လီဗာပူးအသင်းဟာ မနက်က အတ္တလန်တာကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲချိန် မိနစ် ၆၀ ကျော်အတွင်း လူစားလဲခဲ့ရတဲ့ ဂျိုတာရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုမရှိဘူးလို့ သိရပါတယ်။

အတ္တလန်တာ မန်နေဂျာဖြစ်သူ ဂတ်စပါရီနီက သူ့အသင်းက မနှစ်က မန်စီးတီးကို ရံှူးခဲ့စဉ်ကထက် ပိုကောင်းလာပေမယ့်လည်း လီဗာပူးနဲ့ ကွာခြားချက်ကတော့ သိပ်ကြီးနေတာကြောင့် အရေးနိမ့်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

မန်စီးတီးပွဲနဲ့ ပက်သက်လို့ ဂျိုတာရဲ့ ကတိပေး ပြောစကားက ” စီးတီးနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲမှာ ကျနေ်ာတို့ clean sheet ရမယ်ဆိုရင် ပွဲကို အနိုင်ရမယ်ဆိုတာ သေချာ ပြောရဲပါတယ် ” လို့ ဖြစ်ပါတယ်။

ဆာလက်ဟာ ချန်ပီယံလိဂ်မှာ လီဗာပူးအတွက် သွင်းဂိုး ၂၁ ဂိုးထိ ရှိလာခဲ့ပြီဖြစ်ကာ လီဗာပူးရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ကြီး စတီဗင်ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး မှတ်တမ်းကို လိုက်မှီခဲ့ပြီ ဖြစ်ပါတယ်။ ဆာလက်ကတော့ ဂန္တဝင်ကြီးရဲ့ စံချိန်ကို လိုက်မှီခဲ့တာကို ဂုဏ်ယူတယ်လို့ ဖွင့်ဟခဲ့တယ်။

ကလော့ပ်က လီဗာပူးတိုက်စစ်သမားတွေကို ခွဲခြား ပြောဆိုနေမှုတွေအား မနှစ်သက်ဘဲ အတ္တလန်တာနဲ့ပွဲမှာ ဖာမင်နိုကို မထည့်ဘဲ ဂျိုတာကို ထည့်ခဲ့တာက ပေါ်တူဂီသားဟာ ပုံစံကောင်းမှာ ရှိနေတာကြောင့်လို့ တုန့်ပြန်ပါတယ်။

အတ္တလန်တာပွဲမှာ ကမ္ဘာအဆင့် ကာကွယ်မှု ၃ ကြိမ်တိုင် လုပ်ခဲ့တဲ့ အယ်လီဆန်နဲ့ ခံစစ်မှာ အကောင်းဆုံး ကစားခဲ့တဲ့ ရိုင်းစ်တို့ကို မန်နေဂျာကလော့ပ်က ချီးကျူးစကားတွေ ပြောဆိုသွားပါတယ်။

ဒီရာသီမှာ ချန်ပီယံလိဂ်ဆုဖလားကို နောက်တစ်ကြိမ် ကိုင်မြောက်နိုင်ဖို့ ရည်မှန်းထားလားဆိုတဲ့ အမေးကို ဆာလက်က “ အဲ့တာက ခက်ခဲပါလိမ့်မယ်။ ကိုယ်အသင်းအပေါ် ဖိအားတွေ တွန်းပို့တာမျိုး ကျနော် မလုပ်ချင်ဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာကော ကျနေ်ာတို့တွေ အကောင်းဆုံး လုပ်ထားနိုင်တယ်လို့ ထင်ပါတယ်။ ” လို့ ဖြေဆိုခဲ့တယ်။

ဂျိုတာ လီဗာပူးနဲ့ ပူးပေါင်းဖို့ မဲဝုဒ်ကို ရောက်မလာခင်မှာတင် အသင်းခေါင်းဆောင် ဟန်ဒါဆန်က တိုက်စစ်သမားကို ” ဘာအကူအညီလိုလို ငါ့ကိုပြောပါ၊ ဒီမှာ မင်းအတွက် ကူညီပေးဖို့ ငါရှိပါတယ် ” လို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ မက်ဆေ့ ပို့ခဲ့ပါတယ်။

အတ္တလန်တာနဲ့ပွဲမှာ ပြသခဲ့တဲ့ လီဗာပူးတိုက်စစ်သမားတွေရဲ့ ပုံစံကောင်းအရ သူတို့ကို ဘယ်လို နည်းစနစ်ကမှ ရပ်တန့်နိုင်စရာ မရှိဘူးလို့ မှတ်ချက်ပေးခဲ့တယ်။

ZAWGYI

လီဗာပူးအသင္းဟာ မနက္က အတၱလန္တာကို ၅-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္အတြင္း လူစားလဲခဲ့ရတဲ့ ဂ်ိဳတာရဲ႕ ၾကံ႕ခိုင္မႈအေပၚ စိုးရိမ္မႈမရွိဘူးလို႔ သိရပါတယ္။

အတၱလန္တာ မန္ေနဂ်ာျဖစ္သူ ဂတ္စပါရီနီက သူ႔အသင္းက မႏွစ္က မန္စီးတီးကို ရံွဴးခဲ့စဥ္ကထက္ ပိုေကာင္းလာေပမယ့္လည္း လီဗာပူးနဲ႔ ကြာျခားခ်က္ကေတာ့ သိပ္ၾကီးေနတာေၾကာင့္ အေရးနိမ့္ခဲ့ပါတယ္လို႔ ဝန္ခံခဲ့ပါတယ္။

မန္စီးတီးပြဲနဲ႔ ပက္သက္လို႔ ဂ်ိဳတာရဲ႕ ကတိေပး ေျပာစကားက ” စီးတီးနဲ႔ ရင္ဆိုင္ကစားရမယ့္ ပြဲမွာ က်ေန္ာတို႔ clean sheet ရမယ္ဆိုရင္ ပြဲကို အႏုိင္ရမယ္ဆိုတာ ေသခ်ာ ေျပာရဲပါတယ္ ” လို႔ ျဖစ္ပါတယ္။

ဆာလက္ဟာ ခ်န္ပီယံလိဂ္မွာ လီဗာပူးအတြက္ သြင္းဂိုး ၂၁ ဂိုးထိ ရွိလာခဲ့ျပီျဖစ္ကာ လီဗာပူးရဲ႕ ဂႏၱဝင္ အသင္းေခါင္းေဆာင္ၾကီး စတီဗင္ဂ်ရတ္ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုး မွတ္တမ္းကို လိုက္မွီခဲ့ျပီ ျဖစ္ပါတယ္။ ဆာလက္ကေတာ့ ဂႏၱဝင္ၾကီးရဲ႕ စံခ်ိန္ကို လိုက္မွီခဲ့တာကို ဂုဏ္ယူတယ္လို႔ ဖြင့္ဟခဲ့တယ္။

ကေလာ့ပ္က လီဗာပူးတိုက္စစ္သမားေတြကို ခြဲျခား ေျပာဆိုေနမႈေတြအား မႏွစ္သက္ဘဲ အတၱလန္တာနဲ႔ပြဲမွာ ဖာမင္ႏိုကို မထည့္ဘဲ ဂ်ိဳတာကို ထည့္ခဲ့တာက ေပၚတူဂီသားဟာ ပံုစံေကာင္းမွာ ရွိေနတာေၾကာင့္လို႔ တုန္႔ျပန္ပါတယ္။

အတၱလန္တာပြဲမွာ ကမၻာအဆင့္ ကာကြယ္မႈ ၃ ၾကိမ္တိုင္ လုပ္ခဲ့တဲ့ အယ္လီဆန္နဲ႔ ခံစစ္မွာ အေကာင္းဆံုး ကစားခဲ့တဲ့ ရိုင္းစ္တို႔ကို မန္ေနဂ်ာကေလာ့ပ္က ခ်ီးက်ဴးစကားေတြ ေျပာဆိုသြားပါတယ္။

ဒီရာသီမွာ ခ်န္ပီယံလိဂ္ဆုဖလားကို ေနာက္တစ္ၾကိမ္ ကိုင္ေျမာက္ႏုိင္ဖို႔ ရည္မွန္းထားလားဆိုတဲ့ အေမးကို ဆာလက္က “ အဲ့တာက ခက္ခဲပါလိမ့္မယ္။ ကိုယ္အသင္းအေပၚ ဖိအားေတြ တြန္းပို႔တာမ်ိဳး က်ေနာ္ မလုပ္ခ်င္ဘူး။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာေကာ ခ်န္ပီယံလိဂ္မွာေကာ က်ေန္ာတို႔ေတြ အေကာင္းဆံုး လုပ္ထားႏုိင္တယ္လို႔ ထင္ပါတယ္။ ” လို႔ ေျဖဆိုခဲ့တယ္။

ဂ်ိဳတာ လီဗာပူးနဲ႔ ပူးေပါင္းဖို႔ မဲဝုဒ္ကို ေရာက္မလာခင္မွာတင္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က တိုက္စစ္သမားကို ” ဘာအကူအညီလိုလို ငါ့ကိုေျပာပါ၊ ဒီမွာ မင္းအတြက္ ကူညီေပးဖို႔ ငါရွိပါတယ္ ” လို႔ ပုဂၢိဳလ္ေရးဆိုင္ရာ မက္ေဆ့ ပို႔ခဲ့ပါတယ္။

အတၱလန္တာနဲ႔ပြဲမွာ ျပသခဲ့တဲ့ လီဗာပူးတိုက္စစ္သမားေတြရဲ႕ ပံုစံေကာင္းအရ သူတို႔ကို ဘယ္လို နည္းစနစ္ကမွ ရပ္တန္႔ႏုိင္စရာ မရွိဘူးလို႔ မွတ္ခ်က္ေပးခဲ့တယ္။