မနက်က ယှဉ်ပြိုင်ကစားတဲ့ တူရကီကလပ် အစ္စတန်ဘူလ် ဘက်ရှီးယားနဲ့ ယူနိုက်တက်တို့ပွဲမှာ ဘက်ရှီးယားက ၂-၁ နဲ့ အနိုင်ရသွားပါတယ်။

ဘက်ရှီးယားမှာတော့ လီဗာပူးကစားသမားဟောင်း စကာတယ် ကစားနေတာဖြစ်ပြီး သူက ပွဲမတိုင်ခင်မှာတည်းက လီဗာပူးပရိသတ် အနေနဲ့ ယူနိုက်တက်ကို အနိုင်ကစားရရင် သိပ်ချိုမြိန်မယ့် ကိစ္စပါလို့ ထုတ်ပြောထားခဲ့တယ်။

စကာတယ်က” ကျနော်က လီဗာပူးနဲ့ သမိုင်းတစ်ခု ရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ လီဗာပူးနဲ့ ယူနိုက်တက်ကြား ပြိုင်ဆိုင်မှုကို အားလုံးလည်း သိကြမှာပါ။ ဒီအခြေအနေမှာ ကျနော်က အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းရဲ့ ကစားသမားဖြစ်ပါတယ်။ ကျနော် အသင်းကို ကူညီဖို့အတွက် အစွမ်းကုန် ကြိုးစားမှာဖြစ်ပါတယ်။

လီဗာပူးပရိသတ် တစ်ဦးအနေနဲ့ ယူနိုက်တက်ကို အနိုင်ယူရတာက ကျနော်အတွက် သိပ်ကောင်းတဲ့ကိစ္စ ဖြစ်ပါလိမ့်မယ်။ ဘက်ရှီးယားအတွက် အကူအညီဖြစ်ဖို့ ကျနော် အားကုန်ထုတ် ကြိုးစားမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကတိစကားအတိုင်းပဲ စကာတယ်ဟာ ပွဲထဲမှာ အတော်လေး ခြေစွမ်းကောင်းခဲ့ပြီး ပထမပိုင်းမှာ ဘောလုံး ရှင်းထုတ်မှု အများဆုံး ကစားသမားဖြစ်ခဲ့တယ်။ မည့်သည့် ယူနိုက်တက် ကစားသမားကမှလည်း သူ့ကို လှိမ်ခေါက်ကျော်ဖြတ်သွားနိုင်စွမ်း မရှိခဲ့ကြပါဘူး။

အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ စကာတယ်ဟာ လီဗာပူးအတွက် ၈ နှစ်ကာလအတွင်း ပွဲပေါင်း ၂၄၀ ထိ ကစားပေးခဲ့သူဖြစ်ပြီး သူဟာ တစ်ချိန်က ဂိုးသမားရေနာ၊ ခံစစ်မှူး အဂ္ဂါတို့နဲ့အတူ ပရီးမီးယားလိဂ် အကောင်းဆုံး ခံစစ်ကြောင်းစာရင်းထဲ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းအတွက် လီဗာပူးပရိသတ်တွေက စကာတယ်ကို ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ပြီး တစ်ခါနီပြီးရင် ငါတို့ အမြဲနီတယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ တူရကီကလပ္ အစၥတန္ဘူလ္ ဘက္ရွီးယားနဲ႔ ယူႏုိက္တက္တို႔ပြဲမွာ ဘက္ရွီးယားက ၂-၁ နဲ႔ အႏုိင္ရသြားပါတယ္။

ဘက္ရွီးယားမွာေတာ့ လီဗာပူးကစားသမားေဟာင္း စကာတယ္ ကစားေနတာျဖစ္ျပီး သူက ပြဲမတိုင္ခင္မွာတည္းက လီဗာပူးပရိသတ္ အေနနဲ႔ ယူႏုိက္တက္ကို အႏုိင္ကစားရရင္ သိပ္ခ်ိဳျမိန္မယ့္ ကိစၥပါလို႔ ထုတ္ေျပာထားခဲ့တယ္။

စကာတယ္က” က်ေနာ္က လီဗာပူးနဲ႔ သမိုင္းတစ္ခု ရွိခဲ့တဲ့ ကစားသမားတစ္ေယာက္ပါ။ လီဗာပူးနဲ႔ ယူႏုိက္တက္ၾကား ျပိဳင္ဆုိင္မႈကို အားလံုးလည္း သိၾကမွာပါ။ ဒီအေျခအေနမွာ က်ေနာ္က အစၥတန္ဘူလ္ ဘက္ရွီးယား အသင္းရဲ႕ ကစားသမားျဖစ္ပါတယ္။ က်ေနာ္ အသင္းကို ကူညီဖို႔အတြက္ အစြမ္းကုန္ ၾကိဳးစားမွာျဖစ္ပါတယ္။

လီဗာပူးပရိသတ္ တစ္ဦးအေနနဲ႔ ယူႏုိက္တက္ကို အႏုိင္ယူရတာက က်ေနာ္အတြက္ သိပ္ေကာင္းတဲ့ကိစၥ ျဖစ္ပါလိမ့္မယ္။ ဘက္ရွီးယားအတြက္ အကူအညီျဖစ္ဖို႔ က်ေနာ္ အားကုန္ထုတ္ ၾကိဳးစားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကတိစကားအတုိင္းပဲ စကာတယ္ဟာ ပြဲထဲမွာ အေတာ္ေလး ေျခစြမ္းေကာင္းခဲ့ျပီး ပထမပိုင္းမွာ ေဘာလံုး ရွင္းထုတ္မႈ အမ်ားဆံုး ကစားသမားျဖစ္ခဲ့တယ္။ မည့္သည့္ ယူႏိုက္တက္ ကစားသမားကမွလည္း သူ႔ကို လွိမ္ေခါက္ေက်ာ္ျဖတ္သြားႏုိင္စြမ္း မရွိခဲ့ၾကပါဘူး။

အသက္ ၃၅ ႏွစ္အရြယ္ ရွိျပီျဖစ္တဲ့ စကာတယ္ဟာ လီဗာပူးအတြက္ ၈ ႏွစ္ကာလအတြင္း ပြဲေပါင္း ၂၄၀ ထိ ကစားေပးခဲ့သူျဖစ္ျပီး သူဟာ တစ္ခ်ိန္က ဂိုးသမားေရနာ၊ ခံစစ္မွဴး အဂၢါတို႔နဲ႔အတူ ပရီးမီးယားလိဂ္ အေကာင္းဆံုး ခံစစ္ေၾကာင္းစာရင္းထဲ ပါဝင္ခဲ့သူျဖစ္ပါတယ္။

ယူႏုိက္တက္ပြဲမွာ ျပသခဲ့တဲ့ သူ႔ရဲ႕ ေျခစြမ္းအတြက္ လီဗာပူးပရိသတ္ေတြက စကာတယ္ကို ဂုဏ္ျပဳမႈေတြ ျပဳလုပ္ခဲ့ျပီး တစ္ခါနီျပီးရင္ ငါတို႔ အျမဲနီတယ္လို႔ ေၾကြးေၾကာ္ခဲ့ပါတယ္။