အတ္တလန်တာဟာ ဒီရာသီ လီဗာပူးကို အိမ်ကွင်းမှာ ၅-၀ နဲ့ အရေးနိမ့်ခဲ့သလို မနှစ်တုန်းကလည်း အင်္ဂလန်ကလပ် မန်စီးတီးကို အဝေးကွင်းမှာ ၅-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

အီတလီကလပ်ရဲ့ မန်နေဂျာဖြစ်သူ ဂတ်စပါရီနီက မန်စီးတီးကို အရေးနိမ့်တာနဲ့ လီဗာပူးကို အရေးနိမ့်မှုကြားမှာ ခံစားချက် မတူဘူးလို့ ပြောပါတယ်။ သူ့အသင်းက မနှစ်က မန်စီးတီးကို ရံှူးခဲ့စဉ်ကထက် ပိုကောင်းလာပေမယ့်လည်း လီဗာပူးနဲ့ ကွာခြားချက်ကတော့ သိပ်ကြီးနေတယ်လို့ ဝန်ခံခဲ့တာဖြစ်တယ်။

လီဗာပူး၊ မန်စီးတီးတို့ကို အရေးနိမ့်မှုတွေအတွက် ကွာခြားချက်ကို ဂတ်စပါရီနီက ပြောရာမှာ ” မနှစ်က မန်စီးတီးကိုလည်း ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့တာဆိုတော့ ဒီမေးခွန်းအတွက် သေချာစဉ်းစားဖို့ လိုမယ်။ ဒါပေမယ့် ဒီတစ်ကြိမ်က ခြားနားတယ်လို့ ခံစားရတယ်။ ကျနေ်ာတို့က မန်စီးတီးကို ရံှူးနိမ့်ချိန်ကထက် ပိုတိုးတက်လာနေပြီးမှ လီဗာပူးကို အရေးနိမ့်ခဲ့တာ ဖြစ်လို့ပါပဲ။

ဒီညမှာ ကွာခြားချက်က ကြီးမားပါတယ်။ နည်းစနစ်ပိုင်းအရကော တည်ဆောက်ပုံအရပါ ကျနေ်ာတို့ တိုးတက်လာဖို့ လိုပါတယ်။ ရလဒ် နှစ်ခုနဲ့အတူ ဒီပွဲကို ယှဉ်ပြိုင်ရတာပါ။ လီဗာပူးကို ရင်ဆိုင်ကစားချိန်မှာ ကျနေ်ာတို့ အကောင်းဆုံး လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကွာခြားမှုက ကြီးမာလွန်းလှပြီး လီဗာပူးက ပိုကောင်းလွန်းတာက ရှင်းလွန်းပါတယ်။

ပွဲရဲ့ အရှိန်ကို လိုက်နိုင်ဖို့ ကျနေ်ာတို့ ရုန်းကန်ခဲ့ရတယ်။ နောက်ပွဲတွေကို ကြည့်ကြတာပေါ့။ ကျနေ်ာတို့ အလုပ်လုပ်ဖို့ အချိန်ရှိပါတယ်။ ခံစစ်က ဂိုးတွေပေးရပြီး ကိုယ်ကလည်း ဂိုးပြန် မသွင်းနိုင်ခဲ့ဘူး။ လုံလောက်အောင် မပြေးနိုင်ခဲ့သလို လုံလောက်အောင်လည်း မကောင်းပါဘူး။ ကိစ္စ အားလုံးမှာ အလုပ်ဆက်လုပ်ရမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချန်ပီယံလိဂ် ချန်ပီယံဟောင်းကို ကြောက်ရွံ့နေလို့ အခုလို ရလဒ်ထွက်သလားဆိုတဲ့ အမေးကို သူကပဲ ” လီဗာပူးကို ကြောက်နေမိတာတော့ မဟုတ်ပါဘူး။ ယုံကြည်မှုရှိရှိ ရင်ဆိုင်တာပါပဲ။ သူတို့က ကျနေ်ာတို့ထက် အားကောင်းနေခဲ့တာပါ။ စီးရီးအေမှာ သူတို့လို ပြင်းပြင်းထန်ထန် ကစားတဲ့ ပြိုင်ဘက်နဲ့ မတွေ့သေးတာကြောင့်လည်း ဒီလို ပြိုင်ဘက်ကို ရင်ဆိုင်ရရမှာ သက်ရောက်မှုတွေ ရှိတယ်လို့ ထင်ပါတယ်။

အေဂျက်ကို ပြန်လည် တုန့်ပြန်ပြနိုင်ခဲ့ပေမယ့် လီဗာပူးကို ရင်ဆိုင်ရတာကတော့ ပိုမြင့်တဲ့ နောက်ထပ် လယ်ဗယ်တစ်ခုမှာ ရှိနေပါတယ်။ ” လို့ ဆက်ပြောခဲ့ပါသေးတယ်။

ဒီအပတ် အကုန်မှာတော့ အီသီဟတ်မှာ လီဗာပူးက မန်စီးတီးနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီနောက်ပိုင်းနှစ်တွေမှာ အသာမရထားတဲ့ အဝေးကွင်း မှတ်တမ်းကို ချိုးဖျက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ZAWGYI

အတၱလန္တာဟာ ဒီရာသီ လီဗာပူးကို အိမ္ကြင္းမွာ ၅-၀ နဲ႔ အေရးနိမ့္ခဲ့သလို မႏွစ္တုန္းကလည္း အဂၤလန္ကလပ္ မန္စီးတီးကို အေဝးကြင္းမွာ ၅-၁ ျဖင့္ အေရးနိမ့္ခဲ့ပါတယ္။

အီတလီကလပ္ရဲ႕ မန္ေနဂ်ာျဖစ္သူ ဂတ္စပါရီနီက မန္စီးတီးကို အေရးနိမ့္တာနဲ႔ လီဗာပူးကို အေရးနိမ့္မႈၾကားမွာ ခံစားခ်က္ မတူဘူးလို႔ ေျပာပါတယ္။ သူ႔အသင္းက မႏွစ္က မန္စီးတီးကို ရံွဴးခဲ့စဥ္ကထက္ ပိုေကာင္းလာေပမယ့္လည္း လီဗာပူးနဲ႔ ကြာျခားခ်က္ကေတာ့ သိပ္ၾကီးေနတယ္လို႔ ဝန္ခံခဲ့တာျဖစ္တယ္။

လီဗာပူး၊ မန္စီးတီးတို႔ကို အေရးနိမ့္မႈေတြအတြက္ ကြာျခားခ်က္ကို ဂတ္စပါရီနီက ေျပာရာမွာ ” မႏွစ္က မန္စီးတီးကိုလည္း ဆိုးဆိုးရြားရြား အေရးနိမ့္ခဲ့တာဆိုေတာ့ ဒီေမးခြန္းအတြက္ ေသခ်ာစဥ္းစားဖို႔ လိုမယ္။ ဒါေပမယ့္ ဒီတစ္ၾကိမ္က ျခားနားတယ္လို႔ ခံစားရတယ္။ က်ေန္ာတို႔က မန္စီးတီးကို ရံွဴးနိမ့္ခ်ိန္ကထက္ ပိုတိုးတက္လာေနျပီးမွ လီဗာပူးကို အေရးနိမ့္ခဲ့တာ ျဖစ္လို႔ပါပဲ။

ဒီညမွာ ကြာျခားခ်က္က ၾကီးမားပါတယ္။ နည္းစနစ္ပိုင္းအရေကာ တည္ေဆာက္ပံုအရပါ က်ေန္ာတို႔ တိုးတက္လာဖို႔ လိုပါတယ္။ ရလဒ္ ႏွစ္ခုနဲ႔အတူ ဒီပြဲကို ယွဥ္ျပိဳင္ရတာပါ။ လီဗာပူးကို ရင္ဆိုင္ကစားခ်ိန္မွာ က်ေန္ာတို႔ အေကာင္းဆံုး လုပ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ကြာျခားမႈက ၾကီးမာလြန္းလွျပီး လီဗာပူးက ပိုေကာင္းလြန္းတာက ရွင္းလြန္းပါတယ္။

ပြဲရဲ႕ အရွိန္ကို လိုက္ႏုိင္ဖို႔ က်ေန္ာတို႔ ရုန္းကန္ခဲ့ရတယ္။ ေနာက္ပြဲေတြကို ၾကည့္ၾကတာေပါ့။ က်ေန္ာတို႔ အလုပ္လုပ္ဖို႔ အခ်ိန္ရွိပါတယ္။ ခံစစ္က ဂိုးေတြေပးရျပီး ကိုယ္ကလည္း ဂိုးျပန္ မသြင္းႏုိင္ခဲ့ဘူး။ လံုေလာက္ေအာင္ မေျပးႏုိင္ခဲ့သလို လံုေလာက္ေအာင္လည္း မေကာင္းပါဘူး။ ကိစၥ အားလံုးမွာ အလုပ္ဆက္လုပ္ရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်န္ပီယံလိဂ္ ခ်န္ပီယံေဟာင္းကို ေၾကာက္ရြံ႔ေနလို႔ အခုလို ရလဒ္ထြက္သလားဆိုတဲ့ အေမးကို သူကပဲ ” လီဗာပူးကို ေၾကာက္ေနမိတာေတာ့ မဟုတ္ပါဘူး။ ယံုၾကည္မႈရွိရွိ ရင္ဆိုင္တာပါပဲ။ သူတို႔က က်ေန္ာတို႔ထက္ အားေကာင္းေနခဲ့တာပါ။ စီးရီးေအမွာ သူတို႔လို ျပင္းျပင္းထန္ထန္ ကစားတဲ့ ျပိဳင္ဘက္နဲ႔ မေတြ႔ေသးတာေၾကာင့္လည္း ဒီလို ျပိဳင္ဘက္ကို ရင္ဆုိင္ရရမွာ သက္ေရာက္မႈေတြ ရွိတယ္လို႔ ထင္ပါတယ္။

ေအဂ်က္ကို ျပန္လည္ တုန္႔ျပန္ျပႏုိင္ခဲ့ေပမယ့္ လီဗာပူးကို ရင္ဆိုင္ရတာကေတာ့ ပိုျမင့္တဲ့ ေနာက္ထပ္ လယ္ဗယ္တစ္ခုမွာ ရွိေနပါတယ္။ ” လို႔ ဆက္ေျပာခဲ့ပါေသးတယ္။

ဒီအပတ္ အကုန္မွာေတာ့ အီသီဟတ္မွာ လီဗာပူးက မန္စီးတီးနဲ႔ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဒီေနာက္ပိုင္းႏွစ္ေတြမွာ အသာမရထားတဲ့ အေဝးကြင္း မွတ္တမ္းကို ခ်ိဳးဖ်က္ႏုိင္ဖို႔ ၾကိဳးစားရမွာ ျဖစ္ပါတယ္။