အတ္တလန်တာကို အနိုင်ရတဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူခဲ့တာကြောင့် ဆာလက်ဟာ ချန်ပီယံလိဂ်မှာ လီဗာပူးအတွက် သွင်းဂိုး ၂၁ ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ လီဗာပူးရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ကြီး စတီဗင်ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး မှတ်တမ်းကို လိုက်မှီခဲ့ခြင်းဖြစ်တယ်။ ဆာလက်ကတော့ အဲ့လို လုပ်နိုင်တာအတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
ဆာလက်က “ အမြင့်ဆုံးကို ရောက်လာတာအတွက် ကျနော် ပျော်ပါတယ်။ စတီဗင်ဂျရတ်ဆိုတာ လီဗာပူးအသင်းရဲ့ ဂန္တဝင်တစ်ဦးပါ။ ဒီစံချိန်က ကျနော် ဂုဏ်ယူရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပြောခဲ့ဖူးသလိုပါပဲ။ အရေးအကြီးဆုံး ကိစ္စကတော့ အသင်းပဲဖြစ်ပါတယ်။ ဒီတော့ ဂိုးတွေသွင်းပြီး ပွဲတွေကို အနိုင်ရအောင် ကူညီပေးရတာကို ပြောပါတယ်။ အဲ့တာကပဲ အရေးကြီးဆုံးကိစ္စ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တယ်။

လီဗာပူးဟာ ချန်ပီယံလိဂ် အုပ်စုအတွင်းမှာတော့ အဖွင့်ပွဲ ၃ ပွဲလုံးကို အနိုင်ကစားပြီး ပေးဂိုး မရှိ အနေအထားအပြင် အုပ်စုဒုတိယနေရာက အသင်းကို ၅ မှတ်ထိ ဖြတ်ထားနိုင်တာပါ။ ဒါကြောင့် ချန်ပီယံလိဂ်မှာတော့ ရံှူးထွက်အဆင့်ကို တက်သွားဖို့ အခြေအနေ ကောင်းနေခဲ့ပါပြီ။

ချန်ပီယံလိဂ်ဆုဖလားကို နောက်တစ်ကြိမ် ကိုင်မြောက်ရေးနဲ့ ပက်သက်လို့ ဆာလက်က “ အဲ့တာက ခက်ခဲပါလိမ့်မယ်။ ကိုယ်အသင်းအပေါ် ဖိအားတွေ တွန်းပို့တာမျိုး ကျနော် မလုပ်ချင်ဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာကော ကျနေ်ာတို့တွေ အကောင်းဆုံး လုပ်ထားနိုင်တယ်လို့ ထင်ပါတယ်။

လီဗာပူးမှာ အသင်းအနေနဲ့ ကျနေ်ာတို့ အရာအားလုံးကို တိုက်ခိုက်မှာဖြစ်ပါတယ်။ ဒါက ကျနေ်ာတို့ အလုပ်ပါ။ အဲ့အတွက်တော့ ဖိအားတွေကို လက်ခံမှာပါ။ ပြိုင်ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစားမှာပါ ပရီးမီးယားလိဂ်မှာကောပေါ့။ အားလုံးကို အနိုင်ရလိုပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အတၱလန္တာကို အႏုိင္ရတဲ့ပြဲမွာ သြင္းဂိုးတစ္ဂိုး ရယူခဲ့တာေၾကာင့္ ဆာလက္ဟာ ခ်န္ပီယံလိဂ္မွာ လီဗာပူးအတြက္ သြင္းဂိုး ၂၁ ဂိုးထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။

ဒါဟာ လီဗာပူးရဲ႕ ဂႏၱဝင္ အသင္းေခါင္းေဆာင္ၾကီး စတီဗင္ဂ်ရတ္ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုး မွတ္တမ္းကို လိုက္မွီခဲ့ျခင္းျဖစ္တယ္။ ဆာလက္ကေတာ့ အဲ့လို လုပ္ႏုိင္တာအတြက္ ဂုဏ္ယူမိတယ္လို႔ ဆိုပါတယ္။
ဆာလက္က “ အျမင့္ဆံုးကို ေရာက္လာတာအတြက္ က်ေနာ္ ေပ်ာ္ပါတယ္။ စတီဗင္ဂ်ရတ္ဆိုတာ လီဗာပူးအသင္းရဲ႕ ဂႏၱဝင္တစ္ဦးပါ။ ဒီစံခ်ိန္က က်ေနာ္ ဂုဏ္ယူရမယ့္ ကိစၥပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ေျပာခ့ဲဖူးသလိုပါပဲ။ အေရးအၾကီးဆံုး ကိစၥကေတာ့ အသင္းပဲျဖစ္ပါတယ္။ ဒီေတာ့ ဂိုးေတြသြင္းျပီး ပြဲေတြကို အႏုိင္ရေအာင္ ကူညီေပးရတာကို ေျပာပါတယ္။ အဲ့တာကပဲ အေရးၾကီးဆံုးကိစၥ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္ အုပ္စုအတြင္းမွာေတာ့ အဖြင့္ပြဲ ၃ ပြဲလံုးကို အႏုိင္ကစားျပီး ေပးဂိုး မရွိ အေနအထားအျပင္ အုပ္စုဒုတိယေနရာက အသင္းကို ၅ မွတ္ထိ ျဖတ္ထားႏုိင္တာပါ။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္မွာေတာ့ ရံွဴးထြက္အဆင့္ကို တက္သြားဖို႔ အေျခအေန ေကာင္းေနခဲ့ပါျပီ။

ခ်န္ပီယံလိဂ္ဆုဖလားကို ေနာက္တစ္ၾကိမ္ ကိုင္ေျမာက္ေရးနဲ႔ ပက္သက္လို႔ ဆာလက္က “ အဲ့တာက ခက္ခဲပါလိမ့္မယ္။ ကိုယ္အသင္းအေပၚ ဖိအားေတြ တြန္းပို႔တာမ်ိဳး က်ေနာ္ မလုပ္ခ်င္ဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာေကာ ခ်န္ပီယံလိဂ္မွာေကာ က်ေန္ာတို႔ေတြ အေကာင္းဆံုး လုပ္ထားႏုိင္တယ္လို႔ ထင္ပါတယ္။

လီဗာပူးမွာ အသင္းအေနနဲ႔ က်ေန္ာတို႔ အရာအားလံုးကို တိုက္ခိုက္မွာျဖစ္ပါတယ္။ ဒါက က်ေန္ာတို႔ အလုပ္ပါ။ အဲ့အတြက္ေတာ့ ဖိအားေတြကို လက္ခံမွာပါ။ ျပိဳင္ပြဲတိုင္းကို အႏုိင္ရေအာင္ ၾကိဳးစားမွာပါ ပရီးမီးယားလိဂ္မွာေကာေပါ့။ အားလံုးကို အႏုိင္ရလိုျပီး လုပ္ႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။