လီဗာပူးဂိုးသမား အယ်လီဆန်က အသင်းရဲ့ လူစာရင်းကို ပါဝင်အားဖြည့်နေပြီး အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ လူငယ်နှစ်ဦးကို ချီးကျူးမှု လုပ်သွားပါတယ်။

လီဗာပူးအသင်းဟာ ဗန်ဒိုက် မပါဘဲ ယှဉ်ပြိုင်လာခဲ့တာ ၅ ပွဲ ရှိလာခဲ့ပါပြီ။ အဓိက ဗဟိုခံစစ်သမား မပါဝင်နိုင်ချိန်မှာ ခံစစ်ကစားပုံက ကျစ်လစ်မှုပိုင်း လိုအပ်ချက်ရှိပေမယ့် အသင်းလိုက် ကစားဟန်နဲ့အတူ အဆိုပါနေရာကို အစားထိုးဖို့ ကြိုးစားနေပြီး အခုချိန်ထိ အလုပ်ဖြစ်နေဆဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ နက်ဖီးလစ်က ပါဝင်ခွင့်ရလာကာ ချန်ပီယံလိဂ်မှာတော့ လူငယ်လေး ရိုင်းစ်က ပါဝင်လာရတာဖြစ်တယ်။ သူတို့နှစ်ဦးဟာ ခံစစ်မှာ ဂိုးမက်စ်နဲ့အတူ တွဲဘက် ကစားလာနေကြတာ ဖြစ်ပါတယ်။

အယ်လီဆန်က “ ရိုင်းစ်က သိပ်ကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ။ သူက ကျနော်ကို သူနဲ့ စကားပြောပေးဖို့ အမြဲတမ်း တောင်းဆိုလေ့ရှိတယ်။ ကွင်းထဲမှာလည်း သူ့ကို ညွှန်ပြမှုတွေ အမြဲ လုပ်ပေးရတယ်။ သူက ရိုးသား နိမ့်ချတတ်သူဖြစ်ပါတယ်။ ကြိုးလည်း ကြိုးစားပြီး ဒါက အသင်းအတွက် အများကြီး အကူအညီဖြစ်ပါတယ်။

စနေနေ့က ပရီးမီးယားလိဂ် ပွဲထွက်မှုအဖြစ် ဝက်ဟမ်းနဲ့ပွဲမှာ ပါဝင်ခွင့်ရခဲ့တယ်။ ပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ထိ နက် ဖီးလစ် ကြိုးစားနိုင်ခဲ့တာကိုလည်း ကျနော် ပျော်ရွှင်မိပါတယ်။ သူက စိတ်ပိုင်းဖြတ်မှုတွေနဲ့ ပြင်ဆင်ထားတာပါ။ ဒါပေမယ့် သူကိုယ်တိုင်လည်း ရလာတဲ့ အခွင့်အရေးကို မစောင့်နိုင်လောက်အောင် ဖြစ်နေခဲ့ပါတယ်။

နက်က အခွင့်အရေးတွေကို သူ့လက် နှစ်ဘက်လုံးနဲ့ ဖမ်းဆုပ်ထားခဲ့သလို တကယ်ကိုလည်း ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့တယ်။ သူ့အတွက် ကျနော် ပျော်ပါတယ်။ ကျနေ်ာတို့ရှေ့မှာ ရှိနေတဲ့ ကစားသမားတွေ အားလုံးနဲ့ ပက်သက်ပြီးလည်း အသင်းအတွက် ပျော်မိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂိုးသမား အယ္လီဆန္က အသင္းရဲ႕ လူစာရင္းကို ပါဝင္အားျဖည့္ေနျပီး အေကာင္းဆံုး စြမ္းေဆာင္ေပးေနတဲ့ လူငယ္ႏွစ္ဦးကို ခ်ီးက်ဴးမႈ လုပ္သြားပါတယ္။

လီဗာပူးအသင္းဟာ ဗန္ဒိုက္ မပါဘဲ ယွဥ္ျပိဳင္လာခဲ့တာ ၅ ပြဲ ရွိလာခဲ့ပါျပီ။ အဓိက ဗဟိုခံစစ္သမား မပါဝင္ႏုိင္ခ်ိန္မွာ ခံစစ္ကစားပံုက က်စ္လစ္မႈပိုင္း လိုအပ္ခ်က္ရွိေပမယ့္ အသင္းလိုက္ ကစားဟန္နဲ႔အတူ အဆိုပါေနရာကို အစားထိုးဖို႔ ၾကိဳးစားေနျပီး အခုခ်ိန္ထိ အလုပ္ျဖစ္ေနဆဲ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ နက္ဖီးလစ္က ပါဝင္ခြင့္ရလာကာ ခ်န္ပီယံလိဂ္မွာေတာ့ လူငယ္ေလး ရိုင္းစ္က ပါဝင္လာရတာျဖစ္တယ္။ သူတို႔ႏွစ္ဦးဟာ ခံစစ္မွာ ဂိုးမက္စ္နဲ႔အတူ တြဲဘက္ ကစားလာေနၾကတာ ျဖစ္ပါတယ္။

အယ္လီဆန္က “ ရိုင္းစ္က သိပ္ေကာင္းတဲ့ ေကာင္ေလးတစ္ေယာက္ပါ။ သူက က်ေနာ္ကို သူနဲ႔ စကားေျပာေပးဖို႔ အျမဲတမ္း ေတာင္းဆိုေလ့ရွိတယ္။ ကြင္းထဲမွာလည္း သူ႔ကို ညႊန္ျပမႈေတြ အျမဲ လုပ္ေပးရတယ္။ သူက ရိုးသား နိမ့္ခ်တတ္သူျဖစ္ပါတယ္။ ၾကိဳးလည္း ၾကိဳးစားျပီး ဒါက အသင္းအတြက္ အမ်ားၾကီး အကူအညီျဖစ္ပါတယ္။

စေနေန႔က ပရီးမီးယားလိဂ္ ပြဲထြက္မႈအျဖစ္ ဝက္ဟမ္းနဲ႔ပြဲမွာ ပါဝင္ခြင့္ရခဲ့တယ္။ ပြဲရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္တဲ့ထိ နက္ ဖီးလစ္ ၾကိဳးစားႏုိင္ခဲ့တာကိုလည္း က်ေနာ္ ေပ်ာ္ရႊင္မိပါတယ္။ သူက စိတ္ပိုင္းျဖတ္မႈေတြနဲ႔ ျပင္ဆင္ထားတာပါ။ ဒါေပမယ့္ သူကိုယ္တိုင္လည္း ရလာတဲ့ အခြင့္အေရးကို မေစာင့္ႏုိင္ေလာက္ေအာင္ ျဖစ္ေနခဲ့ပါတယ္။

နက္က အခြင့္အေရးေတြကို သူ႔လက္ ႏွစ္ဘက္လံုးနဲ႔ ဖမ္းဆုပ္ထားခဲ့သလို တကယ္ကိုလည္း ေကာင္းေကာင္းမြန္မြန္ ကစားႏုိင္ခဲ့တယ္။ သူ႔အတြက္ က်ေနာ္ ေပ်ာ္ပါတယ္။ က်ေန္ာတို႔ေရွ႔မွာ ရွိေနတဲ့ ကစားသမားေတြ အားလံုးနဲ႔ ပက္သက္ျပီးလည္း အသင္းအတြက္ ေပ်ာ္မိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။