၂၀၁၅ ခုနှစ်မှာ လီဗာပူးအသင်းကို ကြားဖြတ်တာဝန်ယူလာတဲ့ ယာဂင်ကလော့ပ်ဟာ အဆိုပါ ဘောလုံးရာသီ အကုန်မှာတော့ လီဗာပူးကို လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့ရဲ့ ဗိုလ်လုပွဲအဆင့်တွေကို ပို့ဆောင်ပေးခဲ့သူပါ။

ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင်မှာတော့ ထိုစဉ်က အရေးကြီး ကစားသမားတစ်ဦးဖြစ်တဲ့ ဆာခိုကို ကမ္ဘာမူးယစ်ဆန့်ကျင်ရေး အေဂျင်စီ WADA က တားမြစ်ဆေးဝါး သုံးစွဲခြင်းအတွက် အရေးယူဖို့ ဆုံးဖြတ်ရာက ပြင်သစ်သားဟာ ဗိုလ်လုပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

ဆာခိုဟာ အဆီချဆေးတစ်မျိုးကို သုံးစွဲခဲ့ပြီး အဆိုပါ ဆေးဟာ တားမြစ်ဆေးဝါးထဲမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာဖြစ်တယ်။ ပြစ်ဒဏ်အတွက် ဥရောပပြိုင်ပွဲတွေကနေ ရက်ပေါင်း ၃၀ ဘမ်းခံခဲ့ရတယ်။ သူဟာ လီဗာပူးရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲနဲ့ ပြင်သစ်ရဲ့ ယူရို ပြိုင်ပွဲတွေကို လွဲချော်ခဲ့ရပါတယ်။

ယာဂင်ကလော့ပ်လက်ထက် ပထမဆုံးသော ဥရောပ ဗိုလ်လုပွဲဖြစ်တဲ့ ဆီးဗီးလာနဲ့ ယူရိုပါလိဂ်ပွဲကိုတော့ ဆာခို မပါခဲ့ရသလို အသင်းကလည်း အရေးနိမ့်ခဲ့တယ်။ လီဗာပူးအတွက် ယူရိုပါလိဂ်သမိုင်းမှာ အအောင်မြင်ဆုံး ကလပ်ဆိုတဲ့ ဂုဏ်ကို ရဖို့အပြင်၊ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရံှူးခဲ့ရခြင်း ဖြစ်ပါတယ်။

အဆိုပါ ယူရိုပါလိဂ်ဟာ အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို အနိုင်ယူပြတဲ့ပွဲ၊ အန်ဖီးမှာ ဒေါ့မွန်ကို အံ့မခန်း come-back လုပ်ပြခဲ့တဲ့ပွဲ၊ ခြေသိပ်တက်နေတဲ့ ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ပွဲတွေနဲ့အတူ သိပ်ကောင်းခဲ့ပေမယ့် ချန်ပီယံမဖြစ်ခဲ့တာကြောင့် နှမျောစရာ ဘောလုံးရာသီကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၆ ယူရိုပါလိဂ် ဗိုလ်လုပွဲနဲ့ ၂၀၁၆ ရာသီကြို ပြင်ဆင်မှုဟာ ဆာခိုကို လီဗာပူးကစားသမားဘဝ အဆုံးသတ်စေခဲ့တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ခဲ့ပါတယ်။ တချိန်က ပရိသတ် အချစ်တော် ကစားသမားဟာ လီဗာပူးဆေးအဖွဲ့ကို အသိမပေးဘဲ ဝိတ်ချဆေး စားသုံးကာ ဗိုလ်လုပွဲကို လွဲချော်စေမှု၊ ရာသီကြိုမှာ စည်းကမ်းဖောက်မှုတွေကြောင့် အသင်းက ရောင်းထုတ်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့်လို့ နောက်ပိုင်းမှာ ယူအီးအက်ဖ်အေက အဆိုပါဆေးက တားမြစ်ဆေး မဟုတ်ကြောင်း ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့်လို့ WADA ထံက တရားဝင် တောင်းပန်စာကိုတော့ အဆိုပါဖြစ်ရပ်အပြီး သုံးနှစ်အကြာ မနေ့ကပဲ ဆာခိုကို ပေးပို့ခဲ့ကာ မှားယွင်းခဲ့တဲ့ ဖြစ်ရပ်အတွက် တရားဝင် တောင်းပန်ပါတယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

၂၀၁၅ ခုႏွစ္မွာ လီဗာပူးအသင္းကို ၾကားျဖတ္တာဝန္ယူလာတဲ့ ယာဂင္ကေလာ့ပ္ဟာ အဆိုပါ ေဘာလံုးရာသီ အကုန္မွာေတာ့ လီဗာပူးကို လိဂ္ဖလားနဲ႔ ယူရိုပါလိဂ္တို႔ရဲ႕ ဗိုလ္လုပြဲအဆင့္ေတြကို ပို႔ေဆာင္ေပးခဲ့သူပါ။

ယူရိုပါလိဂ္ ဗိုလ္လုပြဲ မတိုင္ခင္မွာေတာ့ ထိုစဥ္က အေရးၾကီး ကစားသမားတစ္ဦးျဖစ္တဲ့ ဆာခိုကို ကမၻာမူးယစ္ဆန္႔က်င္ေရး ေအဂ်င္စီ WADA က တားျမစ္ေဆးဝါး သံုးစြဲျခင္းအတြက္ အေရးယူဖို႔ ဆံုးျဖတ္ရာက ျပင္သစ္သားဟာ ဗိုလ္လုပြဲမွာ ပါဝင္ယွဥ္ျပိဳင္ခြင့္ မရခဲ့ပါဘူး။

ဆာခိုဟာ အဆီခ်ေဆးတစ္မ်ိဳးကို သံုးစြဲခဲ့ျပီး အဆိုပါ ေဆးဟာ တားျမစ္ေဆးဝါးထဲမွာ ပါဝင္တယ္ဆိုျပီး စြပ္စြဲခံခဲ့ရတာျဖစ္တယ္။ ျပစ္ဒဏ္အတြက္ ဥေရာပျပိဳင္ပြဲေတြကေန ရက္ေပါင္း ၃၀ ဘမ္းခံခဲ့ရတယ္။ သူဟာ လီဗာပူးရဲ႕ ယူရိုပါလိဂ္ ဗိုလ္လုပြဲနဲ႔ ျပင္သစ္ရဲ႕ ယူရို ျပိဳင္ပြဲေတြကို လြဲေခ်ာ္ခဲ့ရပါတယ္။

ယာဂင္ကေလာ့ပ္လက္ထက္ ပထမဆံုးေသာ ဥေရာပ ဗိုလ္လုပြဲျဖစ္တဲ့ ဆီးဗီးလာနဲ႔ ယူရိုပါလိဂ္ပြဲကိုေတာ့ ဆာခို မပါခဲ့ရသလို အသင္းကလည္း အေရးနိမ့္ခဲ့တယ္။ လီဗာပူးအတြက္ ယူရိုပါလိဂ္သမိုင္းမွာ အေအာင္ျမင္ဆံုး ကလပ္ဆိုတဲ့ ဂုဏ္ကို ရဖို႔အျပင္၊ ေနာက္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ ဆံုးရံွဴးခဲ့ရျခင္း ျဖစ္ပါတယ္။

အဆိုပါ ယူရိုပါလိဂ္ဟာ အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္ကို အႏုိင္ယူျပတဲ့ပြဲ၊ အန္ဖီးမွာ ေဒါ့မြန္ကို အံ့မခန္း come-back လုပ္ျပခဲ့တဲ့ပြဲ၊ ေျခသိပ္တက္ေနတဲ့ ဗီလာရီးရဲလ္ကို အိမ္ကြင္းမွာ ဂိုးျပတ္ အႏုိင္ယူခဲ့တဲ့ ပြဲေတြနဲ႔အတူ သိပ္ေကာင္းခဲ့ေပမယ့္ ခ်န္ပီယံမျဖစ္ခဲ့တာေၾကာင့္ ႏွေမ်ာစရာ ေဘာလံုးရာသီေကာင္း တစ္ခုလည္း ျဖစ္ပါတယ္။

၂၀၁၆ ယူရိုပါလိဂ္ ဗိုလ္လုပြဲနဲ႔ ၂၀၁၆ ရာသီၾကိဳ ျပင္ဆင္မႈဟာ ဆာခိုကို လီဗာပူးကစားသမားဘဝ အဆံုးသတ္ေစခဲ့တဲ့ ျဖစ္ရပ္ေတြလည္း ျဖစ္ခဲ့ပါတယ္။ တခ်ိန္က ပရိသတ္ အခ်စ္ေတာ္ ကစားသမားဟာ လီဗာပူးေဆးအဖြဲ႔ကို အသိမေပးဘဲ ဝိတ္ခ်ေဆး စားသံုးကာ ဗိုလ္လုပြဲကို လြဲေခ်ာ္ေစမႈ၊ ရာသီၾကိဳမွာ စည္းကမ္းေဖာက္မႈေတြေၾကာင့္ အသင္းက ေရာင္းထုတ္ျခင္း ခံခဲ့ရပါတယ္။

ဒါေပမယ့္လို႔ ေနာက္ပိုင္းမွာ ယူအီးအက္ဖ္ေအက အဆိုပါေဆးက တားျမစ္ေဆး မဟုတ္ေၾကာင္း ထုတ္ျပန္ခဲ့တယ္။ ဒါေပမယ့္လို႔ WADA ထံက တရားဝင္ ေတာင္းပန္စာကိုေတာ့ အဆိုပါျဖစ္ရပ္အျပီး သံုးႏွစ္အၾကာ မေန႔ကပဲ ဆာခိုကို ေပးပို႔ခဲ့ကာ မွားယြင္းခဲ့တဲ့ ျဖစ္ရပ္အတြက္ တရားဝင္ ေတာင္းပန္ပါတယ္လို႔ ဝန္ခံခဲ့တာ ျဖစ္ပါတယ္။