လီဗာပူးအသင်းဟာ မနက်က အတ္တလန်တာကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲချိန် မိနစ် ၆၀ ကျော်အတွင်း လူစားလဲခဲ့ရတဲ့ ဂျိုတာရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုမရှိဘူးလို့ သိရပါတယ်။

ပြိုင်ဘက် ကစားသမားနဲ့ ထိတွေ့မှုဖြစ်ခဲ့ရာက ဂျိုတာက ကွင်းထဲ လဲကျနေခဲ့ပြီး ကုသမှု ခံယူခဲ့ရတယ်။ သိပ်မကြာခင်မှာပဲ ဖာမင်နိုနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်ကက ဂျိုတာ ဒဏ်ရာရကြောင်း စကားမျိုး မပြောခဲ့သလို ပွဲပြီး အင်တာဗျူးတွေမှာ ကစားသမားက သက်သောင့်သက်သာ အနေအထား ရှိနေတာကို မြင်ခဲ့ရတယ်။

ဒီကနေ့မှာတော့ အသင်းဘက်က ဂျိုတာရဲ့ ကြံ့ခိုင်မှုဟာ စိုးရိမ်ရလောက်တဲ့ အနေအထား မဟုတ်ဘူးလို့ ယုံကြည်နေကြောင်း သတင်းတွေ ထွက်လာခဲ့တာဖြစ်တယ်။ လက်ရှိ ခြေစွမ်းအတိုင်းဆိုရင်တော့ မန်စီးတီးနဲ့ပွဲမှာ ဂျိုတာဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာဖွယ် ရှိနေပါတယ်။

ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးပရိသတ်တွေကြား ပြောစရာဖြစ်ခဲ့တာက ဂျိုတာဟာ အဖွင့်ဂိုး ၂ ဂိုး ရယူပြီးနောက်မှာ သွင်းဂိုးတွေအတွက် အောင်ပွဲမခံခဲ့ခြင်းဖြစ်တယ်။ သူဟာ hat-trick ရပြီးနောက်မှာလည်း အသင်းနဲ့အတူ အောင်ပွဲခံခဲ့ပေမယ့် ထူးထူးခြားခြား အောင်ပွဲခံတာမျိုး လုံးဝ မရှိခဲ့ပါဘူး။ ဒါဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ သွင်းဂိုးကို VAR က ပယ်ဖျက်ခဲ့တာကြောင့် ဂိုးရလဒ်ကို မတည်မပြုသ၍ မသေချာဘူးလို့ ယူဆခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ချန်ပီယံလိဂ်ပွဲ မတိုင်ခင် ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်ဟမ်းကို ရင်ဆိုင်တဲ့ပွဲမှာ ဂျိုတာက ရှာကွီရီရဲ့ ဖန်တီးပေးမှုဖြင့် ပွဲကို အနိုင်ရစေတဲ့ သွင်းဂိုး မတိုင်ခင် သွင်းဂိုးတစ်ဂိုး သွင်းခဲ့ပါသေးတယ်။ VAR က အဆိုပါဂိုးဟာ ဖေဘီယန်စကီးနဲ့ မာနေးတို့ ထိခိုက်မိတယ်ဆိုကာ ပယ်ဖျက်ခဲ့တာဖြစ်တယ်။

အဲ့တုန်းက ရှာကွီရီက ” VAR ဝင်လာပြီဆိုရင် ဘယ်တော့မှ မကောင်းတော့ပါဘူး။ အားလုံးက ဂိုးသွင်းခဲ့ပြီဆိုရင် ခံစားချက်အပြည့်နဲ့ ပျော်ရွှင်နေတာပါ။ ဒါပေမယ့်လို့ ဂိုးက ပယ်ဖျက်ခံရတယ်။ အဆုံးထိ ဆက်လက် ယှဉ်ပြိုင်လို့ပဲ နောက်ထပ် ကောင်းမွန်တဲ့ သွင်းဂိုး ရခဲ့တာပါ။ ဒုတိယဂိုးကတော့ စည်းမျဉ်းနဲ့ ကိုက်ညီခဲ့တယ်။ ဒီတော့ ကျနေ်ာတို့ အရမ်းပျော်ခဲ့ပါတယ် ” လို့ ဆိုခဲ့သေးတာဖြစ်တယ်။

ZAWGYI

လီဗာပူးအသင္းဟာ မနက္က အတၱလန္တာကို ၅-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္အတြင္း လူစားလဲခဲ့ရတဲ့ ဂ်ိဳတာရဲ႕ ၾကံ႕ခိုင္မႈအေပၚ စိုးရိမ္မႈမရွိဘူးလို႔ သိရပါတယ္။

ျပိဳင္ဘက္ ကစားသမားနဲ႔ ထိေတြ႔မႈျဖစ္ခဲ့ရာက ဂ်ိဳတာက ကြင္းထဲ လဲက်ေနခဲ့ျပီး ကုသမႈ ခံယူခဲ့ရတယ္။ သိပ္မၾကာခင္မွာပဲ ဖာမင္ႏိုနဲ႔ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။ ပြဲအျပီးမွာ မန္ေနဂ်ာကေလာ့ပ္ကက ဂ်ိဳတာ ဒဏ္ရာရေၾကာင္း စကားမ်ိဳး မေျပာခဲ့သလို ပြဲျပီး အင္တာဗ်ဴးေတြမွာ ကစားသမားက သက္ေသာင့္သက္သာ အေနအထား ရွိေနတာကို ျမင္ခဲ့ရတယ္။

ဒီကေန႔မွာေတာ့ အသင္းဘက္က ဂ်ိဳတာရဲ႕ ၾကံ႕ခိုင္မႈဟာ စိုးရိမ္ရေလာက္တဲ့ အေနအထား မဟုတ္ဘူးလို႔ ယံုၾကည္ေနေၾကာင္း သတင္းေတြ ထြက္လာခ့ဲတာျဖစ္တယ္။ လက္ရွိ ေျခစြမ္းအတိုင္းဆိုရင္ေတာ့ မန္စီးတီးနဲ႔ပြဲမွာ ဂ်ိဳတာဟာ ပြဲထြက္လူစာရင္းကေန ပါဝင္လာဖြယ္ ရွိေနပါတယ္။

ခ်န္ပီယံလိဂ္ပြဲမွာ လီဗာပူးပရိသတ္ေတြၾကား ေျပာစရာျဖစ္ခဲ့တာက ဂ်ိဳတာဟာ အဖြင့္ဂိုး ၂ ဂိုး ရယူျပီးေနာက္မွာ သြင္းဂိုးေတြအတြက္ ေအာင္ပြဲမခံခဲ့ျခင္းျဖစ္တယ္။ သူဟာ hat-trick ရျပီးေနာက္မွာလည္း အသင္းနဲ႔အတူ ေအာင္ပြဲခံခဲ့ေပမယ့္ ထူးထူးျခားျခား ေအာင္ပြဲခံတာမ်ိဳး လံုးဝ မရွိခဲ့ပါဘူး။ ဒါဟာ ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ သြင္းဂိုးကို VAR က ပယ္ဖ်က္ခဲ့တာေၾကာင့္ ဂိုးရလဒ္ကို မတည္မျပဳသ၍ မေသခ်ာဘူးလို႔ ယူဆျခင္းေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

ခ်န္ပီယံလိဂ္ပြဲ မတိုင္ခင္ ပရီးမီးယားလိဂ္ပြဲအျဖစ္ ဝက္ဟမ္းကို ရင္ဆိုင္တဲ့ပြဲမွာ ဂ်ိဳတာက ရွာကီြရီရဲ႕ ဖန္တီးေပးမႈျဖင့္ ပြဲကို အႏုိင္ရေစတဲ့ သြင္းဂိုး မတိုင္ခင္ သြင္းဂိုးတစ္ဂိုး သြင္းခဲ့ပါေသးတယ္။ VAR က အဆိုပါဂိုးဟာ ေဖဘီယန္စကီးနဲ႔ မာေနးတို႔ ထိခုိက္မိတယ္ဆိုကာ ပယ္ဖ်က္ခဲ့တာျဖစ္တယ္။

အဲ့တုန္းက ရွာကီြရီက ” VAR ဝင္လာျပီဆိုရင္ ဘယ္ေတာ့မွ မေကာင္းေတာ့ပါဘူး။ အားလံုးက ဂိုးသြင္းခဲ့ျပီဆိုရင္ ခံစားခ်က္အျပည့္နဲ႔ ေပ်ာ္ရႊင္ေနတာပါ။ ဒါေပမယ့္လို႔ ဂိုးက ပယ္ဖ်က္ခံရတယ္။ အဆံုးထိ ဆက္လက္ ယွဥ္ျပိဳင္လို႔ပဲ ေနာက္ထပ္ ေကာင္းမြန္တဲ့ သြင္းဂိုး ရခဲ့တာပါ။ ဒုတိယဂိုးကေတာ့ စည္းမ်ဥ္းနဲ႔ ကိုက္ညီခဲ့တယ္။ ဒီေတာ့ က်ေန္ာတို႔ အရမ္းေပ်ာ္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့ေသးတာျဖစ္တယ္။