတ္လဲခန္းထဲမွာ နိမ့္ခ်ျပီး သင္ယူမႈေတြကို ခပ္ျမန္ျမန္ လုပ္ႏုိင္စြမ္း ရွိေနပါတယ္။